Saturday 11 August 2012

ပြည်သူကိုဖျက်ပြီး၊ ခရိုင်ဆေးရုံသို့ အမည်ပြောင်းပေးစေလို


ရမည်းသင်းမြို့နယ်တွင် 27-7-2012 ရက်နေ့ညနေက မိုးထိမိုးမိရွှေလုပ်ကွက်အမှတ်-9 မှ အလုပ်ကြမ်းလုပ်သူ(3)ဦး မြေပြိုမြေပိရာ ပြည်သူ့ဆေးရုံသို့ ညနေ 4-နာရီအချိန် ရောက်ရှိပြီး၊ ကိုဘိုဝိတ် ၏ဇနီး၊ မသင်းသင်းဝင်းမှာ ကွယ်လွန်သွားခဲ့ပါသည်။


 28-7-2012 ရက်နေ့ နံနက် ခွဲစိပ်ရန်အတွက် ငွေ တစ်သိန်းခွဲ တောင်းဆိုကြောင်း  ကွယ်လွန်သူ မသင်းသင်းဝင်းမှာ နတ်မောက်မြို့နယ် လဲဘူး(သပွတ်ပင်ရွာ)မှ ဖြစ်ပြီး၊ နတ်မောက်သို့ပို့ရမည်ဖြစ်သဖြင့် ခွဲစိပ်မှုကို မြန်မြန်ဆောင်ရွက်ပေးရန်နှင့် ငွေ တစ်သိန်းခွဲပေးရန် မရှိကြောင်း အခက်အခဲ တင်ပြလာပါသည်။

 ခွဲစိပ်တာဝန်ကျဝန်ထမ်းများ၏ ဒုက္ခကြုံ ပူဆွေးဝမ်းနည်းနေသူများအပေါ် အခကြေးငွေ သောင်းဂဏ္ဍန်း၊ သိန်းဂဏ္ဍန်း တောင်းဆိုနေသည်ကို အထက်အဖွဲ့အစည်းသို့ တင်ပြတိုင်တန်းခဲ့ပါသည်။

10-8-2012 ရက်နေ့ တိုင်းကျန်းမာရေးဌာနမှ ခုံဖွဲ့စစ်ဆေးခဲ့ကြောင်း သိရသဖြင့် ပြည်သူလူထုအများစုကြီးမှ ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါသည်။

ရမည်းသင်းဆေးရုံကြီးနှင့် ပတ်သက်ပြီး ခရိုင်ပြည်သူ့ဆေးရုံအစား ပြည်သူကိုဖျက်ပြီး၊ ခရိုင်ဆေးရုံသို့ အမည်ပြောင်းပေးရန် ဆန္ဒရှိနေကြပါသည်။

 (က) စရိတ်မျှပေး ကျန်းမာရေးဆေးဆိုင်မှာ အပြင်ဆေးဆိုင်များထက် ဈေးကြီးနေခြင်း၊ (ခ) ဆေးရုံအိမ်သာသို့ တစ်ခါသုံးလျှင် 200 ကျပ်ပေးရခြင်း၊ အရေးပေါ်လူနာများအတွက် သွေး တစ်ပုလင်း သောင်းကျော်ဖြင့် ငွေပေးဝယ်ရခြင်း၊ စက်ဘီး/ဆိုင်ကယ် 200 ကျပ်ပေးရခြင်း၊ စရိတ်မျှပေးကျန်းမာရေးဆိုတာ နာမည်သာရှိပြီး၊ ဆင်းရဲချို့တဲ့သူများ ခံစားခွင့်မရရှိခြင်းတို့အတွက် ပြေလည်အောင် ဆောင်ရွက်ပေးရန် ပြည်သူအများစုမှ ဆန္ဒရှိနေကြောင်း သိရှိရပါသည်။

ရမည်းသင်းမှ ပြည်သူတဦး

သစ်ထူးလွင်

No comments:

Post a Comment