Monday 8 October 2012

ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်သူအချို့အား တရားစွဲဆိုမှု လျှပ်စစ်နှင့်စက်မှုဝန်ကြီး မသိဟုဆို


ရန်ကုန်၊ အောက်တိုဘာ-၇

လွန်ခဲ့သောငါးလခန့်က မန္တလေး မြို့တွင် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းလမ်းလျှောက် ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့
သူများထဲမှ အချို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈) ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ တိုင်း ဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန် ကြီးက မသိရှိကြောင်းပြောကြားသည်။

တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ က “မီးထွန်းတာနဲ့တော့ အရေး မယူပါဘူး။ ကျွန်တော် အာမခံ ထားတာရှိပါတယ်။ တခြားအခြေ အနေကြောင့်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်မသိပါဘူး။ ကျွန်တော် အရေးမယူပါဘူး။ တရားလည်း မစွဲပါဘူး”ဟု အောက်တိုဘာ ၇ ရက်ကပြောသည်။

၂၀၁၂ ခုနှစ် မေလ ၂၀၊ ၂၁ ရက်က လျှပ်စစ်မီးရရှိရေး မန္တလေး မြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးရုံးရှေ့တွင် ထောင် ဂဏန်းရှိသော မန္တလေးမြို့ခံ လူထုမှာ ဖယောင်းတိုင်ထွန်းလမ်း လျှောက်ကာ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခဲ့ကြခြင်းဖြစ်ပြီး ယင်းလူအုပ် အတွင်းမှ ခေါင်းဆောင်ဖြစ်ဟန် တူသူအချို့ကို မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် အမှတ်(၈) ရဲစ ခန်းမှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင် ရာဥပဒေပုဒ်မ-၁၈ ရဲအရေးပိုင်မှု ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ယနေ့ ရဲစခန်းသို့ ခေါ်ယူစစ်ချက် ရယူခံရသူဒေါ်အမာနီကဆိုသည်။

“ကျွန်မတို့ကို မြို့နယ်ရဲမှူးက မေလ ၂၇ ရက်နေ့ကတည်းက အမှုဖွင့်တရားစွဲဆိုထားတာ။ အခု ရဲစခန်းမှာ စစ်ချက်မရှိလို့ စစ်ချက် ယူတာ။ ကျွန်မတို့ကတော့ တရား စွဲခံရမှန်း ခုမှသိတာ”ဟု ဒေါ်အမာ နီကပြောသည်။

ဖယောင်းတိုင်ထွန်းလမ်း လျှောက်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံများကိုပြကာ ယင်းဓာတ် ပုံများထဲမှ နိုင်ငံရေး၊ လူမှုရေးနယ် ပယ်တွင် ဦးဆောင်လှုပ်ရှားနေသူ များကို တရားစွဲဆိုခြင်းဖြစ်ပြီး ရဲမှတ်တမ်းတွင် လူ ၁၄ ဦး၏ နာမည်ကိုစာရင်းပြုစုထားကြောင်း၊ တရားစွဲဆိုခံရသူအရေအတွက် အတိအကျကို မသိရကြောင်း ဒေါ်အမာနီကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ အမှတ်(၈) ရဲစခန်းမှ ဒုရဲအုပ် အဆင့်ရှိ တာဝန်ကျရဲအရာရှိတစ် ဦးက “အမှုဟောင်းပါ။ ၅ လပိုင်း၊ ၂၇ ရက်နေ့ကတည်းက စွဲထားတဲ့ အမှုကို စစ်ချက်ယူတာပါ”ဟုသာ ပြန်လည်ဖြေဆိုသည်။

“ကျွန်တော်သတင်းယူတာ ကို ဆန္ဒဖော်ထုတ်မှုအတွက် ပုဒ်မ -၁၈ နဲ့ တရားစွဲဆိုထားပြီး ရဲစခန်း ကိုခေါ်တာ။ အသေးစိတ်တော့ ဘာမှမသိရသေးဘူး။ ဒီနေ့ ကျန်း မာရေးအခြေအနေကြောင့် ရဲစ ခန်းမသွားနိုင်ခဲ့ဘူး”ဟု ကိုမင်း ထက်ငြိမ်းချမ်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့မှ ဒေါ်အမာနီနှင့် ဒေါ်ခင်သန်းမြင့်တို့ကို အမှတ်(၈) ရဲစခန်းသို့ ယနေ့ ခေါ်ယူစစ်ချက် ရယူခဲ့ပြီး ကိုမင်းထက်ငြိမ်းချမ်းကိုလည်း ခေါ်ယူခဲ့ကြောင်းသိရသည်။“ကျွန်တော်တို့တော့ ဘာမှ မသိသေးဘူး။ ၀န်ကြီးကတော့ ဘာမှမလုပ်ဘူးဆိုပြီး အာမခံထား တာပဲ။ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပြီး မေလ ၂၃ရက်နေ့ကတော့ ကျွန် တော် အခု ရဲစခန်းခေါ်ခံရတဲ့လူ တွေအပြင် လူအတော်များများကို SB ရုံးခေါ်စစ်ခဲ့သေးတယ်”ဟု မန္တလေးမြို့မှ စာရေးဆရာညီပု လေးကပြောသည်။

ဥပဒေထွက်ရှိပြီး နည်းဥပ ဒေမထွက်ရှိသေးချိန်တွင် ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်အတွက် တင်ပြတောင်းခံလာမှုအပေါ် ခွင့်ပြုချက် မပေးနိုင်သော်လည်း ဥပဒေပညာ ရပ်အရကြည့်မည်ဆိုလျှင် တရားစွဲအရေးယူနိုင်ခွင့်ရှိကြောင်း ဥပ ဒေပညာရှင်တစ်ဦးကဆိုသည်။

ယင်းဥပဒေပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုခံရလျှင် တစ်နှစ်ထက် မပိုသောထောင်ဒဏ်နှင့် ကျပ်သုံး သောင်းထက်မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်း စွာ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ် ဖော်မှုများကို ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့များတွင် ယခုနှစ် မေလ အတွင်းက ထောင်ဂဏန်းရှိသော ပြည်သူလူထုကပြုလုပ်ခဲ့ကြသည်။

By 7Day News Journal

No comments:

Post a Comment