Monday 8 October 2012

ချယ်ရီကား နှင့် ကျောက်ဂွမ်း (Asbestos)ပြဿနာ


ယခုရက်ပိုင်းအတွင်း တရုတ် ပြည်မှ သွင်းလာသောချယ်ရီကားများနှင့်
ပတ်သက်၍ Australia နှင့် Singapore တို့မှစက်မှုလက်မှု တွင်းထွက် (Industrial Mineral) တစ်မျိုးဖြစ်သော ကျောက်ဂွမ်း (Asbestos) ကို

အင်ဂျင် Gasket, Brake Lining နှင့် Clutch Facing စသည့် အပူခံနိုင်
သည့်ကား အစိတ်အပိုင်းများတွင်ထည့်သွင်း အသုံးပြုထားကြောင်းတွေ့
ရှိသဖြင့် တရုပ်ပြည်သို့ Reject အနေဖြင့် ပြန်လည်ပေးပို့ကြောင်း သတင်း များဖတ်ရှုရပါသည်။ထိုကိစ္စနှင့် ပတ်သက်၍ (၆.၉.၂၀၁၂)နေ့ထုတ်
မြန်မာ့အလင်းသတင်းစာတွင် ပြည်တွင်းရောက်ချယ်ရီကားများတွင် Asbestos မပါဝင်ဘူးလို့ တရုတ်ပြည်မှပြန်ကြားကြောင်း၊ စိတ်ချလက်ချ
သုံးစွဲနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်ကိုလည်း
ဖတ်ရှုရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ဂွမ်း (Asbestos)၏ သဘာဝအစွမ်း
သတ်္တိနှင့်အန္တရာယ်(Risk and Hazard)တို့ကိုအများ ပြည်သူသိရှိနားလည်
နိုင်ရန်ရေးသားတင်ပြအပ်ပါသည်။ကျောက် ဂွမ်း(Asbestos)သည်စက်မှု လက်မှုတွင်းထွက်တစ်မျိုးဖြစ်၍ Serpentine Asbestos ဟုခေါ် သည့် အဖြူရောင် Chrysotile တွင်းထွက်နှင့် Amphibole Asbestos ဟုခေါ်သည့် အပြာရောင် Crocidolite တွင်းထွက်နှစ်မျိုးသည် စီးပွားဖြစ် ထုတ်လုပ်ရာတွင်
အများဆုံးတွေ့ရှိရပါသည်။ယင်း တွင်းထွက်များသည် သံ၊ကြေးနီ စသည့် သတ္ထုများနှင့်သဘာဝမတူဘဲ နူးညံ့ပျော့ပြောင်းတောက်ပသည့် ပိုးမျှင်၊၀ါဂွမ်း
မျှင်များကဲ့သို့ သဘာဝတွင် တွေ့ရှိရပါသည်။ ယင်းတို့၏ ထူးခြားဂုဏ်သတ်္တိ
များမှာ အပူဒဏ်ခံနိုင်ခြင်းနှင့်မီးလောင်ဒဏ်ခံနိုင်ခြင်းတို့ဖြစ်ပါသည်။ ဤ သို့သော ဂုဏ်သတ်္တိများကြောင့် ကားထုတ်လုပ်မှုလုပ်ငန်းများတွင် Gasket, Brake Lining နှင့် Clut ch Facing တို့တွင် သုံးစွဲလေ့ရှိခဲ့ပါသည်။ Asbestos ပါဝင်သည့် လေထုကိုကြာရှည်ရှုမိလျှင် အသက်ရှုလမ်းကြောင်းတွင်ဖြစ်
တတ်သည့် လည်ချောင်းကင်ဆာနှင့်အဆုတ် ကင်ဆာများ ဖြစ်နိုင်ချေရှိ
သည်မှာ မှန်ကန်ပါသည်။အထူးသဖြင့် Asbestos Cement ထုတ်လုပ် သည့်စက်ရုံအလုပ်ရုံများနှင့် Asbestos Pipe,Sheet, Fiber-Glass, Roofing,Paint,Plastic, Tiles နှင့် Textile စသည်တို့ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ ပတ်ဝန်းကျင်ရှိ မမြင်နိုင်သည့် Asbestos အမှုန်ငယ်များပါဝင် သည့်လေကို နှစ်များစွာ ရှုမိပါက ကင်ဆာရောဂါများရရှိနိုင်သည်မှာ မှန်ကန်သည်ဟု ဆေးသုတေသနများအရသိရှိခဲ့ကြပါသည်။ ဥရောပနိုင်ငံ
အတော်များများနှင့်အမေရိကန်မှ ပိတ်ပင်တားဆီး၍ အခြား စက်မှုလက်မှု
တွင်းထွက်များကိုအစားထိုးအသုံးပြုနေကြသည်မှာ နှစ်ပေါင်းများစွာကြာ
ခဲ့ပြီဖြစ်ပါ သည်။ Chrysotile တွင်းထွက်သည် Crocidolite တွင်းထွက်
လောက်အသက်ရှုလမ်းကြောင်း နှင့်အဆုတ်ကိုဒုက္ခပေးမှုနည်းပါးသည်ကို
တွေ့ရှိရပါသည်။အမှန်စင်စစ် ယနေ့ကမ္ဘာတွင်ထုတ်လုပ်နေသော Asbestost ၏(၉၅ရာခိုင် နှုန်း)မှာ Chrysotile တွင်းထွက်များဖြစ်နေသောကြောင့်
ကျန်းမာရေးအတွက် အနည်းငယ်သက်သာမည်ဟု ထင်မြင်စရာရှိပါသည်။

သို့သော်လည်း Asbestos အမျှင် လေးများနှင့်အမှုန့်များမှာမမြင်
နိုင်လောက်သည့် သေးငယ်သော ဖုံမှုန့်များသာဖြစ်နေသောကြောင့် အသက်ရှုလမ်းကြောင်းနှင့်အဆုတ်အတွက် အန္တရာယ်ရှိသည်ဟု ယူဆ၍ အမေရိကန်နိုင်ငံမှ အားလုံး သော Asbestos တွင်းထွက်များ ကို ပိတ်ပင်ထားခဲ့ပါသည်။ချယ်ရီ ကားများနှင့်ပတ်သက်၍ အချုပ်အားဖြင့် တင်ပြရလျှင် Asbestos ပါဝင်နိုင်သည့် ကားအစိတ်အပိုင်းများကို သက်ဆိုင်ရာမှ အသေအချာစစ်ဆေးသင့်ပါသည်။ Asbestos ပါဝင်မှု
ရှိနေလျှင် ပြည်သူလူထု၏ ကျန်းမာရေးကို ရှေ့ ရှု၍ တားဆီးပိတ်ပင်ပေး
ပါရန် တင်ပြအပ်ပါသည်။

By Hot News Weekly

No comments:

Post a Comment