Thursday 9 August 2012

မြန်မာ Android market application


မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သည့် မိုဘိုင်းလ် Website ဖြစ်သည့် Myanmar Mobile Application Store(http://www.myanmarmobileapp.com/) ၏ product တစ်ခုဖြစ်သောပထမဆုံးမြန်မာစာစနစ်သုံး မြန်မာ Android market
applicationစတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။

Android applicaton,game များကို Android ဖုန်း/Tablet များမှ တိုက်ရိုက်ရယူနိုင်မည့် Mobile App Market ” Myanmar Mobile App Market” ကို သြဂုတ်လ ၁၁ ရက်နေ့တွင် စတင် ထုတ်ဝေသွားမည်ဖြစ်ပါသည်။ မြန်မာ Mobile App Market for Android အား free version အ
နေဖြင့်သာထုတ်ဝေမည်ဖြစ်ကာ မည်သူမဆိုအခမဲ့ရယူနိုင်မည်ဖြစ်ပါသည်။ Android ဖုန်းသုံးစွဲသူ Mobile Users များအဆင်ပြေစေဖို့အတွက် Myanmar Mobile Application Store ရဲ့ကြိ
ုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။

-ပထမဆုံးမြန်မာစာစနစ်သုံး မြန်မာ Android market application ဖြစ်ခြင်း

-application မှ မြန်မာစာကိုမြင်ရန် ဖုန်းတွင် root လုပ်ထားရန်/မြန်မာစာ သွင်းထားရန်မလိုအပ်ခြင်း

- ဖုန်းဆော့ဝဲ ၊ ဂိမ်းများအားလုံးကို မြန်မာဘာသာဖြင့် detail ဖော်ပြပေးထားခြင်း

-မြန်မာ Mobile App Market မှ ဆော့ဝဲများကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် Direct Download ရယူနိုင်ခြင်း

-free version ထုတ်ဝေထားသော android app,game များ ၊ ပိုက်ဆံပေးဝယ်ယူရမည့် android app,game များကို မြန်မာ Mobile App Maket တွင်အခမဲ့ရယူနိုင်အောင်တင်ပေးထားခြင်း

(သြဂုတ်လ ၁၁ ရက်နေ့တွင် မြန်မာ Mobile App Market အား Myanmar Mobile Applicalication Store website တွင် စတင် download ရယူနိုင်မည်ဖြစ်ပြီး Myanmar Mobile App 1st Meeting at Yangon (11.8.2012) တွင် မြန်မာ Mobile App Market အားမိတ်ဆက်ပြသသွားမည်ဖြစ်ပါသည်။)

By News of Myanmar

No comments:

Post a Comment