
၁၁.၈.၂၀၁၂ ညနေ (၄) နာရီဝန်းကျင်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ရကအ (၃) နယ်မြေရှိ ပုသိမ်-မုံရွာ-ရေဦးလမ်းကြီးပေါ်၊ ပုသိမ် ဂေါက်ကွင်းနံဘေး၊ ဧရာဝတီတိုင်း ဒေသကြီး မိခင်နှင့်ကလေး
စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံးရှေ့မှာ ညနေ ကျောင်းဆင်းချိန် ကြိုပို့ကားတစ်စီး လမ်းလယ်ဓာတ်တိုင်ကို ၀င်တိုက်မိတဲ့ မတော်တဆမှု တစ်ခုဖြစ်ပွား ခဲ့ပါတယ်။
အဆိုပါ မတော်တဆမှုမှာ ပုသိမ်မြို့ အထက (၁) နဲ့ အထက (၃) တို့မှ ကျောင်းသူ ကျောင်းသား ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် တော့မရှိခဲ့ပါဘူး။ မိန်းကလေး ကျောင်းသူ ၁၀ ဦး နှင့် ယောင်္ကျားလေး ၃ ဦးတို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရောက်ရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ကားမှာ ၈ င / ၁၈၂၃ လိုက်ထရပ်ကား ဖြစ်ပြီး ယာဉ်မောင်းသူ ကိုသက် (ဘ) ဦးဖိုးသက် ဆိုသူဖြစ်ပါတယ်။ လမ်းမကြီးပေါ်မှာ ချမ်းမြေ့အေး ကြိုပို့ယာဉ်ကို ကျော်အတက်မှာ လမ်းလယ်ရှိ လမ်းတား ကွန်ကရစ်တုံးများကို ပွတ်ဆွဲပြီး ဓာတ်တိုင်ကို တည့်တည့် ၀င်တိုက်မိတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ ပုသိမ်ဆေးရုံကြီးဆီသို့ မေတ္တ`ာရိပ် လူမှုရေးအသင်းမှ အရေးပေါ်ကားများနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
အခုအခါမှာ ယာဉ်မောင်းသူကို ဖမ်းဆီးအရေးယူထားတယ်လို့လည်း သိရှိရကြောင်း ဧရာဒယ်လ်တာ သတင်းအုပ်စု (ပုသိမ်) မှ သတင်းပေးပို့ ထားပါသည်။
Myanmar News Now
သစ်ထူးလွင်
No comments:
Post a Comment