Saturday 11 August 2012

မိဘ မေတ္တာဆိုရာဝယ်


လူနဲ့ တိရိစ္ဆာန်ဆိုတာ ဘာဝ ခြင်း ကွဲလွဲပေမယ့် မိဘမေတ္တာဆိုတာ ကတော့ အားလုံးသော သတ္တ၀ါတွေမှာ တူညီတယ်ဆိုတာ မကြာ မကြာ တွေ့ကြရမှာပါ။

၂၄ နာရီအတွင်း အင်တာနက်စာမျက်နှာများပေါ်က လူကြိုက်အများဆုံး ပိုစ့် တခုကတော့ ခွေးမလေးရဲ့
မိဘမေတ္တာ ကို ထင်ဟတ်တဲ့ သတင်း ဓာတ်ပုံပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ချီလီနိုင်ငံ Santa Rosa de Temuco မှာ အိမ်တလုံး မီးလောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အခုပုံမှာမြင်တွေ့နေရ
တာကတော့ Amanda လို့ခေါ်တဲ့ ဂျာမန် သိုးထိန်း ခွေးမလေးဖြစ် ပါတယ်။
ဒီခွေးမလေးက မီးသတ်သမားတွေက အိမ်ကို မီးငြိမ်းသတ်နေစဉ်မှာ သူကတော့ မီးလောင်နေတဲ့ နေရာ ကနေ သူရဲ့ ၁ဝ ရက် သားပဲ ရှိသေး တဲ့ သားပေါက်လေးတွေကို အသက်စွန့်ပြီး မီးထဲက ဖြတ်ကာ မီးသတ်ကား ၃ စီး ထဲက တစီးပေါ်ကို အခု ပုံမှာ မြင်ရတဲ့အတိုင်း ကယ်တင်နေခဲ့တာပါ။

သူ့သား၊ သမီး တကောင်ကလွဲလို့ ကျန်တဲ့ ကလေးတွေကို သူ အကုန် ကယ်တင်နိုင်လိုက်ပါတယ်။ မီးလောင် ဒဏ်ရာ ရတဲ့ သူ့ကလေး တကောင်ကိုတော့ သူက အကြိမ်ပေါင်း ထောင်ချီပြီး နမ်းနေခဲ့တယ်လို့ Soy Chile သတင်းစာမှာ ဆိုထားပါတယ်။

နောက်ဆုံးတော့ ကယ်ထားခဲ့တဲ့ သူရဲ့ကလေးတွေဘေး ကာကွယ်ရင် အိပ်ချလိုက်ပါတယ်။ ဒီဓာတ်ပုံကို မှတ်တမ်း ရိုက်ခဲ့သူကတော့ မီးသတ်သမားတဦးလည်းဖြစ်ပါတယ်။ သူကလည်း ရင်သား၊ အဆုတ်၊ ဆီးကျိတ်ကင်ဆာ ရန်ပုံငွေအတွက် ကမ္ဘာပတ် စက်ဘီးစီး အလှူခံခဲ့သူ ကင်ဆာဝေဒနာသည်ဟောင်း တယောက်လည်းဖြစ်ပါတယ်တဲ့။

အခု ဒီဓာတ်ပုံဟာ ၂၄ နာရီအတွင်းမှာ ကမ္ဘာ့အင်တာနက်စာမျက်နှာများပေါ်မှာ လူကြိုက်အများဆုံး ၃၀ စာရင်း မှာလည်း မှတ်တမ်း တင်နိုင်သွားပါတယ်။

ဒါပေမယ့် လောကကြီးဟာ ခြွင်းချက်တရားတွေ ရှိတတ်ကြတာပါပဲ။ လူစစ်စစ်တွေက မွေးလာတဲ့ သား၊ သမီးတွေကို စွန့်ပစ်ခဲ့တာတွေလည်း တွေ့နေမြင်နေကြရတာ ရှိနေပါတယ်။

By Irrawaddy

No comments:

Post a Comment