Sunday 21 October 2012

လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေစိုးရိမ်ရ


ရန်ကုန်၊ အောက်တိုဘာ ၂၀။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး၊ လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံသို့
ရောက်ရှိသတင်းယူနေသူ သတင်းမီဒီယာသမားတဦး၏
လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရှိကြောင်း
လက်ပန်တောင်းတောင် ဒေသသို့ ရောက်ရှိနေသော ရန်ကုန်နိုင်ငံရေးသမားတဦးက ပြောကြားသည်။

မန္တလေးအခြေစိုက် သတင်းသမားတဦးဖြစ်သူ ကိုရဲရင့်သည် လက်ပန်တောင်းတောင်ကြေးနီ စီမံကိန်း
ရပ်တန့် ရေး ဆန္ဒထုတ်ဖော်မူများဖြစ်ပေါ်ခဲ့ချိန်အတွင်းထိုဒေသသို့ ရောက်ရှိခဲ့ပြီး နယ်မြေရဲစခန်းမှ ရဲဝန်ထမ်း
နှစ်ဦးကိုအင်တာဗျူး လုပ်ခဲ့ပြီး ထို video file မှာ နိုင်ငံတွင်း အင်တာနက် စာမျက်နှာများတွင်သာမက နိုင်ငံတကာ
ရုပ်သံလိုင်းတခုတွင်ပါ ပျံ့နှံ့ သွားခြင်းကြောင့် ရဲဝန်ထမ်းများကြား သဘောထားကွဲလွဲမူများ ဖြစ်ပေါ်ခဲ့ကြောင်း
၎င်းက ပြောကြားသည်။

" ကိုရဲရင့်ရဲ့ လုံခြုံရေးအခြေအနေကစိုးရိမ်ရတယ်။ သူ့ကို ဓါတ်ပုံရိုက်ယူတာမျိုးတွေ၊ အရပ်ဝတ်နဲ့ လုံခြုံရေးတွေက
သူသွားတဲ့နေရာတွေမှာ ပါလာတာမျိုးတွေ၊ အင်တာဗျူးလုပ်ခဲ့တဲ့ဆိုင်က ဆိုင်ရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးတွေ
အာဏာပိုင်တွေဘက်ကလုပ်နေတယ်'' ဟု ၎င်းက ဆိုသည်။

ကိုရဲရင့်ကို ဆက်သွယ်မေးမြန်းရာတွင်ယခုလအတွင်းလည်းကောင်း အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်
နေသောဂျာနယ်တိုက်သို့အာဏာပိုင်များက လာရောက်စုံစမ်းပြီး နေရပ်လိပ်စာတောင်းခြင်း၊ တယ်လီဖုန်းနံပါတ်
တောင်း ခြင်းများနှင့် ၎င်း၏ကိုယ်ရေးအချက်လက်များကို ရယူခြင်းများကို ပြုလုပ်သွားကြောင်း၊ ၎င်းအနေဖြင့်
သတင်းမီဒီယာလော က တွင် အမှန်တရားကို ဖော်ထုတ်လိုသော စိတ်ဖြင့်သာ သတင်းရယူခြင်းဖြစ်ပြီး မည်သည့်
မီဒီယာကျင့်ဝတ်ကိုမှချိုးဖောက် ခြင်း မရှိခဲ့ကြောင်း၊ အင်တာဗျူးဖြေကြားပေးသူ ရဲတပ်ကြပ် အောင်ဝင်းထွန်းနှင့်
တပ်သားတဦးကို ဖမ်းစီးခဲ့ခြင်း ကြောင့် လည်း စိတ်မကောင်းဖြစ်မိကြောင်း၊ ဒီမိုကရေစီ၏စံနှုန်းများကို တိုင်းတာရာတွင်
သတင်းဒီယာလွတ်လပ်ခွင့်မှာလည်း တစ်ချက်အပါအ၀င်ဖြစ်သောကြောင့် မိမိဖြစ်ပေါ်ခံစားနေရသော အခြေအနေဖြင့်
မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ် ခွင့်မည်မျှရှိသည်တိုင်းတာနိုင်မည်ဟုမျှော်လင့်ကြောင်းပြန်လည်ဖြေကြားသည်။
PL

By Yangon Chronicle

No comments:

Post a Comment