Friday 27 July 2012

ကလေးသူငယ်များအား ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးမည့်အစီအစဉ်စတင်

ကလေးသူငယ်များ ဥပဒေရေးရာအရ ရင်ဆိုင်ရမည့် အခြေအနေများ ကြုံတွေ့လာလျှင် ဥပဒေဘောင်အတွင်းမှ ရပိုင်ခွင့် အခွင့်အရေးများကို ကူညီကာကွယ်ပေးမည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း ရတနာ့မေတ္တာ အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် ရတနာ့မေတ္တာအဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံအနှံ့ ဆောင်ရွက်ရန် ရှိသော်လည်း ရန်ပုံငွေအခက်အခဲကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင်သာ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ အစီအစဉ်အရ ကလေးသူငယ်များ တရားရုံးတွင် ရင်ဆိုင်ရမည့် အမှုအခင်းများရှိပါက လုပ်အားပေး ရှေ့နေများမှ အခမဲ့ ရှေ့နေလိုက်ပေးခြင်း၊ အမှုအတွက် ရုံးစရိတ်နှင့် စာရွက်စာတမ်း စရိတ်များ ကျခံပေးခြင်း သွားမည်ဟု ၄င်းကပြောသည်။ “ကလေးတွေရဲ့ အမှုအခင်းတွေမှာ သူတို့က တရားခံပဲဖြစ်ဖြစ်၊ တရားလိုပဲဖြစ်ဖြစ် သူတို့ဘက်က ရှေ့နေလိုက်ပေးသွားမှာပါ။ တရားခံဖြစ်နေခဲ့ရင် အပြစ်ကနေလွတ်အောင် အားပေးအားမြှောက် ဆွဲထုတ်မှာ မဟုတ်ပါဘူး။ ဥပဒေကြောင်းအရ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ ကူညီပေးသွားမှာပါ” ဟု ၄င်းကပြောသည်။ အခမဲ့ရှေ့နေ လိုက်ပေးခြင်းအပြင် အမှုအခင်း ဖြစ်ပွားပြီးသူ ကလေးငယ်များအား ပညာရေးပံ့ပိုးမှုများပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပံ့ပိုးမှုများ သင်ကြားပေးခြင်း တို့အပြင် စိတ်အားမငယ်စေရန် စိတ်ဓါတ်မြှင့်တင်ခြင်းတို့ကိုပါ ပြုလုပ်သွားမည်ဟု သိရသည်။ အကူအညီများ ရယူလိုပါက ရတနာ့မေတ္တာအဖွဲ့ အမှတ် (၄၀၆)၊ အောက်ပုစွန်တောင်လမ်း၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၂၀၁၄၈၀ သို့ ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


http://www.onekokoaung.co.cc/2012/07/blog-post_8996.html?spref=fb

No comments:

Post a Comment