Friday 12 October 2012

အိမ်တွင်းပုန်းရခိုင်အမျိုးသမီးတို့အတွက် သမိုင်းဝင်မယ့်နေ့


ရခိုင်အမျိုးသမီးသုံးရာကျော်သည်
လမ်းမပေါ် တန်းစီဖြတ်လျှောက်
လာနေကြသည်။ သူတို့ကို လက်ခုပ်သြ
ဘာပေးနေကြသော ပရိသတ် (၅၀၀၀)

ကျော်ရှေ့သို့  ခြေလှမ်းမြန်မြန်
နဲ့အမျိုးသမီး တစ်ဦး ဦးဆောင်ကာ
ထွက်လာခဲ့သည်။  တီရှပ်အင်္ကျီအဖြူရောင် ၊ထမီအနက်ရာင်ဝတ်စုံဝတ်ဆင်
ထား သည်။ ထိုအဝတ်အစားသည် ရခိုင်အမျိုးသမီး ဆန္ဒထုတ်ဖော်ပွဲကို
ဦးဆောင်သူ ဒေါ်မညိုအေး အား ပေါ်လွင်စေနေသည်။
သူသည် ပတ်ဝန်းကျင်၏ သြဘာပေးသံနှင့် ထောက်ခံအားပေးမှုကို
သတိမထားမိ။ သူ့၏ စိတ်ထဲ၌ ပီတိသာ ဖြစ်ပေါ်နေမိသည်။ ''ဒီလိုမျိုး  
အမျိုးသမီး ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တာ ပထမဆုံးအကြိမ်ဘဲ။''
ဟု သူက ဆိုသည်။
ရခိုင်တိုင်းရင်းသူ အများစုသည် လမ်းမပေါ်စုရုံးကာထွက်မည် မဆိုထားနှင့်
အိမ်ပြင်တောင် သိပ်မထွက် ကြသူများဖြစ်သည်။ သို့သော် မိမိတို့ အခွင့်
အရေးအတွက် သူတို့မှာ ရွေးချယ်စရာမရှိပါ။ နိုင်ငံတော်အုပ်ချုပ်သူတွေကို အခွင့်အရေးတောင်းဆိုဖို့အတွက် ခုတော့သူတို့သည် စစ်တွေမြို့၏  အထင်
ကရနေရာဖြစ်သည် လမ်းမကြီးအတိုင်း ချီတက်ခဲ့ကြသည်။

စစ်တွေမြို့တွင် အောက်တိုဘာ (၁၀) ရက် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသမီးများ
ဆန္ဒထုတ်ဖော်ပွဲတွင်  သူတို့အချင်းချင်းကြား ကတိကဝတ်များပြုကာ
စုရုံးထွက်လာကြခြင်းဖြစ်သည်။
နှစ်ကာလမြောက်များစွာ နိုင်ငံရေးလှုပ်ရှားနေသူ ဒေါ်မညိုအေး၏
ဦးဆောင်သည့် အမျိုးသမီး ဆန္ဒထုတ်ဖော်သူရာပေါင်းများစွာသည် စစ်တွေမြို့မိဇံရပ်ကွက်ဧစေတီဘုရားအနီးမှ လမ်းမကြီးအတိုင်း လွတ်
လပ်ရေမီးရှူးတန်ဆောင် ဦးဥတ္တမရုပ်ထုရှိ ရာ ဦးဥတ္တမပန်းခြံသို့
ချီတက်လာကြသည်။
အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် ရခိုင်အမျိုးသမီးဘဝ၏ ဆန္ဒထုတ်ဖော်
မှုကို ပြည်သူရော အစိုးရပါသိစေရန် ပိုစတာများ ကိုင်ပြီးတောင်း
ဆိုခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သည့် အမျိုးသမီးများမှာ နိုင်ငံရေးအရ အတွေ့
အကြုံမရှိ၊  အသက်ငယ် ရွယ်သည့် အမျိုးသမီးငယ်များလည်း များပြားနေ
သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ၏ အသီး အပွင့်တွင်
အစပျိုးနေကြသည်။
''ဘာပဲပြောပြော အမျိုးသမီးတွေ ခုလိုစုစည်းစွာ လှုပ်ရှားကြတယ်။ ခုလို
မလုပ်ဘူးဆိုရင် ကျွန်မတို့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက
မှေးမှိန်သွားမယ်။ နောင်လာမဲ့ အမျိုးသမီးမျိုးဆက်တွေ အတွက် ခွန်အား
တစ်ခုပေါ့။' ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် အသက် ၄၀ အရွယ်ရှိ
အိမ်ရှင်မ တစ်ဦးက ဆိုသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်အချို့ကို ရခိုင်
အမျိုးသမီးများအနေဖြင့် ထုတ်ဖော်ရန် ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။
ရခိုင်အမျိုးသမီးများကို စည်းရုံးသည်။ သက်ဆိုင် ရာသို့ ခွင့်ပြုချက်အကြိမ်ကြိမ်
တင်ပြတောင်းဆိုခဲ့သည်။ ကြိုးစားမှု၏ ရလာဒ်ကမူ သတ်မှတ်ထားသည့် ရက်
အတိုင်း သက်ဆိုင်ရာမှ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်အမျိုးသမီးဆန္ဒ ထုတ်ဖော်မှုသည် ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဟု
ဆိုနိုင်သည်။ ခေတ် အဆက်ဆက် ရခိုင်အမျိုးသမီးများသည် အိမ်တွင်းပုန်း
ဘဝဖြင့် ဖြတ်သန်းခဲ့ရသည်။
''ဝမ်းသာတယ်၊ လမ်းလျှောက်ရတာလဲ ပင်ပမ်းပေမယ့် ကျမတို့ အမျိုးသမီးတွေ
အတွက်  အကျိုးရှိတယ်။'' ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့်  အသက်
၂၀ အရွယ် မဆန်းဦးက ဆိုသည်။
နိုင်ငံရေးလှုပ်ရှားမှုသည် အမျိုးသားရေး၏မွေးရာပါ စိတ်ဝင်စားမှုတစ်ခုဖြစ်သော်
လည်း ယခု အမျိုး သမီးများ မွေးရာပါ စိတ်ဝင်စားဖို့လိုပြီဖြစ်ကြောင်း  
မဆန်းဦးက ဆိုသည်။
"အခုဆက်သွယ်ရေးကွန်ယက်တွေ ကောင်းလာပြီဆိုတော့၊ တစ်ယောက်နဲ့
တစ်ယောက် ချိတ်ဆက်လို့ရတယ်၊ အရင်ထက်စာရင် ပိုကောင်းလာတယ်ပေါ့၊
အခု ဒီမိုကရေစီပြောင်းလာပြီဆိုရင် အခွင့်အရေးကို တောင်းဆိုဖို့ တွန်းအားတွေက
ရှိလာမှာဘဲ။' ဟု မင်းဂံရပ်ကွက်မှ အသက် ၅၀ အရွယ် ဒေါ်နုယဉ်က ဆိုသည်။
ဆန္ဒထုတ်ဖော်သူများသည် ရခိုင်အမျိုးသမီးဘဝလုံခြုံရေး၊ ရခိုင်အရေးအခင်းနှင့်
ပတ်သက်၍ ရခိုင် အမျိုးသမီး များ၏ ဆန္ဒကိုရဲဝံ့စွာ ထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် အလွှာမျိုးစုံမှ ရခိုင်အမျိုးသမီးများပါဝင်သည်ကို တွေ့ရသည်။
၎င်းတို့ ကိုင်ဆောင်လာခဲ့သည့် ပိုစတာများသည် ပြည်သူများ၏ ဆန္ဒကို
ထင်ဟပ်စေသည်ဟု အမျိုး သမီးများက ယုံကြည်ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင်သက်ဆိုင်ရာမှ အရေအတွက်ကန့်သတ်ထားသည့်အတိုင်း
 ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခဲ့ကြသည်။ တူညီသောဝတ်စုံ၊ တူညီသော
အယူအဆဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
မြန်မာတိုင်းရင်းသားများစည်းလုံးညီညွတ်ကြ၊ ရခိုင်အရေးနှင့်ပတ်သက်၍
သမ္မတမိန့်ခွန်း ထောက်ခံ သည် OIC အလိုမရှိ၊ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှုရှိပါစေစသည့်စာတမ်းပိုစတာများကို  ကိုင်ဆောင်ပြီး ရခိုင်အမျိုး
သမီးများသည် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
လူမှုနယ်ပယ်တွင် အိမ်တွင်းဘဝဖြင့် ကျင်လည်နေရသော ရခိုင်အမျိုးသမီးများ
သည် ယနေ့ အဖို့  အမျိုးသားများနှင့် တန်းတူ စွမ်းရည်ရှိသည်ကိုပြသနိုင်ခြင်းဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။
ရခိုင်ပြည်နယ်၏ လူမှုဘဝနှင့် အဖွဲ့အစည်းနိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီး
ဦးဆောင်မှု မရှိသော် လည်း အောက်တိုဘာ(၁၀)ရက်နေ့ ဆန္ဒထုတ်ဖော်မှုသည်  ရခိုင်သမိုင်းတစ်လျှောက်တွင် ပထမဆုံးဦး အမျိုးသမီးစွမ်းဆောင်မှုလုပ်ရပ်ဟု
ရခိုင်လူထုက ယုံကြည်ခဲ့ကြသည်။
''ကျမတို့လဲ  အမျိုးသားနဲ့အတူ  လူမှုနယ်ပယ်မှာ စွမ်းဆောင်နိုင်ပါတယ်ဆိုတဲ့
အချက်ကိုပြဖို့ အတွက် အခု ဆန္ဒထုတ်ဖော်ပွဲက သက်သေခံနေပါပြီ။''
ဟု ကုန်တန်းရပ်ကွက် (၅) မှ အသက် (၅၀) အရွယ် အိမ်ရှင်မ
တစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် အင်အားသုံးရာကျော်ရှိသည့် ရခိုင်အမျိုးသမီးများသည်
တော်သလင်းလ ရခိုင်မိုးသည်းကြား ထီးမဆောင်းဘဲ ၄င်းတို့၏ယုံကြည်ချက်ကိုပြတ်သားစွာထုတ်ဖော်ခဲ့ကြသည်။
''အကြောက်တရားတွေ မရှိတော့ဘူး၊ အားလုံးက ရည်ရွယ်ချက်တူညီစွာနဲ့
ချီတက်ကြတာဟာ ရခိုင့်သမိုင်းမှာ မော်ကွန်းသစ် တင်တာဘဲ''ဟု အသက်၆၀
အရွယ်ရှိ  မိဇံရပ်ကွက်မှ အမျီုးသမီး တစ်ဦးက ဖွင့်ဟခဲ့သည်။
''ကလေးကိုတော့ အိမ်မှာထားခဲ့တယ်၊ ဒီနေ့တော ကျွန်မတို့ရဲ့ယုံကြည်ချက်
ခံယူချက်ကို မိုးသဲကြားထဲမှာ ကမ္ဘာကို သက်သေပြလိုက်တာပါဘဲ''အသက်
(၂၇) အရွယ် ကလေးအမေတစ်ဦးက ဆိုသည်။
မည်သို့ဆိုစေ အောက်တိုဘာ (၁၀) ရက်နေ့ စစ်တွေမြို့တွင်ပြုလုပ်ခဲ့သော
ရခိုင်အမျိုးသမီးတို့၏ ဆန္ဒ ထုတ်ဖော်မှုသည်  သမိုင်းတွင်ခဲ့သလို အမျိုးသမီးများ၏စွမ်းရည်များကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။

By MyitMakha Media Group

No comments:

Post a Comment