Sunday 7 October 2012

အင်တာနက်နှင့် ဘာသာရေး စစ်ပွဲ


ဘာသာရေး စစ်ပွဲ (Crusade) ဆိုတာ ဟိုးအရင့်အရင်တွေကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ဘာသာရေး စစ်ပွဲကို ဂျေရုစလင်မှာ စတယ်လို့လည်း မှတ်သားရပါတယ်။ ရိုမန် ကပ်သလစ်
ဂိုဏ်းဝင်နိုင်ငံများနဲ့ အစ္စလာမ်ဘာသာဝင်နိုင်ငံများ အကြား ဖြစ်တဲ့ စစ်ဖြစ်ပါ တယ်။ ဂျေရုစလင်မြို့ နဲ့ အစ္စရေးတိုင်းပြည် ကိုလုတဲ့ စစ်ပွဲ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၀၉၆ ကနေ ၁၀၉၉ ခုနှစ်အတွင်း ဖြစ်ပြီး ရလဒ် ကတော့ အစ္စရေး တိုင်းပြည်တစ်ခုတော့ ရိုမန်ကပ်သလစ် ဘာသာ လက်အောက်သို့ ပြန်လည် ရောက်ရှိသွားပါတယ်။

ဒီတော့ ဘာသာရေး စစ်ပွဲဆိုတာ ဂျေရုစလင်မှာပဲ ဖြစ်ခဲ့တယ်လို့ မှတ်ယူထားကြပါတယ်။ ဘာသာရေး စစ်ပွဲဆိုတာ ယနေ့ခေတ် မှာ နေရာအနှံ့အပြား ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ စာဖတ်သူတို့လည်း သိရှိပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာလည်း ဟိုးအရင်အချိန်ခါ က ဖြစ်ခဲ့သလို အခုလည်း ရခိုင်ပြည်နယ်မှာ ဖြစ် ပျက်နေပါတယ်။ အမှန်တော့ မူရင်းအစက လူမျိုးရေး စစ်ပွဲမျှသာ ဖြစ်ပြီး ဘာသာရေး စစ်ပွဲ အသွင်ပြောင်းလဲသွားအောင် အဘက်ဘက် က မွေးပေးလိုက်တဲ့ မီးဖြစ်ပါ တယ်။ ဒါကြောင့် လက်တလော အင်တာနက်မှာ ပျံ့ နေတဲ့ ပုံက ဗုဒ္ဓ ဆင်းတုတော်များကို ဖျက်ဆီးနေတဲ့ ပုံများ၊ အသရေ ဖျက်နေတဲ့ ပုံများ ဖြစ်ပါတယ်။ တစ်ဖက် အစ္စလာမ်ဘာသာတို့ဘက်က ပြန်ကြည့်ပေး ရင်လည်း အမြင်မတော်တဲ့ Photoshop အမျိုးမျိုးနဲ့ အသရေအဖျက်ခံရတဲ့ ကိုးကွယ်ရာပုံများလည်း တွေ့ရပါတယ်။ ဒီတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလန် အင်တာနက်မှာ အကြီးအကျယ် စစ်ဖြစ်နေပါတယ်။ ပြည်တွင်း တင်မကပဲ ပြည်ပက အစုအဖွဲ့တွေပါ ပါဝင်လာတာမျိုး ဖြစ်ပါတယ်။

စာဖတ်သူတို့ ဒီ ငြင်းခုန်မှတွေ၊ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားမယ်လို့ ယူဆပါသ လား။ တကယ်ပဲ ဒီလို အပြန်အလှန် ပြောဆို မျှဝေမှုများက ဗုဒ္ဓဘာသာနိုင်ငံ ကို တကယ်ပဲ သန့်ရှင်းသွားစေမယ်လို့ ထင်ပါသလား။ ဒီမှာ အားသာတဲ့ တစ်ဖက်က အနိုင်ရလို့ အပြောင်းအလဲ ဖြစ်သွားပြီ ဆိုကြပါစို့ ဘာသာရေး အစွန်းအထင်းကတော့ ကျန်ခဲ့ပြီး လူမျိုးရေး စစ်ပြီးသွားပေမယ့် ဘာသာရေး စစ်ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ အငြင်းပွားနေကြအုံးမယ်။ တစ်ဖက်နဲ့ တစ်ဖက် ဆက်ပြီး ဒေါသမီးပွားနေကြပါအုံးမယ်။ စာဖတ်သူတို့ သားသမီး၊ မြေး၊မြစ် အစဉ်အဆက် လိုက် ဒါတွေ ဆိုးသထက် ဆိုးလာဖို့ပဲ ရှိပါတယ်။

ဒီတော့ စာဖတ်သူများက ဆိုပါလိမ့်မယ်။ ဒါတို့ လူမျိုးနဲ့ ဘာသာကို ချစ်မြတ်နိုးတာ၊ ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်တာ ဟူ၍ ဖြစ်ပါ တယ်။ လူမျိုး ချစ်တယ်ထား၊ နိုင်ငံချစ်တယ်ထား၊ ဗုဒ္ဓဘာသာကို ချစ်တယ်၊ ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ စဉ်းစားမိစေချင် ပါတယ်။ အမှန်တကယ် ဘာသာကို ချစ်မြတ်နိုးတယ် ဆိုတာ ကို စာဖတ်သူ တို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ပါသလဲ။ မိမိဘာသာကို ထိပါးပုပ်ခတ်သူမှန် သမျှကို လိုက်လံ သုတ်သင်ရှင်းလင်းတာမျိုးလို့ ထင်ပါသလား။ လာလာ တိုက်ခိုက်သမျှ ဘာသာခြားတို့ကို တစ်ခွန်းမကြံ ပြန်ခံပက်ပြီး တို့ဘာသာသန့် တယ်လို့ ဖော်ဆောင်တာမျိုး ဆိုရင်တော့ မသင့်တော်တဲ့ ကိစ္စ ရပ်မျိုး ဖြစ်ပါ တယ်။

မြတ်စွာဘုရားလောင်းတော် ဘုရားဖြစ်ရန် ကျင့်ကြံတော်မူစဉ်က နတ်ဆိုးတို့ အမျိုးမျိုး တိုက်ခိုက်ခဲ့ပါတယ်။ ဘုရား ဖြစ်မလာရန် အမျိုးမျိုး မြူစွယ်မှုများ၊ အနုနည်းတိုက်ခိုက်မှုများ၊ အကြမ်းနည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပါတယ်။ ဒီမှာ မြတ်စွာဘုရား ဘယ်လို အောင်နိုင်ခဲ့လည်း ဆိုတာ စာဖတ်သူတို့ သိရှိ မယ် ထင်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ဘယ်လို တိုက်ခိုက်မှုမျိုးမှ မပြုလုပ် ခဲ့ပါဘူး။ စိတ်ယုတ်စိတ်မာနဲ့ တိုက်ခိုက်သူဘက်ကသာ အလိုလို ရှုံးနိမ့်သွားရ ပါတယ်။

ထိုနည်းတူစွာ မြတ်စွာဘုရား ဟောသော တရားထဲမှာ ဗုဒ္ဓဘာသာ ထိပါးသူ မှန်သမျှ ခြေမှုန်းကြပါလို့ မပါခဲ့ပါ။ ဗုဒ္ဓဘာသာ စော်ကားသူမှန် သမျှ ပြန် လည်ခုခံ သုတ်သင်ကြလို့ မပါခဲ့ပါ။ အမှန်တကယ် ပါခဲ့တာက သစ္စာလေး ပါး မြတ်တရားကို အားထုတ်ရန် ဖြစ်ပါတယ်။ သာသနာ ပြန့်ပွားစေလိုခြင်း အကျိုးငှာ ပရိယတ္တိ သာသနာ၊ ပရိပတ္တိ သာသနာ၊ ပဋိဝေဒ သာသနာ ဟူ၍ သာသနာကြီး သုံးရပ်လမ်းစဉ်ချ၍ လေ့လာ၊ ကျင့်ကြံ၊ ပွားများ စေခြင်းမျှ သာ ဖြစ်ပါတယ်။ ဒီမှာ တိုက်ခိုက်၊ သုတ်သင်၊ ချေမှုန်းတို့ မပါပါဘူး။

လက်ရှိ အင်တာနက်စာမျက်နှာတွေမှာ ဘာသာခြားတို့ကို ဗုဒ္ဓဘာသာဝင် တို့က ပြန်လည် တိုက်ခိုက်နေကြပါ တယ်။ မီးရှို့ ထားသော ဆင်းတုတော်များ ကို အပြန်အလှန် မျှဝေ၊ Share နေကြပါတယ်။ ဒါကို ကောင်းသော လုပ်ရပ် လို့ ယူဆပါသလား။ ကိုယ် တစ်ခုရှဲတိုင်း၊ ကိုယ် တစ်ခု ပြန်လည် တိုက်ခိုက် တိုင်း မိမိဘာသာ တစ်ခါ ဂုဏ်သိက္ခာကျဆင်းတယ်လို့ မှတ်ယူစေချင်ပါ တယ်။ ဒီတော့ စာဖတ်သူတို့က ဆိုကြပါမယ်။ ဒီလိုမှ မလုပ်ရင် တို့ဘာသာ ပျောက်ကွယ်သွားလိမ့်မယ်။ လူမျိုးတုန်းသွားမယ် အစရှိ သဖြင့် ဖြစ်ပါတယ်။ လူမျိုးရေး ပြဿနာသာ ဖြစ်ပါတယ်။ ဘာသာရေး ပြဿ နာ မဟုတ်ရပါ။ ဒီလို ပြန်လည်တိုက်ခိုက်နေပြီး ဗုဒ္ဓဘာသာ တရားဒေသနာ တို့ကို မသင်ယူ၊ မလေ့လာမှသာ တကယ် ဘာသာ ပျောက်ကွယ်ရ တာ ဖြစ်ပါတယ်။ ပတ္တမြားကျောက်ဂူကို ဘာနဲ့ သုတ်သုတ် အရောင်မပျောက် သလို သဘာဝအမှန်တရားကလည်း ဘယ်လိုနည်းနဲ့ ဖျက်ဖျက် မပျောက် ကွယ်သွားတတ်ပါဘူး။ ယင်းသဘာဝအမှန်တရားကို ထိန်းသိမ်းစောင့်ရှောက် မှု မရှိခြင်းကသာ ယင်းသဘာဝကို ပျက်ဆီးဆုံးရှုံးစေခြင်းဖြစ်ပါတယ်။

အင်တာနက်သုံးနေကြတယ်။ Facebook အသုံးပြုနေကြပြီး မြတ်စွာ ဘုရားဟောကြားသော တရားတော်များကို ဖတ်ရှုဖို့လည်း အချိန်ပေးသင့် ပါတယ်။ လေ့လာရန် အချိန်ပေးသင့်ပါတယ်။ ယနေ့ခေတ်ခါ မွေးဖွား လာတဲ့ မြန်မာပြည်က လူငယ်တွေမှာ ဘာသာရေး အသိနည်းလာပါတယ်။ လပြည့်နေ့ ဘုရားသွား၊ အခါကြီးရက်ကြီး ဘုရားသွား၊ အချိန်တန် အလှူအတန်းလုပ် အစရှိသဖြင့်သာ သိတော့ပါတယ်။ တကယ်တန်း ဘုရားသွားတယ်၊ ဥပုဒ်စောင့်တယ်၊ သီလယူတယ်၊ အလှူအတန်းလုပ် တယ်ဆိုတာ ဘာကို ရည်ရွယ်ပြီး လုပ်နေတယ်ဆိုတာ တောင် မသိတော့ပါ ဘူး။ မရင့်ကျက်တဲ့ အတွေးအခေါ်ကလည်း ဘုရားသွားရင် အပြစ်တော့ လျော့ပါး တယ်လို့ ယူဆပြီး အပြစ်ပြေအောင် ရည်ရွယ်ချက်တဲ့ ဘုရားသွားကြပြန်ပါတယ်။ ဘုရားရှိခိုးကြပြန် ပါတယ်။ ဆုတောင်းကြပြန်ပါ တယ်။ဒီတော့ ဗုဒ္ဓဘာသာ မသင်ယူ၊မလေ့လာ၊ မအားထုတ် ခြင်းကမှသာ တကယ် ပဲ ဘာသာကို ပျောက်ကွယ်စေတဲ့ တရား ဖြစ်ပါတယ်။

တစ်ဖက်က လူမျိုးရေး ပြဿနာကို ဘာသာရေး စစ်ပွဲ သယောင် ဖြစ်လာအောင် မီးမမွေးကြစေလိုပါ။ တစ်ဖက်က တစ်ခုလုပ်ပေမယ့် ဘာသာရေးမှာလည်း မလစ်ဟင်းစေဖို့ အကြံပေးတိုက် တွန်းချင်ပါတယ်။ တစ်ဖက်က လူမျိုးရေးစစ်ပွဲအတွက် စာဖတ်သူတို့ ဇာတိသွေး၊ ဇာတိမာန် အမျိုးမျိုးပြနိုင် ပါ တယ်။ တစ်ဖက်မှာတော့ မိမိကိုးကွယ်ရာ ဘာသာကို မစွန်းထင်းစေ ဖို့တော့ လိုအပ်ပါတယ်။ မစွန်းထင်းစေဖို့ ဆိုလို့ ဘာသာကိုစော်ကားမှု များအား ပြန်လည်ရန်လိုခြင်းမဆိုလို။ မိမိဘာသာကို သန့်ရှင်းနေစေခြင်း ဖြစ်ပါတယ်။

လေးစားလောက်ဖွယ် ဟိန္ဒူဘာသာဝင် အိန္ဒိယလူမျိုး ဂန္ဒီ ပြောသွားသော ဆိုရိုးတစ်ခု ရှိပါတယ်။

An eye for an eye only ends up making the whole world blind.

မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံး အစားပေးလျော်နေ ရမယ်ဆိုရင် တစ်ကမ္ဘာလုံး မျက်ကန်း တွေဖြစ်သွား လိမ့်မယ် -------- ဟူ၍ ဖြစ်ပါတယ်။

ဆိုလိုရင်းကတော့ ရန်ကိုရန်ချင်း တုံ့ပြန်နေမယ်ဆိုရင် ကမ္ဘာကြီး တစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ် ဆိုတာမျိုးပဲ ဖြစ်ပါတယ်။ ဒီတော့ ဘာသာတစ်ခုက ဘာသာတစ်ခုကို တိုက်ခိုက်တိုင်း ယင်းဘာသာက ပြန်လည် တိုက်ခိုက် နေ ရင် ရလဒ်က ကမ္ဘာပျက်ဖို့ ပဲ ဖြစ်ပါတယ်။

ဒီတော့ စာဖတ်သူတို့ ဘာလုပ်ရမယ်ဆိုတာ သိရှိပြီလို့ ယူဆပါတယ်။ ဘာသာရေး တစ်စိုက်မတ်မတ် လုပ်နေသူကလည်း မိမိကိုးကွယ်ရာ ဘာသာ ကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရင်း ဘာသာရေး မလေ့လာ မလိုက်စားဖြစ်သေးတဲ့ သူများလည်း မိမိကိုးကွယ်တဲ့ ဘာသာ အလျောက် လေ့လာသင်ကြား၊ ကျင့်ကြံမှုသာ အားစိုက်ထုတ်စေဖို့ အကြံပေးလိုပါတယ်။ သည်းခံခြင်းဟာ မဟာအောင်နိုင်ခြင်း ဖြစ်ပါ တယ်။ ဒေါသကို ဒေါသနဲ့ ပြန်လည်တုံ့ပြန်ရင်တော့ ရလဒ်က ငရဲပဲ ဖြစ်ပါ တယ်။

ဘာသာရေးလုပ်ရန် အသက်အရွယ်နဲ့မဆိုင်ပါ။ အချိန်အခါ၊ နေရာဒေသ နဲ့မဆိုင်ပါ။ အသက်ကြီးမှ လုပ်ရမယ်လို့ မှားယွင်းတဲ့အသိကြောင့်လည်း ဗုဒ္ဓဘာသာဟာ တကယ်ပဲ မေးမှိန်လာရပါတယ်။ ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒ သုံးမျိုးသော သာသနာကို စောင့်ထိန်းလို့ သတ္တလောက ဆက်လက်အေး ချမ်းစေလိုခြင်းမှာ စာရေးသူရဲ့ ဆန္ဒ ဖြစ်ပါတယ်။
---
အောင်ခမ်း (TSJ team)

News from : TechSpace Journal

By Aye Chan Mon

No comments:

Post a Comment