မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ တူရကီနိုင်ငံ ပြည်သူ့ဝန်ထမ်း ကုန်သွယ်ရေးသမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံရှိ မူဆလင်များအား တူရကီ လီရာငွေ နှစ်သိန်း (အမေရိကန် ဒေါ်လာ တသိန်း တသောင်းကျော်) ပေးပို့ကူညီသွားမည်ဟု သိရှိရသည်။
အန်ကာရာမြို့တွင် နံနက် ဥပုသ်ထွက်စာ သုံးဆောင်နေစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ Ahmet Gundogdu က သတင်းထောက်များအား “သမဂ္ဂ ၁၁ ခုနဲ့ အဖွဲ့ချုပ်အနေနှင့် မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို လီရာငွေ နှစ်သိန်း ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ရိုဟင်ဂျာ မူဆလင်များမှာ ဗုဒ္ဓဘာသာ မြန်မာအစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ရောက်နေရသည်ဟူ၍လည်း Gundogdu က ထည့်သွင်းပြောဆိုသွားကြောင်း Andolu Agency သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
By Mizzima
No comments:
Post a Comment