Monday 29 October 2012

လက်ပံတောင်းမှာ လုံထိန်းနဲ့ ဒေသခံ ထိပ်တိုက်တွေ့


မုံရွာခရိုင် လက်ပံတောင်းတောင်စီမံကိန်းဒေသ ဆည်တည်းရွာတွင် စနေနေ့ နံနက်ပိုင်းက ဒေသခံတချို့နှင့် လုံထိန်းရဲတို့ ထိပ်တိုက်တွေ့ခဲ့ကြောင်း သိရသည်။

တရုတ်ကုမဏီဝန်ထမ်း နှစ်ဦးက ဒေသခံတို့၏ စိုက်ခင်းပေါ်သို့ စွန့်ပစ်မြေ သွားရောက်ပုံသည့်အတွက် ဒေသခံ ၄၀ ကျော်က ၀ိုင်းဝန်းကန့်ကွက်ကြရာမှ
လုံထိန်းတို့ ရောက်လာပြီး ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“ယာမြေအတွင်းမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေက အပွင့်တွေ ပွင့်နေပါပြီ။ ခုတော့ ကျွန်မတို့ စိုက်ထားတဲ့သီးနှံတွေဆုံးရှုံးနေရပြီ”ဟု ဆည်တည်ကျေးရွာ
မှ ဒေသခံတဦးက ပြောသည်။

အလျော်စားပြန်ပေးရန်၊ မြေစွန့်ပစ်သူ ၂ ဦးကို ခေါ်ပေးရန် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် တာဝန်ရှိသူများကို ၀ိုင်းဝန်းတောင်းဆိုကြကြောင်း၊ ထိုသို့ တောင်းဆိုသည့် ဒေသခံ လူ ၄၀ကျော် အကြား တရုတ်ဝန်ထမ်း ၂ ဦး အချိန်အတော်ကြာ ပိတ်မိသွားကြောင်း သိရသည်။

“ပိတ်ထားတာမျိုး မဟုတ်ပါဘူး။ သူတို့ကို အကျိုးကြောင်းပြောပြီး တောင်းဆို
တဲ့ သဘောပါ။ လူအင်အားများတော့ တစ်ယောက်တစ်ပေါက်နဲ့ဆိုတော့ နဲနဲ ဂယက်ရိုက်သလို ဖြစ်သွားတာပါ။ အဲဒါကို လုံထိန်းရဲတွေ ကားတွေနဲ့ ရောက်
လာပြီး ဒေသခံတွေကို ၀င်ရိုက်သွားတာပါ။ အမျိုးသမီးတွေကိုလည်း မညှာပါဘူး။ လက်သီးတွေနဲ့ ထိုးပါတယ်။ လက်တွေလည်း လိမ်ချိုးပါတယ်” ဟု ယင်းအဖြစ်ပျက်တွင် ကိုယ်တိုင် မြင်တွေ့ခဲ့သည်ဟုဆိုသော ကိုဇော်ဦးက
ပြောသည်။

“ရဲတဦးက ကျွန်မကို လက်သီးနဲ့ထိုးတယ်။ ကျွန်မနှုတ်ခမ်းမှာ ဒဏ်ရာရ
သွားတယ်။ ခုထိ ခေါင်းလည်းမူးနေတုန်းပါဘဲ။ ယောကျာင်္းလေးတဦးဆို
ဆေးကုယူရတယ်” ဟု ဆည်တည်းကျေးရွာသူတစ်ဦးက ဧရာဝတီသို့
ပြောကြားခဲ့သည်။

ဝင်ရောက်စီးနင်းသည့် ရဲအင်အားမှာ ၂၀၀ ကျော်ခန့်ရှိပြီး အမျိုးသားများကို လက်ကိုင်တုတ်များနှင့် ရိုက်နှက်ခြင်း၊ လက်များကို ချိုးလိမ်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း၊ ရဲများ၏ အကြမ်းပတမ်းဝင်ရောက် စီးနင်းမှုကြောင့် အသက်ကြီးသူများ နေရာတွင် သတိလစ်မေ့မျောခဲ့ကြောင်း ဒေသခံ
များက ပြောကြသည်။

အမျိုးသမီးတို့ကို ၀င်ရောက်ထိုးသည့် ရဲများတွင် အဆိုးဆုံးမှာ အရာရှိ
တဦးဖြစ်ကြောင်း၊ ယင်းနေ့ညနေပိုင်းတွင် ဒေသခံ ၂၀၀ ကျော်က ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားထားကြောင်း
ဒေသခံတို့က ပြောသည်။

By Irrawaddy

No comments:

Post a Comment