Tuesday 14 August 2012

ဗိုလ်ချုပ် ရုပ်ရှင်ကား အဓိက သရုပ်ဆောင်များကို စခန်းသွင်း လေ့ကျင့်မည်


န်ကုန် (မဇ္ဈိမ)။   ။  ၂၀၁၃ ခုနှစ်တွင်  ရိုက်ကူးတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား၏ အဓိက သရုပ်ဆောင် လေးဦးကို သြဂုတ် ၂၀ ရက်မှ စပြီး စခန်းသွင်း လေ့ကျင့်တော့မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်
ဖြစ်မြောက်ရေး ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေး က ပြောသည်။


အဆိုပါ သရုပ်ဆောင် လေးဦးကို ပြင်သစ်ရုပ်ရှင် ပညာရှင် သီယာရီပစ်ကပ် ဦးစီးသင်ကြားမယ့် ၁ လကြာ အခြေခံ သရုပ်ဆောင် သင်တန်းနဲ့ အဆင့်မြင့် သရုပ်ဆောင်သင်တန်းမှာ စတင် တက်ရောက်ခိုင်းမှာ ဖြစ်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းနေရာနဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မယ့် သူတွေရဲ့ စိတ်ထဲမှာ ကိုယ်တိုင်က ဗိုလ်ချုပ်ဆောင်ဆန်း၊ ဒေါ်ခင်ကြည် ဆိုတာမျိုး ဖြစ်သွားတဲ့အထိ လေ့ကျင့်ပေးမှာပါ။ သူတို့ အခြေအနေကိုကြည့်ပြီး
နောက်ထပ် သုံးလ ထပ် စခန်းသွင်း လေ့ကျင့်ပေးပါ့မယ်။ ၂၀၁၃ မှာတော့ ဇာတ်ကား ရိုက်ကူးပါ့မယ်” လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် တဦးဖြစ်သူ (ဦး)ဇာဂနာ က ပြောသည်။

သရုပ်ဆောင်များ၏ အာရုံ စူးစိုက်မှု၊ အရည်အချင်း၊ ကြိုးစားမှုပေါ်မူတည်ပြီး လေးဦးအနက်မှ ဗိုလ်ချုပ်နှင့်
ဒေါ်ခင်ကြည်အဖြစ် အသင့်တော်ဆုံး နှစ်ယောက်ကို ရွေးချယ်ကာ ကျန်နှစ်ယောက်အား အခြား သင့်တော်ရာ ဇာတ်ဆောင်များအဖြစ် ပါဝင်စေမည်ဟု ကိုဇော်သက်ထွေး က ပြောသည်။

မကြာမီ ရက်ပိုင်းအတွင်း လက်ရှိ ဆန်ကာတင် လေးဦးနှင့် ဘုတ်အဖွဲ့တို့ ကန်ထရိုက် စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။ စခန်းသွင်းလေ့ကျင့်မှု စတင်ပြီး ရုပ်ရှင် ရိုက်ကူးပြီးသည်အထိ နှစ်နှစ် အချိန်ယူ ရိုက်ကူးမည် ဖြစ်သည်။

ဗိုလ်ချုပ် နေရာအတွက် အ၀တ်အစားကို လူမင်းနှင့် ဝေဠုကျော်တို့က တာဝန်ယူကာ ဒေါ်ခင်ကြည် နေရာအတွက် အ၀တ်အစားကိုမူ ထွန်းအိန္ဒြာဗိုလ်၊ ကြည်ဖြူသျှင်နှင့် အိအိခိုင်တို့က တာဝန်ယူကြမည် ဖြစ်ကြောင်း သိရသည်။

By Mizzima

No comments:

Post a Comment