Tuesday 14 August 2012

စစ်တွေမြို့  ဒုက္ခသည်များ အကူအညီလိုအပ်နေ


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခေတြွေကာင့်
ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတဲ့
ဒုက္ခသည်တွေဟာ ဆန်၊ ဆီ နဲ့ ဆား စတဲ့
အထောက်အပံ့ပစ္စည်းတွေပဲ ရပြီး ကျန်တာတွေကို
ကိုယ့်ဘာသာ ဖန်တီးစားသောက်နေရတယ်လို့ ဒုက္ခသည်တွေက
ပြောပါတယ်။

စစ်တွေမြို့ က မင်းဂံ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည် ဒေါ်ချိုချိုလွင်က “အခက်အခဲတွေရှိတယ်။

 ငွေရးကြေးရေးတွေ၊ ထင်းတွေဘာတွေ ဝယ်ရတယ်။ ငါးတွေဘာတွေ ဝယ်ရတယ် အဆင်မြေပဘူးပေါ့။ သွားတာလာတာလည်းဝေးတယ်။ ဈေးတွေဘာတွေရာင်းလို့ မရဘူး။ အရင်ကေတာ့ ဈေးရောင်းပါတယ်။

 လိုတဲ့ဟာက ငွေရးကြေးရေးတော့ နည်းနည်းလောက်လိုတာပေါ့။ ဆန်တွေ၊ ပဲတွေ ပေးတာပေါ့နော်။ ဆီတွေတာ့ ပေးတယ်။ ကြက်သွန်တွေ ဘာတွေတာ့ မပါသေးဘူး။ ကြက်သွန်တွေ ဘာတွေ ဝယ်စားရတယ်။ မြပည့်စုံဘူးပေါ့နော်”လို့ ပြောပါတယ်။

လက်တေလာမှာ အလုပ်အကိုင်တွေ မရှိတဲ့အတွက် အဆင်မြေပဘူးလို့ မင်းဂံ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ ဦးရွှေဇံဦးက ပြောပါတယ်။

“မိသားစု ၇ ယောက်ရှိပါတယ်။ ကျေနာ် ပန်းပဲလုပ်ပါတယ်။ အခုတော့ ဘာမှ အလုပ်မရှိဘူး။ ဒီမှာနေရတာ ကောင်းကောင်း အဆင်မြေပဘူး။ အခန်းတွေ မိုးယိုတာ။ အခန်းတွေလည်း ပျက်စီးသွားတယ်။ အားလုံး စားသောက်ရေးကေတာ့ လုံလောက်တာလည်း ရှိတယ်။ မလုံလောက်တာလည်း ရှိတယ်။

စားရေးသောက်ရေးလည်း တေန့ကို ဆန် နို့ဆီဘူး ၂ လုံးပဲ ရပါတယ်။”ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ဒုက္ခသည်တွေအတွက် တန်းလျား အလုံး ၁၇၀ ဆောက်လုပ်မယ်လို့ ပြောနေပမယ့် လက်ရှိမှာတော့ မင်းဂံရပ်ကွက်မှာ တန်းလျား ၈ လုံး၊ ဓညဝတီရပ်ကွက်မှာ ၈ လုံး၊ နေပူခံရပ်ကွက်မှာ ၂၅ လုံး ဆောက်လုပ်ပေးထားပါတယ်။

ဘင်္ဂါလီဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) အကူအညီနဲ့ ဘောဒူဘ၊ ဒါးပိုင်၊ သဲချောင်း၊ မှန်စီ စတဲ့ ကျေးရွာတွေမှာ တန်းလျားနဲ့ ရွက်ဖျင်တဲတွေ ဆောက်လုပ် ပေးထားပါတယ်။

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်ပေါင်းဟာ ၆ သောင်းကျော် ရှိပါတယ်။
 DVB(မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment