Friday 12 October 2012

ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းကြောင့် လူ ၂၂ ဦးသေဆုံး

ယမန်နေ့ နံနက်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသကို  မုန်တိုင်း ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်သွားခဲ့တဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လူ ၂၂ ဦး သေဆုံးသွားခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ န၀ါခါလီ၊  စစ်တကောင်း၊ ဘိုလာနဲ့ ဖေနီ မြို့
နယ်တွေက ဖြစ်ကြပါတယ်။

မုန်တိုင်းဟာ လေဖိအားနည်း ရပ်ဝန်းငယ် တစ်ခု အဖြစ် ဘင်္ဂလာ
ပင်လယ်အော်အတွင်း တည်ရှိနေရာကနေ ရုတ်တရက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက ပင်လယ်ကမ်းခြေဒေသတွေကို ယမန်နေ့ နံနက် ၂ နာရီကနေ ၆ နာရီ အတွင်း
ဝင်ရောက် မွေနှောက် တိုက်ခတ်သွားခဲ့ပါတယ်။

သေဆုံးသွားသူတွေဟာ ဘိုလာမြို့နယ်က ၆ ဦး၊ စစ်တကောင်းက ၄  ဦးနဲ့
န၀ါခါလီက ၁၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ငါးဖမ်းသမား ၁၀၀၀ ခန့်က အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့လည်း  ဆိုပါတယ်။

မုန်တိုင်းကြောင့် ဒေသအတွင်းက ဓနိ- သက်ကယ်မိုး အိမ်တွေ အများအပြားလည်း
ပြိုပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း အိမ် ၈၀၀ ခန့် ပျက်စီးသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာတော့ မိုးကြီးပြီး လေပြင်းတိုက်တာက လွဲပြီး
အပျက်အစီး  မရှိဘူးလို့ သိရပါတယ်။ မုန်တိုင်း  ရှိနေတာကြောင့် သုံးရက်
ဆက်တိုက် မိုးတွေ မရပ်မနား ရွာသွန်းနေခဲ့တဲ့ အတွက် လူတွေ အပြင်ထွက်
မသွားလာနိုင်တာကြောင့်  အလုပ်အကိုင် ပျက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

By နိရဉ္စရာ

No comments:

Post a Comment