Thursday 9 August 2012

FACEBOOK အကောင့် အပ်တာ လက်ခံတာ သတိ......။


facebook စသုံးကာစတုန်းကဆိုရင်
ကိုယ့်ရဲ့ အကောင့်ထဲမှာာသူငယ်ချင်းတွေ များအောင်ဆိုပြီ
တွေ့သမျှအကုန်လိုက်အပ်တာပဲ....
အခြားအကောင့်တွေမှာဆို သူငယ်ချင်း

၅၀၀၀ကျော်တာတွေ တွေ့ရင် အားကြတာ အရမ်းပဲ...
ဘယ်ရမလဲ အနော်လဲ အားကြမခံ အကုန်လိုက်အပ်တာပဲ..
သူငယ်ချင်းတွေကလဲ ပြန်လက်ခံတော့ သိပ်မကြာဘူး
အနော့်အကောင့်ထဲမှာ သူငယ်ချင်းတွေ တိုးလာလိုက်တာ အားရစရာ....
ကြာလာတော့ အဲဒီရဲ့ အကျိုးဆက်တွေ နဖူးတွေ့ဒူးတွေ့ခံစားလာရတယ်....
အကောင့်ထဲက သူငယ်ချင်းတွေထဲမှာ
ကိုယ့်ကို ဗဟုသုတရစေမယ့် အကြောင်းရာတွေ ရေးမယ့်တင်မယ့်သူငယ်ချင်းတွေလဲ
တွေ့ရတယ်..သတင်းအချက်လက်တွေကို အချိန်နဲ့တစ်ပြေးညီ တင်ပေးမယ့် မိတ်ဆွေကောင်းတွေ
လဲတွေ့လာရတယ်.. အသိပညာတွေအတတ်ပညာတွေ ဖလှယ်မယ့်သူငယ်ချင်းတွေလဲ
တွေ့လာရတယ်..ဖေ့ဘုတ်သုံးရတာ အရမ်းအကျိုးရှိစေပါတယ်..
အသိပညာတွေကောဗဟုသုတတွေကော အတတ်ပညာတွေကော
အစုံကိုရစေတယ်...တကယ်တော့ ဖေ့ဘုတ်ဆိုတာ အွန်လိုင်းရဲ့ သုတရသတွေ
အချိန်နဲ့ တစ်ပြေးညီ ပေးစွမ်းနိုင်တဲ့ အွန်လိုင်း စွယ်စုံစာအုပ်တိုက်ကြီးလို့
အနော်ကတော့တင်စားလိုက်တယ်...
ဒါပေမယ့် ဘယ်အရာမဆို  အကောင်းရှိရင် အဆိုးဆိုတာလဲ ရှိစမြဲပဲမဟုတ်လား..
ဒီတော့ ဆိုးကျိုးလေးလဲပြောရဦးမယ်......
အကောင့်တွေကို သူငယ်ချင်းများချင်တိုင်းအကုန်လိုက်အပ်တာ
အချို့အကောင့်တွေကကောင်းကျိုးပေးသလို အချို့အကောင့်တွေကတော့ တကယ့်ကို
ဆိုးကျိုးပါပဲ...ကိုကပုံတွေတင်ထားရင် ပုံတွေကို ယူပြီ မဟုတ်တဲ့နေရာတွေမှာသုံးကြတယ်..
ပြီတော့ ဘာသာရေးတွေနဲ့ပတ်သက်လာရင် တိုက်ခိုက်ချင်ကြတယ်...
သူတို့ ကြည့်မရရင် ဟတ်ကာ လူဆိုးတွေက ကွိုင်ရှာချင်ကြတယ်...
အခုနောက်ပိုင်းတော့ အနော်က အပ်ချင်ရင်ပဲဖြစ်ဖြစ် အနော့်ကိုလာအပ်တဲ့လူပဲဖြစ်ဖြစ်
အပ်တော့မယ် လက်ခံတော့မယ်ဆိုရင် သူ့ရဲ့ ပရိုဖိုင်ထဲကိုသေချာသွားကြည့်တယ်..
သူငယ်ချင်းဖြစ်မှ ပရိုဖိုင်ထဲကိုပေးဝင်တဲ့ အကောင့် မျိုးဆိုရင် ကျွန်တော် လက်မခံဘူး..
လှည့်ပြန်လာခဲ့လိုက်တယ်...
သူ့ရဲ့ ဘာသာကိုကြည့်တယ်..လူမျိုးကိုကြည့်တယ်....
ပြီတော့ သူ့ရဲ့ အကောင့်ထဲမှာလုပ်ဆောင်ချက်တွေကိုကြည့်တယ်..
ကျွန်တော်ကြိုက်လောက်တယ် လက်ခံနိုင်လောက်တယ်ဆိုမှာ  လက်ခံတယ်.....
ဖေ့ဘုတ်သုံးတာကြာလာလို့ သူငယ်ချင်းတွေများလို့ ကြီးကြယ်တာ မာဏကြီးသွားမဟုတ်
ရိုးအမှန်ပါ....အခုနောက်ပိုင်းပိုဆိုပါတယ်...အားလုံးလဲသိကြမှာပါ.....
ဘာသာရေးတွေကိုခုတုံးလုပ်ပြီ..အပြင်မှာတစ်မျိုး အွန်လိုင်းမှာတစ်မျိုး နည်းမျိုးစုံနဲ့
ဒုက္ခတွေပေးနေကြတဲ့လူမဆန်တဲ့ လူအချို့တွေကြောင့်ပေါ့..ဒါ့ကြောင့်
သူငယ်ချင်းတို့လဲ ကိုကအပ်တာပဲဖြစ်ဖြစ် လက်ခံတာပဲဖြစ်ဖြစ်..သတိလေးရှိကြပါလို့
တိုက်တွန်းလိုက်ပါတယ်...အရင်ကဆိုအွန်လိုင် သုံးရတာ စိတ်အေးတယ်
အခုတော့ စိတ်အေးချမ်းသာစွာမသုံးနိုင်တော့ဘူးဗျို့ လာဟိုင်းရင် အပြေလွာ သူ့ ဖိုင်ထဲကို
သွားကြည့်ရတယ်...အချို့ဆို ရန်စတာတွေ မင်းက NLD ကလား...မင်းကနိုင်ငံရေးသမားလား...
မျိုးစုံပါပဲ အမေးခံရ ရန်စခံရနဲ့....
အခုတော့ အကုန်ကိုကြောက်နေရတယ်ဗျာ.....အွန်လိုင်းဆိုပြီ ရေးချင်တိုင်းရေး
ပြောချင်းတိုင် ပြေားလို့ရတယ်ဆိုပြီ မှန်တာတွေကိုပဲထိုင်ပြောနေမယ်ဆိုရင်လဲ...
ကိုယ့်ကို ကြည့်မရ မနာလိုတဲ့ အကောင့်ပိုင်ရှင်တွေလဲရှိနိုင်တယ်ဆိုတာအနော်တို့
သိရပါမယ်..အခုတလော ပါတီပဿနာတွေ ဘာသာရေးပဿနာတွေ နိုင်ငံရေး
ပဿနာမျိုးစုံ ဖြစ်နေချိန်မှာ...
ကျွန်တော်တို့ ပြောတာဆို တာတွေလုပ်တာကိုင်တာတွေကို
အွန်လိုင်းမှာကော အပြင်မှာကော သတိရှိကြပါလို့ မေတ္တာရှေ့ထားပြီ...
တိုက်တွန်းလိုက်ပါတယ်....
တန်ဖိုးမရှိတဲ့ လူအချို့ကြောင့် ကျွန်တော်နဲ့ မိတ်ဆွေတိုရဲ့ တန်ဖိုးရှိတဲ့
မိတ်ဆွေတွေနဲ့ ဝေးသွားရမှာ တန်ဖိုးရှိတဲ့အချိန်တွေ အလကားဖြစ်သွားမှာ
စကားတွေနဲ့ တိုက်ခိုက်စစ်ခင်းနေရမှာကို ကျွန်တော်လဲ မလိုလားဘူး..
မိတ်ဆွေတို့လဲ မလိုလားဘူးထင်ပါတယ်.....
ဒါ့ကြောင့် ကျွန်တော်တို့ အရင်လို့ အပ်ချင်တိုင်းအပ် လက်ခံချင်တိုင်းလက်ခံလို့
မသင့်တော့ဘူးလို့ ထင်ပါတယ်.....
အွန်လိုင်မှာ အချို့လူတွေကြောင့်လဲ အားကုသိုလ်လဲများရပါတယ်...
ဒါ့ကြောင့် အခုနောက်ပိုင်းတော်တော် ဆင်ကျင်နေရပါတယ်.....
အနော်တို့ရဲ့ အကောင့်တစ်ခုကို အလကားဆုံးရှုံးသွားရမှာကိုဆိုးရိမ်ကြပါတယ်..
အွန်လိုင်းမှာ အကောင့်တွေ ဖွင့်ချင်တိုင်းဖွင့်လို့ရတယ်ဆိုပေမယ့်
သုံးတာကြာလာတဲ့အကောင့်တစ်ခုကိုတော့ အလကား ဖြစ်သွားမှာ အဟတ်ခံရမှာ လုပ်ကြံခံရမှာ
ကိုတော့ ဘယ်သူကမှ မဖြစ်ချင်ကြပါဘူး.

ှSky Rain(Facebook) မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment