Monday 8 October 2012

မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း


တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ကမ္ဘာပေါ်တွင် မည်သည့်
တိုင်းပြည်မှ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို
ငြင်းဆန်၍မရကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများသည်
မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် မြန်မာတို့မှ အာဏာရှင်အစိုးရများကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့် ပွင့်လင်းမှုတို့ကို ဖော်ဆောင်ရန် တွန်းအားပေး
နေကြောင်း ပြောကြားလိုက်သည်။

ဆိုးလ်မြို့တော်တွင် ကိုရီးယားစစ်မှုထမ်းဟောင်းများ အသင်း၌
နေ့လယ်စာစားပွဲ ကျင်းပရာတွင် သမ္မတလီမြောင်ဘတ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “အပြောင်းအလဲလေထုကို ခုခံနိုင်ဖွယ် မရှိပါဘူး။ ဆီးရီးယားနဲ
မြန်မာမှာ ဖြစ်ပြီးနောက် ဒီမှာလည်း အပြောင်းအလဲ ရောက်လုနီးပါးပါပဲ”ဟု
ပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစနစ်မှ
ခြွင်းချက်မဖြစ်နိုင်ကြောင်း ရည်ညွှန်းပြောဆိုသည်။

သမ္မတလီသည် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံသို့ အလည်အပတ်
ရောက်ရှိစဉ် သမ္မတဦးသိန်းစိန်အား ပြင်ပကမ္ဘာသို့ နိုင်ငံ၏တံခါးများ ဖွင့်ပေးခြင်း အကျိုးကျေးဇူးများကို မြောက်ကိုရီးယားအား အကြံဉာဏ်
ပေးနားချရန် တိုက်တွန်းခဲ့ကြောင်း၊ မြောက်ကိုရီးယားကို မြန်မာနိုင်ငံကဲ့သို့ လုပ်ဆောင်ရန် ဖျောင်းဖျပေးရန် ပြောကြားခဲ့ကြောင်း ဆိုသည်။

သမ္မတလီသည် “မြန်မာဟာ မကြာသေးမီကပဲ ပွင့်လင်းလာခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက်သာမကဘူး။ အခြားနိုင်ငံတွေ အများကြီး
အတွက်လည်း ဖြစ်ပါတယ်။ ဂျပန်၊ တရုတ်၊ အမေရိကန် အပါအ၀င်ပေါ့။ အားလုံးဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ”ဟု မြန်မာနိုင်ငံကို ဥပမာပေး၍ မြောက်ကိုရီးယားလည်း ပွင့်လင်းပါက အကျိုးရှိနိုင်ကြောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ဆိုးလ်မြို့တော်သို့ ယခုအခါ သုံးရက်ကြာခရီး အလည်အပတ် ရောက်ရှိနေပြီး အောက်တိုဘာ ၉ ရက် အင်္ဂါနေ့တွင် လီမြောင်ဘတ်နှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။

-Ref:Yonhap

By 7Day News Journal

No comments:

Post a Comment