Sunday 21 October 2012

ပုသိမ် NLD ပါတီဝင်အချို့ နှုတ်ထွက်မယ်လို့ ပြော


NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ရဲ့ပုသိမ်မြို့ နယ်က ပါတီဝင်တချို့ နှုတ်ထွက်မယ်လို့ နှုတ်ထွက်မယ့်သူတွေက BBC ကိုပြောပါတယ်။

မြို့ နယ်ပါတီညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ နဲ
့အခုနှုတ်ထွက်မယ့်မြို့ နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဝင်တချို့ အကြားသဘောထား ကွဲကြရာက ပါတီဝင်တချို့ နှုတ်ထွက်မယ်လို့  စနေနေ့ ကဆုံးဖြတ်ကြကြောင်းသိရပါတယ်။

အဲ့ဒီလို ပါတီဝင်တချို့ နှုတ်ထွက်မယ်လို့ မပြောခင် စနေနေ့ မနက်ပိုင်းကလဲ ပါတီရဲ့နာယက အဖွဲ့ ဝင်ဦးတင်ဦးလည်း ပုသိမ်ကိုရောက်လာပြီး ဒီကိစကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။

နှုတ်ထွက်မယ့်အထဲမှာ ဦးဆောင်ပါဝင်သူတွေကတော့ ပါတီအဖွဲ့ ဝင်အဖြစ်က ယာယီရပ်ဆဲခံထားရတဲ့ ပုသိမ်မြို့ နယ်ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဝင်ဖြစ်တဲ့ ဒေါက်တာသန်းထိုက်၊ ဦးညွန့် လှိုင်နဲ့ ဦးသန်းဝင်းတို့ ဖြစ်ကြပါတယ်။

နှုတ်ထွက်မယ့် သူတွေဟာ NLD ဗဟိုနဲ့  မြို့ နယ်ပါတီ ညီလာခံကျင်းပရေး ကော်မရှင်တို့ ကတောင်းဆိုထားသလို အောင်နိုင်ရေးရုံးကဆိုင်းဘုတ်ကို ဖြုတ်ချပြီး ရုံးကို ပိတ်သိမ်းပေးမှာလည်း ဖြစ်သလို အောက်တိုဘာ ၂၇ ရက်မှာစုပေါင်းနှုတ်ထွက်ကြမယ်လို့ ဆိုပါတယ်။

နှုတ်ထွက်မယ့်သူ ရာဂဏန်းရှိနိုင်တယ်လို့ ဒေါက်တာသန်းထိုက်ကပြောပေမယ့် ပုသိမ်မြို့ နယ် ပါတီညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးသီဟကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိနိုင်မယ်လို့  BBC ကိုပြောပါတယ်။

ညီလာခံကျင်းပရေး ကော်မရှင်မှာ ပါဝင်တဲ့ အဖွဲ့ ဝင်တွေနဲ့ ပက်သက်ပြီး နှစ်ဘက် အငြင်းပွားခဲ့ကြပြီးနောက် ပုသိမ်မြို့ နယ်မှာ NLD ရုံးနှစ်ရုံးက အပြိုင်ဖြစ်နေခဲ့ကြပါတယ်။

ဥပဒေအရ မြို့ နယ်ပါတီရုံး ၁ ရုံးသာ ထားရှိရမှာဖြစ်သလို ဒီမိုကရေစီနည်းနဲ့ အညီ အများသဘောတူတဲ့နည်းကိုပဲ လိုက်ပါလုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ဦးသီဟကပြောပါတယ်။

နှုတ်ထွက်မယ့်သူတွေဖက်ကတော့ မြို့ နယ်ခေါင်းဆောင်တွေဟာ ကော်မရှင်အတွက် သူတို့ နှစ်သက်သူကို မျက်နှာသာပေးပြီး ရွေးချယ်ခဲ့တယ်လို့  စွပ်စွဲခဲ့ပါတယ်။

NLD ပါတီဟာ အောက်ခြေအဆင့် ဒေသဆိုင်ရာ ပါတီညီလာခံတွေကို ကျင်းပနေကြပြီး ဗဟိုညီလာခံကိုတော့ လာမယ့်လပိုင်းတွေမှာ ကျင်းပမယ်လို့ သိရပါတယ်

By BBC Burmese

No comments:

Post a Comment