Monday, 29 October 2012
အဲဒီခေတ်ထဲမှာ ကျွန်တော်တို့အားလုံးအရှိသားပဲ
“ပိုကောင်းအောင်လုပ်ပါ”
“ခေတ်မကောင်းဘူး”
ဟုတ်ပါပြီ။
ခေတ်ပိုကောင်းလာအောင်
အဲဒီခေတ်ထဲမှာ “သင်” အရှိသားပဲ”
တောမတ်(စ်)ကားလိုင်း(လ်)
အထက်ပါအဆိုအမိန့်ကို ဖတ်မိလေ သောအခါ နှစ်သက်လွန်းသဖြင့် မိမိမှတ် စုစာအုပ်လေးထဲတွင် ကူးယူထားမိသည်။ ထိုအဆိုအမိန့်ကို ဖတ်ပြီးသည့်နောက်တွင် အတွေးတို့ဆင့်ပွားခံစားမိလာရသည်။
ကျွန်တော်တို့လူအတော်များများ သည် မိမိကြုံတွေ့နေရသော လူမှုဝန်းကျင် လူ့ရပ်ခွင်မှ အဆင်မပြေမှုများ၊ မကျေနပ် မှုများနှင့် ကြုံတွေ့ရသည့်အခါတိုင်း၊ စကားစပ်၍ပြောမိကြလေတိုင်း နောက်ဆုံး ၌ “ခေတ်ကတော့ မကောင်းတော့ပါဘူး ကွာ၊ ပျက်နေပါပြီ။” ဟူ၍ ညည်းတွားခြင်း ဖြင့် အဆုံးသတ်မိကြလေ့ရှိသည်။ ဖောက်ပြန်ချို့ယွင်းမှုများ၊ မသမာမှုများ နှင့် သိမြင်ကြုံတွေ့ရလေတိုင်း “လူတွေ အတော်ဖောက်ပြန်လာကြပြီ၊ အကျင့် စာရိတ္တတွေပျက်ကုန်ကြပြီ၊ ခေတ်ကျပ် ခေတ်ဆိုးကြီးမှာ ငါတို့လူလာဖြစ်ရတာ ကံဆိုးပါတယ်”စသည်ဖြင့် ညည်းတွားအား လျှော့ကာ “ကံ” ကို ပုံချတတ်ကြပါသည်။
ရင်ဆိုင်ကြုံတွေ့နေရသောခေတ်ဆိုး ကြီးတွင် မိမိကိုယ်တိုင်ပါဝင်နေပေရာ ပျက်သောခေတ်၊ မကောင်းသောခေတ် ကိုကောင်းခေတ်ဖြစ်လာစေရန် မိမိမှာ လည်း တာဝန်ရှိသည်။ အုတ်တစ်ချပ်သဲ တစ်ပွင့်မိမိစွမ်းနိုင်သမျှပါဝင်သင့်သည်၊ ပါဝင်ရမည်ဟူသောအချက်ကို မေ့လျော့ ၍သော်လည်းကောင်း၊ မေ့ချင်ယောင် ဆောင်၊ တာဝန်ရှောင်ခြင်းဖြင့်သော်လည်း ကောင်းမသိလိုက်မသိဘာသာနေလိုက်ကြ သည်။
လူရွှင်တော်နှစ်ဦး၏ ပျက်လုံးတစ်ခု ကို သတိရမိသည်။ တစ်ဦးက “ငါကွာ သောက်ရေအိုးစင်လေးတွေတော့ ရေငတ် နေတာနဲ့ ၀မ်းသာအားရခပ်သောက်မိ တယ်၊ ဖြစ်ချင်တော့ ရေအိုးထဲမှာရေက မရှိဘူးကွ” ဟူ၍စကားကို ရပ်ထားသဖြင့် ကျန်လူရွှင်တော်က “အဲဒါနဲ့ မင်းက အိုး ထဲကိုသောက်ရေဖြည့်ခဲ့တယ်ပေါ့”ဟု ပြန်မေးလေ၏။ ထိုအခါပထမလူရွှင်တော် က “ဟင့်အင်း အဲဒီသောက်ရေအိုးစင်ကို တွန်းလှဲပစ်ခဲ့တယ်”ဟု ဟာသအရွှန်းဖောက် လေရာပရိသတ်များ ပွဲကျသွားလေသည်။ ဤပျက်လုံးသည်အမှတ်တမဲ့အားဖြင့် ရယ်စရာဖြစ်သော်လည်း အသေအချာ တွေးသော် “ဆရာဦးအောင်သင်း” ပြော သကဲ့သို့မောစရာဖြစ်လာရပါသည်။
ကျွန်တော်တို့ လူမှုနယ်ပယ်တွင် “တာဝန်မဲ့သည်ထက်လက်ရှိအခြေအနေ ကို ပိုမိုဆိုးဝါးစေသောဖောက်ပြန်ပျက်ယွင်း မှုများ”ကို တွေ့ရတတ်ပါသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ချီတက်လျှောက်လှမ်းကြရာတွင် ဥပမာအားဖြင့် ပြောရပါက “သောက်ရေ အိုးထဲ၌ ရေရှိ၊ မရှိကိုလည်း ကျွန်တော် တို့ သိရပါမည်။ သိအောင်လည်းကြိုးစား ရပါမည်။ ရေမရှိလျှင် (သို့မဟုတ်) ရေ နည်းနေလျှင် ကြည်လင်သန့်ရှင်းသော သောက်ရေကိုဖြည့်ဖို့ကြိုးစားရပါမည်။ ထိုမျှနှင့်လည်းတာဝန်မပြီးဆုံးသေးပါ၊ သောက်ရေအိုးစင်လေးမယိုင်လဲအောင် စောင့်ရှောက်ရမည့်အပြင်တွန်းလှဲဖျက်ဆီး သွားမည့်လူ့ဗာလတို့၏ အန္တရာယ်ကို လည်း မျက်ချည်မပြတ်သတိချပ်၍စောင့် ကြည့်ကာကွယ်ရပါမည်။
လွန်ခဲ့သော နှစ် (၂၀) ခန့်က “တို့ တိုင်းပြည်နေရာဌာနတိုင်းမှာ ပျက်နေပါ ပြီကွာ၊ ပြင်လို့မရတော့ပါဘူး”ဟု ညည်း တွားပြောဆိုတတ်သောအပေါင်းအသင်း ကျောင်းဆရာတစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်ကြပါသည်။ ထိုသို့သူကညည်း တွားလာသဖြင့် ကျွန်တော်ကလည်း ကျွန်တော်သိသလောက်နားလည်သလောက် ဖြင့် “ခေတ်စနစ်ကောင်းဖို့ဆိုသည်မှာ ထိုနိုင်ငံ၏ “မူ” ကောင်းရန်၊ “လူ” ကောင်း ရန်လိုအပ်ကြောင်း၊ “မူ”နှင့် “လူ” ကောင်း လာပါကခေတ်လည်းကောင်းလာမည်ဖြစ် ကြောင်း၊ ပြောမိသောအခါထိုကျောင်း ဆရာသည်ကျွန်တော့်စကားကိုရှေ့မဆက် ရန်ပြာပြာသလဲတားကာ “ဟေ့လူ နိုင်ငံ ရေးစကားတွေပြောမနေနဲ့ဗျာ။ ကိုယ့်ထမင်း ကိုယ်နပ်မှန်အောင်အေးအေးစားပါရစေ” ဟု ဆိုပြီးလျှင် ကျွန်တော့်အပါးမှထွက်ခွာ သွားပါသည်။ ကျွန်တော်သည်စာမဖတ် သောထိုကျောင်းဆရာကို သနားကရုဏာ သက်စွာကြည့်ရင်းကျန်ခဲ့ပါသည်။ ကျွန်တော့်စိတ်ထဲကတော့ “အေးပေါ့ဗျာ။ ခင်ဗျားလိုလူမျိုးတွေအနေနဲ့ ထမင်းတော့ နပ်မှန်အောင်စားရမှာပါ၊ ဒါပေမဲ့ ဟင်း တော့မပါဘူးပေါ့”ဟု ပြောနေမိပါသည်။
ကျွန်တော့်သက်တမ်းအရပြန်တွေး ကြည့်လျှင် အတိတ်၏အရိပ်ဆိုးကြောင့် “အရင်းရှင်” ဟူသော ဝေါဟာရကိုဘာမသ၊ိ ညာမသိနှင့် ကျွန်တော်တို့စက်ဆုတ်ခဲ့ကြ သည်။ “နိုင်ငံရေး” ဟူသော စကားလုံးကို အလိုလိုနေရင်းထိတ်လန့်ကြသည်။ “နိုင်ငံ ရေး” စကားပြောလျှင် အလုပ်ပြုတ်မည်၊ “နိုင်ငံရေး”လုပ်လျှင်ထောင်ကျမည်။ စသည်ဖြင့် အသိတိမ်စွာ၊ အကြောက် တရား၏လွှမ်းမိုးခြင်းကို ခံခဲ့ကြရသည်။ “နိုင်ငံရေး”နှင့် ပတ်သက်၍ ကျွန်တော်တို့ အားလုံး၏ကျေးဇူးရှင် “ဗိုလ်ချုပ်အောင်ဆန်း” က “နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာမြင့်မြတ်လွန်း သည်လည်းမဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ်္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ် ကောင်းသောကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်ဇောနှင့် လုပ်သောအရေးကိစ္စလည်း မဟုတ်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌ပေါ် ပေါက်ဖြစ်ပွားလျက်ရှိသော အခြေပေါ် တွင် မြှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ် သောအရေးကိစ်္စပင်ဖြစ်ပေသည်။ တစ်နည်း အားဖြင့်ဆိုသော်နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည်နိုင်ငံရေးပင်ဖြစ်၏” ဟူ၍ မိန့်ဆိုခဲ့ပါသည်။
ထို့ကြောင့် “နိုင်ငံရေး” ဟူသော ဝေါဟာရအပေါ်အကြောက်တရားဖြင့် မှောက်မှားတွေးထင်ခဲ့သော အတိတ်နေ့ စွဲများကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြဖို့ကောင်း ပါပြီ။
ဒီတော့ ပင်ပန်းနွမ်းနယ်နေသူခရီး သွားများကို အမောပြေစေမည့် “ရေချမ်း စင်” လေးမှာကုန်ခမ်းနေသည့်သောက်ရေ တွေဖြည့်တင်းပေးရန်၊ ယိုင်နဲ့နေတဲ့ရေချမ်း စင်လေးမပြိုမလဲခိုင်မြဲနေစေရန်၊ ရေချမ်း စင်လေးကို တွန်းလှဲဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ သောက်ရေခွက်ကြိုးချည်ထားရသည့် အကျင့်သီလချွတ်ခြုံကျသော အခြေအနေ မှ ရုန်းထွက်နိုင်ရန် နိုင်ငံရေးအသိဖြင့် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။
(တောမတ်(စ်) ကားလိုင်း(လ်) ၏ သတိပေးစကားအရ) “အဲဒီခေတ်ထဲမှာ ကျွန်တော်တို့အားလုံးအရှိသားပဲ”
မြင့်ငွေ၊ မော်ကျွန်း
By Hot News Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment