Sunday 21 October 2012

ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင်ပထမဆုံး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုမိန့်ဖြင့် ဆန္ဒ ဖော်ထုတ်


ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင် ပထမဆုံး
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်
ဥပဒေအရ ခွင့်ပြုမိန့်ဖြင့်အလုပ်သမား
သမဂ္ဂအဖွဲ့ ၅ ဖွဲ့က လူဦးရေ ၂၀၀ ခန့်ဖြင့်
ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။

“တရားမဲ့ အလုပ်ထုတ်မှု ရပ်တန့်ရေး... ဒို့အရေး” “အလုပ်ရှင်သြဇာခံသမဂ္ဂများ
ဖယ်ရှားရေး... ဒို့အရေး”“သမဂ္ဂဖြိုမှု ရပ်တန့်ရေး... ဒို့အရေး”စသော ကြွေးကြော်သံများ
အပါအ၀င် ကြွေးကြော်သံ ၉ ချက်ဖြင့်ကနောင်မင်းသားကြီးလမ်းမအတိုင်း စီတန်း
လှည့်လည်ကာ ဆိုင်းဘုတ်ငယ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း
သိရသည်။





By Popular Myanmar News Journal

No comments:

Post a Comment