Sunday 21 October 2012

အဝေးသင်တက္ကသိုလ်ကျောင်းသားတို့ ပညာရေးကို ငွေနဲ့ လှယ်နေရ

စစ်တွေမြို့ရှိ အဝေးတက္ကသိုလ် တက်ရောက်ရန်အတွက် ရခိုင်ပြည် အနယ်နယ်အရပ်ရပ်မှ စစ်တွေမြို့ပေါ်သို့ ရောက်ရှိလျှက်ရှိပါသည်။ တက္ကသိုလ် အနီးကပ်တတ်ရောက်နိုင်အတွက် အိမ်ခန်းခ၊
ကျောင်းကား ဖယ်ရီခအပါအ၀င် နံနက်စာ ထမင်းကို ကျောင်းတွင်သာ စားသောက်ရသည့်အတွက် စရိတ်စခများအလွန်အကျံ ကုန်နေရသည့်အထဲ တက္ကသိုလ်ဆရာ/ဆရာမများမှ အနီကပ်စာကို အသေအချာမသင်ဘဲ အပြင်ပ ကျူရှင်သို့သာ ခေါ်ယူလျှက် သင်ကြားနေပါသည်။ ထိုသို့ ပြင်ပကျူရှင်ခေါ်ယူလျှက် တစ်ဘာသာလျှင် ၁၀၀၀၀(တစ်သောင်း)နှုန်း တစ်ဝိုင်း ဘာသာစုံလျှင် ၄၅၀၀၀ (လေးသောင်းခွဲ)စီပေးရပါသည်။ တချို့ နာမည်ဝိုင်းတွေမှာဆိုရင် ၅၀၀၀၀(ငါးသောင်း)ကျပ်နေ ၇၀၀၀၀(ခုနှစ်သောင်း)လောက်ထိကို ရှိပါတယ်။ ထို့သော အပြင်ကျူရှင် မယူလျှင် စာမေးပွဲကို အကြောင်းပြပြီး ဆရာ/မများမှ ကျူရှင်ယူဖို့ ခြိမ်းခြောက်ကြပါသည်။ ထို့အပြင် စာမေးပွဲ ဖြေပြီးလျှင်လည်း စာမေးပွဲ အောင်ဖို့အတွက် ဆရာ/မများကိုလည်း ကန့်တော့ရသည်ဖြင့် အကုန်အကျစရိတ်များမှာ အလွန်များပြားလှသဖြင့် မရှိဆင်းရဲသား ကျောင်းသား/သူများမှာ ပိုက်ဆံမတတ်နိုင်သဖြင့် စာမေးပွဲ ဖြေဆိုဖို့မှာ များစွာ အခက်အခဲရှိပါသည်။ ထို့ကြောင်း အစိုးရ ပညာရေးဌာနများမှ အပြင်ကျူရှင်ပြခြင်းကို ထိန်းသိမ်းသင့်သည်ဟု အဝေးသင် ဒုတိယနှစ် အင်္ဂလိပ်စာကျောင်းသားမိဘ တယောက်မှ RSV ကို ပြောပြသွားပါသည်။ “အခုက ဗျာ ပညာသင်တာထက် ဆရာ/မတွေက သူတို့ ဂုဏ်ပုဒ်ကို အသပြာနဲ့ လှဲနေသလိုပဲ။ ပညာသင်တာကလည်း ပညာထက် ငွေကြေးနဲ့ လှဲလှယ်နေရသလိုပဲ၊ ဒါကြောင့် မရှိလို့ အဝေးသင်ယူတယ်။ ဒါကို Day ကျောင်းသားတွေထက်ကို ပိုက်ဆံက ပိုကုန်နေတယ်။ ဒါကြောင်း အပြင်ကျူရှင်ပြတာကို တော့ ကန့်သတ်သင့်တယ်လို့မြင်ပါတယ်”လို့ ပြောပြသွားပါသည်။

By Rakhine Straight Views

1 comment:

  1. ဟုတ်ပါတယ်ရှင့်သမီးလည်းပထမနှစ်(မြန်မာစာ)မိတ္ထီလာမှာတက်ပါတယ်တစ်ဘာသာ(၁ဝဝဝဝ)ကျပ်နဲ့တစ်ဝိုင်း ဘာသာစုံလျှင် ၄၅၀၀၀ (လေးသောင်းခွဲ)စီပေးရပါတယ်
    အဆောင်ခထမင်းစရိတ်နဲ့ဆိုစတက်တဲ့နေ့မှာတင်(၂)သိန်းနီးပါးကုန်ကျပါတယ်ကျူရှင်ခတွေကတော်တော်များတယ်လို့ထင်ရပါတယ်

    ReplyDelete