Friday 27 July 2012

နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ သုံးစွဲနိုင်တော့မည်



အမေရိကန်နှင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ စတင် လျှော့ချပြီး  စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ချေ ရှိသည့် သတင်းများ ထွက်ပေါ်လာနေချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ လက်ခံသုံးစွဲခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၁၃မှစတင်ပြီး ဗီဇာ၊ ဂျေစီဘီ၊ စီယူပီ ခရက်ဒစ်ကဒ်များ သုံးစွဲနိုင်မည် (ဓာတ်ပုံ – Reuters)
လာမည့် ၂၀၁၃မှ စတင်ကာ ပြည်တွင်းသို့ လာရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် နိုင်ငံ တကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည့် ဗီဇာကတ် Visa Credit Card ၊ ဂျပန်နိုင်ငံသုံး ဂျေစီဘီ ကတ် Japan Credit Bureau (JCB) Credit Card နှင့် တရုတ်နိုင်ငံသုံး စီယူပီ ကတ် China Union Pay (CUP) Credit Card သုံးမျိုးကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိကဘဏ် သတင်း ရပ်ကွက်များက ဆိုသည်။
အဆိုပါ နိုင်ငံတကာ ခရက်ဒစ်ကတ် စနစ်ကို  မြန်မာနိုင်ငံ ဗဟိုဘဏ်၏ MPU (Myanmar Payment Union) စနစ်လုပ်ခွင့် ရ အဖွဲ့ဝင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က လုပ်ကိုင်ခွင့် ရသွားခြင်းဖြစ်ပြီး ယင်းဘဏ်များနှင့် ချိတ်ဆက် ထားသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ငွေပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါ နိုင်ငံတကာ ခရက်ဒစ်ကတ်များသုံးစွဲခွင့်ကို လက်ခံပေးမည့် ဘဏ်များသည် ပြည်တွင်းရှိ စူပါ မားကတ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များအစရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်း သဘော ချိတ်ဆက်မှုများကို လာမည့် လအနည်းငယ်အတွင်း စတင်ဆောင်ရွက်သွားတော့မည်ဟုလည်း သိရသည်။
ဗဟိုဘဏ်၏ ခွင့်ပြုချက်ရ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ ဖြိုး မှုဘဏ်၊ CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြဝတီ ဘဏ်တို့ ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment