Thursday 9 August 2012

‎"ပြည်ပသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်သည့်Y-talk စနစ်အမှန်တကယ် ဝန်ဆောင်မှု ပေးတော့မည်


နိုင်ငံတကာသို့ တရားဝင်ဖုန်းခေါ်ဆိုနိုင်သည့်Y-talk စနစ်အား ယခုလ ဒုတိယအပတ်မှစတင်၍ ဝန်ဆောင်မှုပေးတော့မည်ဖြစ် ကြောင်း ရတနာ ပုံတယ်လီပို့မှ သိရသည်။


''ရတနာပုံ Call Center ဘက်ကတော့ ဝန်ဆောင်မှုပေးဖို့ အဆင်သင့် ရှိပါတယ်။ Y-talk Server နဲ့Call Center Server ချိတ်ဆက်ဖို့ပဲ ရှိပါတယ်။ ဒီအချက် ကို ပြီးစီးတာနဲ့ သတ်မှတ်နှုန်းထား ကို ညှိနှိုင်းပြီး ပေးသွားနိုင်မှာပါ'' ဟု ရတနာပုံCall Centerမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နည်းပညာအခက်အခဲများနှင့် ပတ်သက်၍ှServer ချိတ်ဆက်ရန် ဆောင်ရွက်ပေးသည့် ရတနာပုံ တယ်လီပို့မှ ဌာနမှူးကိုအောင်စံမြတ် က Call Center Server နဲ့ Y-talk Server ချိတ်ဆက်ရန် Y-talk Server အထိုင်မှာ မန္တလေးမြို့တွင် ရှိနေကြောင်း၊ထို့ကြောင့် ရန်ကုန် တွင် Server အသစ် တစ်ခု ထပ်မံ ဆောင်ရွက်ရကာ အချိန်ကြာသွားရ ကြောင်း၊ ယခုအခါ Server အသစ် အလုံးစုံ ပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောသည်။

ယင်းစနစ်ကို ဝန်ဆောင်မှု ပေး မည့်ပုံစံမှာ နိုင်ငံတကာသို့ ဖုန်းခေါ် ဆိုချင်သူများအနေဖြင့် မိမိခေါ်ဆိုလို သည့် ဖုန်းနံပါတ်အား ရတနာပုံ Call Center 1877 သို့ ဖုန်းဆက် သွယ်ရမည်ဖြစ်ပြီး Call Center မှ အဆိုပါ ဖုန်းနံပါတ်ကို ဖုန်းခေါ်ဆို၍ ပန်လည်လွှဲပေးခြင်း ဖြစ်ကြောင်း ဖုန်းခေါ်ဆိုခ များကို မြန်မာကျပ်ငွေ ဖြင့် မိမိတယ်လီဖုန်းဘီလ်မှ နုတ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

''ဈေးသက်သက်သာသာနဲ့ ကိုယ်ဖုန်းနဲ့ကိုယ် ပြောလို့ရတယ်ဆို လို့ ဒီစနစ်ကို စောင့်နေတာပါ။ ပြည် တွင်းဖုန်းပြောသလို လိုင်းကျပြီး အော်ပြောနေရင်တော့ အသုံးပြုမှာ မဟုတ်ဘူး''ဟု ပုဇွန်တောင်မြို့နယ် မှမသက်စုအောင်က ပြောသည်။ အဆိုပါစနစ်အား ရတနာပုံ Call Center နှင့် VMG TELECOMS ကုမ္ပဏီတို့မှ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ခွင့်ပြု ချက်ဖြင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး အွန်လိုင်းမှ Pfingo နှင့် ခေါ်ဆိုမှုများ ပပျောက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Y-talk စနစ်ကို ၂ဝ၁၂ နှစ် ဆန်းပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့နှင့် VMG TELECOMS တို့မှ အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့ သည့် ဇူလိုင်တွင် စတင်ဝန်ဆောင်မှု ပေး မည်ဟု ကြေညာခဲ့သော်လည်း အထက်ပါ နည်းပညာအခက်အခဲကြောင့် ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ် သည်။
By AF Ijournal

No comments:

Post a Comment