Sunday 7 October 2012

အိုဘားမားကို မဲပေးလိမ့်မည်ဟု ဗင်နီဇွဲလား သမ္မတဆို


ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်က သူသာ အမေရိကန် နိုင်ငံသားဖြစ်ပါက လာမည့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘားရက် အိုဘားမားအား ဆန္ဒမဲပေးမည်ဟု အံ့အားသင့်ဖွယ် ပြောကြားခဲ့သည်။

အမာခံ လက်ဝဲဝါဒီ ဖြစ်သော ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်က စက်တင်ဘာလ ၃ဝ ရက်နေ့က ပုဂ္ဂလိက ရုပ်သံလိုင်း တစ်ခုဖြစ်သော Televen ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်သာ အမေရိကန် ပြည်ထောင်စုက ဆိုရင် အိုဘားမား ကို မဲပေးမှာပါ”ဟု ချာဗက်က ပြောကြားခဲ့သည်။
ထို့အတူ အိုဘားမားသာ ဗင်နီ ဇွဲလား နိုင်ငံသားဖြစ်ခဲ့ပါက သူ့ကိုသာ မဲပေးလိမ့်မည်ဟုလည်း ပြော ကြားခဲ့သည်။
ဗင်နီဇွဲလား နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှာ အစဉ်အလာအားဖြင့် ရင်းနှီးသော ဆက်ဆံရေး မရှိဘဲ လက်ရှိဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်မှာ အမေရိကန် သမ္မတ အိုဘားမားအား ပြစ်တင် ဝေဖန်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ အံ့အားသင့်ဖွယ် ပြောကြားခဲ့ခြင်း အပေါ် ကျွမ်းကျင် သူများက အမျိုးမျိုး အဖုံဖုံ သုံးသပ် ကြ သည်။
အမေရိကန် သမ္မတ အိုဘားမားသည် လာမည့် နိုဝင်ဘာ ၆ ရက်နေ့ သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ရီပတ်ဘလီကင် သမ္မတ လောင်းမစ်တ်ရွမ်နေနှင့် ယှဉ်ပြိုင် အရွေးခံ ရမည်ဖြစ်ပြီး ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက် သည်လည်း အောက်တိုဘာလ ၇ ရက်တွင် အတိုက်အခံ သမ္မတဟောင်း ဟင်းန ရစ်ကာပရီးလက်စ်နှင့် ယှဉ်ပြိုင် အရွေးချယ် ခံရမည်ဖြစ်သည်။
ချာဗက်က အိုဘားမားအား လူကောင်း ‘Nice Guy’ ဟု သုံးနှုန်း ခေါ်ဝေါ်ခဲ့ပြီး အိုဘားမား အနေဖြင့် မကြာမြင့်မီ အချိန်များက ဖြစ်နိုင် ဖွယ်ရှိသည့် အခြေခံ ကျသော အ ကြောင်းအရာများကို ပြောဆိုခဲ့သည့် နည်းတူ မိမိတို့ ဗင်နီဇွဲလားနိုင်ငံ သည် အမေရိကန်နိုင်ငံ၏ အကျိုး စီးပွား အတွက် ခြိမ်းခြောက်မှု တစ် ခု မဟုတ်ဟု ဆိုခဲ့သည်။
ချာဗက်က ယခုကဲ့သို့ ပြော ဆိုခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ နှစ်ပေါင်း များစွာ တင်းမာ လျက် ရှိပြီး ၂ဝ၁ဝ ခုနှစ်ကတည်း က နှစ်နိုင်ငံ မြို့တော် အသီးသီး တွင် သံအမတ်ကြီးများ ခန့်အပ်ထားခြင်း မရှိဟု သိရသည်။
ချာဗက်က ရီပတ်ဘလီကင် သမ္မတလောင်း မစ်တ်ရွမ်နေအား အစွန်းရောက် လက်ယာဝါဒီ ဟုပြောဆို သုံးနှုန်းခဲ့ပြီး ၄င်းက အခြေခံမကျသည့် အရာများကို အဆိုပြုသူ ဟု ဆိုခဲ့သည်။
ဗင်နီဇွဲလား နိုင်ငံတွင် ၁၃ နှစ် ကျော် အာဏာ ရယူထားခဲ့သော ချာဗက်က လာမည့် ရွေးကောက်ပွဲတွင် ၄င်းနှင့် အိုဘားမားတို့သာ အနိုင်ရခဲ့ပါက နှစ်နိုင်ငံကြား ပုံမှန် ဆက်ဆံရေး ခေတ်သစ်တစ်ခုကို စတင် နိုင်လိမ့်မည်ဟု ဆိုထားရာ ကျွမ်း ကျင်သူများက ချာဗက်၏ နိုင်ငံရေး မဲဆွယ်မှု တစ်ခုလည်း ဖြစ်နိုင်သည် ဟု သုံးသပ်ကြသည်။
PN-055
Ref: AFP

By Popular Myanmar

No comments:

Post a Comment