Friday 19 October 2012

နဲသမိန် စံပြကျေးရွာ ပညာရေး ၀န်ထမ်းများ မတရား လုပ်ဆောင်နေ


myanschoolရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန် စံပြကျေးရွာ၊ အထက (ခွဲ)
စာသင်ကျောင်းရှိ ပညာရေး ၀န်ထမ်း များဖြစ်သော အတန်းပိုင် ဆရာမများသည် ကျောင်းသား နှင့် ကျောင်းသား

မိဘ၊ အုပ်ထိန်းသူများအား မတရား လုပ်ဆောင်နေမှု့များမှာ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါသည်။

၁။ ကျောင်းသားများအား အတန်းတိုင်း ကျောင်းတွင် ကောင်းစွာ စာသင်ကြားမှု့ မရှိဘဲ မသင်မနေရ
သူငယ်တန်းမှ စတုတ္တတန်းအထိ တစ်လလျှင် ငွေကျပ် (၂,၀၀၀) ၊
ပဉ္စတန်းမှ အဌမတန်းအထိ ငွေကျပ် (၄,၀၀၀) ၊
န၀တန်းမှ ဒသမတန်းအထိ ငွေကျပ် (၅,၀၀၀) ပေးရခြင်း၊
၂။ ၀ါဆိုသင်္ကန်းကပ် ခွဲခြင်းရငွေ ကျပ် (၈၅၀,၀၀၀)စာရင်း မရှင်းခြင်း၊
၃။ အတန်းတိုင်းတွင် မုန့်ဆွမ်းတင်ဖို့ ခွဲခြင်း၊
၎။ စာမေးပွဲကျလျှင် တစ်ဘာသာ သုံးချက်၊ အရိုက် မခံနိုင်လျှင် ဒုတ်တစ်ချက် ငွေကျပ်(၁၀၀) ပေးရခြင်း၊
၅။ ခွဲငွေမထည့်လျှင် ကျောင်းသို့ မလာရဟု ပြောခြင်း၊
၆။ အတန်းပိုင် ဆရာမများ ရောင်းသော မုန့်အား သူ့ ကျောင်းသား ၀ယ်မစားလျှင် ကြိမ်းမောင်းခြင်း၊
၇။ သီးခြားသပ်သပ် န၀မတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများအား စနေ၊ တနင်္ဂနွေ နှစ်ရက်သင် ကျူရှင်ခ တစ်လ ကျပ် (၁၅,၀၀၀) ပေးရခြင်း၊
၈။ နေ့စဉ် ကျပ် ၅၀ မှ ကျပ် ၁၀၀ အာစိန်္နကံဘူးအတွက် ကောက်ခံခြင်း၊
ကျောင်းသား၊ မိဘများမှာ တောင်သူ လယ်သမား တစ်နေ့လုပ်မှ တစ်နေ့ စားရသူများ ဖြစ်သောကြောင့်၊ စားဝတ်နေရေး မပြည့်စုံသည့်ကြားမှ သား၊ သမီးများအတွက် အချို့တဲ့ခံကာ ပညာ သင်ပေးနေရပါသည်။
သားသမီးများ မှကျူရှင် မထားပါက အတိုင်းပိုင် ဆရာများဧ။် နှိမ်ချ ဆက်ဆံခြင်းကို ခံရသဖြင့် သားသမီးများမှာ ပညာသင်ရန် ကျောင်းသို့ သွားရမည်ကို ကြောက်ရွံသည် အထိ စိတ်ဓါတ် ကျဆင်းနေကြပါသည်။ မိဘများမှလည်း ကလေးများ ပညာရေးအတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြရပါသည်။
ထိုသို့ ဖြစ်ပျက်နေသည်မှာ (၁၀) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း မြို့နယ် ပညာရေးမှူးထံ တိုင်ကြားခဲ့ရာ ထိရောက်စွာ အရေးယူခြင်း မရှိခဲ့ပါ။
နဲသမိန် စံပြကျေးရွာ ကျောင်းသားမိဘများ
မှတ်ချက်။ သတင်းအတွက် ပုံကို အင်တာနက်မှ မြန်မာကျောင်း တကျောင်းပုံအား အစားထိုးဖော်ပြထားပါသည်။

By ရိုးရာလေး

No comments:

Post a Comment