Tuesday 14 August 2012

ရန်ကုန်-နေပြည်တော်ကို နှစ်နာရီခြားတစ်ကြိမ် ပျံသန်းမည်

ရန်ကုန်-နေပြည်တော်ကို နှစ်နာရီခြားတစ်ကြိမ် ပျံသန်းမည့် လေကြောင်းလိုင်းတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီ FMI က ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းကို ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့်
အက်ဖ်အမ်အိုင်ကုမ္ပဏီမှ ပျံသန်းနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။ “လေကြောင်းလိုင်း ပျံသန်းမယ် ဆိုတာကတော့ ဟုတ်ပါတယ်။ အခု အဆိုပြုလွှာ တင်ထားတုန်းပဲ ရှိပါသေးတယ်” ဟု အက်ဖ်အမ်အိုင်ကုမ္ပဏီ အစုရှယ်ယာဝင်တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ လက်ရှိတွင် ယင်းကဲ့သို့ ပျံသန်းနိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လေကြောင်းဆိုင်ရာ ပျံသန်းမှုနှင့် ပတ်သက်၍ အဆိုပြုလွှာ တင်သွင်းနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ မေးမြန်းရာတွင် “လက်ရှိအချိန်ထိတော့ သေသေချာချာ မသိရသေးပါဘူး။ ပုံမှန်လေကြောင်း ပျံသန်းမှုတွေပဲ ရှိပါသေးတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်း၌ အဲပုဂံ၊ အဲကမ္ဘောဇ၊ မြန်မာ့လေကြောင်း၊ အမ်အေအိုင် လေကြောင်းလိုင်းနှင့် အဲမန္တလေး လေကြောင်းလိုင်းများမှ ပြည်တွင်းခရီးစဉ်များကို ပျံသန်းပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

By International Social Network Myanmar

No comments:

Post a Comment