Friday 27 July 2012

မြန်မာအပြောင်းအလဲများကြောင့် ထိုင်းတွင်မြန်မာစကား သင်ယူရန်စိတ်ဝင်စားမှုပိုများလား

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲလာမှုများကြောင့် ရင်းနှီးမြှုပ်နှံခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာသဖြင့် ထိုင်းနိုင်ငံတွင်း၌လည်း စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာဘာသာစကား သင်ယူရန် စိတ်ဝင်စားမှု ပိုများလာသည်ဟု သိရသည်။ ထိုင်းနိုင်ငံ ချုလာလောင်ကွန် တက္ကသိုလ်တွင် နှစ် ၂၀ ကျော်ကြာ သင်ကြားလျက်ရှိသော ဆရာမဒေါ်သန်းသန်းမြင့်က ယခင်က ဆိုပါက သူမ၏ မြန်မာဘာသာစကား သင်တန်း၌ ကျောင်းသားဦးရေ ပြည့်မီခြင်းမရှိလှဘဲ နည်းပါးခဲ့ကြောင်း ဆိုသည်။ သူမက “သိပ်မကြာခင်ကတော့ အတန်းသစ် ဖွင့်ပြီလားဆိုပြီး ကျွန်မကို လာစောင့်နေကြတဲ့သူတွေ တော်တော်တွေ့လာရပါတယ်။ ဒါပေမဲ့ သင်တန်းက လုပ်ဆောင်နေဆဲမို့ (အသစ်) မဖွင့်နိုင်ပါဘူး။ ဒီလအတွင်းတော့ ဖွင့်ရင်ဖွင့်ဖြစ်မှာပါ” ဟု ရှင်းပြသည်။ ဒေါ်သန်းသန်းမြင့်၏ မြန်မာဘာသာစကား သင်တန်းသည် စုစုပေါင်း စာသင်ချိန် နာရီ ၃၀ ကြာ သင်တန်းဖြစ်ပြီး ကလေးများနှင့် လူကြီးများအတွက် တန်းခွဲများ ခွဲခြားသင်ကြားပေးလျက်ရှိသည်။ မော်တော်ယာဉ် အစိတ်အပိုင်းနှင့် ယာဉ်ဟောင်းရောင်းချသူ မစ္စတာပရီချာလတ် ပရီချာပက်ဒီကလည်း “ထိုင်းဟာချမ်းသာတဲ့ မြန်မာတွေအတွက် လာလည်ဖို့ ပထမ ဦးစားပေးနေရာ ဖြစ်တယ်ဆိုတာ စီးပွားရေးသမား တစ်ဦးအနေနဲ့ ကျွန်တော်သိပါတယ်” ဟု ပြောသည်။ ယခုအခါ ချုလာလောင်ကွန် တက္ကသိုလ်တွင် သင်ကြားနေသော မြန်မာစကားသင်တန်း အောင်မြင်မှုကို အခြေခံ၍ ထိုင်းနိုင်ငံအနှံ့ သင်တန်းများဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


http://www.onekokoaung.co.cc/2012/07/blog-post_6211.html?spref=fb



No comments:

Post a Comment