Tuesday 14 August 2012

ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရွေးချယ်ခံရ


ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး
 ဥာဏ်ထွန်းကို ဒုတိယ သမ္မတအဖြစ်ရွေးချယ်
ထားကြောင်း တပ်မတော် သား လွှတ်တော်ကိုယ်
စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရေးရာ
 ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။


ရန်ကုန်၊ သြဂုတ် ၁၄

လစ်လပ်နေသော ဒုတိယသမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို မနက်ဖြန် (သြဂုတ်လ ၁၅ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခမ်းအနားအစီအစဉ်တွင် ဖော်ပြထားချက်အရသိရသည်။

ယင်းနေ့တွင်ပင် အမည်စာရင်းတင်သွင်းခံရသော ပုဂ္ဂိုလ်က ဒုတိယသမ္မတ အဖြစ် ကတိသစ္စာပြုမည်ဖြစ်သည်။

စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး The Voice Weekly ကအတည်ပြုနိုင်ရေးကြိုးစားနေသည်။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။

The Voice Weekly

ရွှေမြန်မာ

No comments:

Post a Comment