Sunday 16 September 2012

လယ်သမားဈေးကွက်၌ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို လာရောက် ရောင်းချရန် ဖိတ်ခေါ်


သီရိမင်္ဂလာ ကုန်စိမ်းဈေး၏ လယ်သမားဈေးကွက် (Farmer Market) ၌ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို လာရောက်ရောင်းချရန် ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ ဒုတိယဥက္ကဋ္ဌဒေါ်လဲ့လဲ့ဦးက ပြောကြားခဲ့သည်။

လယ်သမားဈေးကွက်အားမြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၌ စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး နယ်စုံမှ ရာသီပေါ် သီးနှံစိုက်ပျိုးသူ မည်သူမဆို လာ ရောက်ရောင်းချနိုင်ရန် ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“လယ်သမားဈေးကွက်မှာ ဘာသီးနှံပဲဖြစ်ဖြစ် စိုက်ပြီးရောင်းချစရာ နေရာမရှိရင် လာရောင်းဖို့ ဖိတ်ခေါ်ပါတယ်။ နေရာအတွက်က အဆင်ပြေအောင် ဖန်တီးပေးပါ့မယ်။ အဓိက ကိုယ်တိုင်စိုက်ပျိုးသူတွေ နေရာမရှိလို့ ပွဲစားနဲ့ အပ်ရောင်းနေရတာမျိုး မဖြစ်စေချင်လို့ပါ။ ပွဲစားနဲ့ ကုန်အပ်ပြီး ရောင်းတဲ့အခါ ပွဲစားခကို ၄၀ ရာခိုင်နှုန်းအထိ ပေးနေရတာ ရှိပါတယ်။ တကယ်စိုက်တဲ့သူက ဘာအကျိုးအမြတ်မှ မခံစားရတော့ဘူး။ ဒါကြောင့် စိုက်ပြီး ရောင်းစရာနေရာမရှိရင် သီရိမင်္ဂလာဈေးက လယ်သမားဈေးကွက်မှာ နေရာပေးပါ့မယ်” ဟု ဒေါ်လဲ့လဲ့ဦးက ပြေကြားခဲ့သည်။

လက်ရှိအချိန်တွင် လယ်သမား ဈေးကွက်၌ ၆ ပေ_၈ ပေ ဆိုင်ခန်း ပေါင်း ၆၀ ကျော် ဖွင့်လှစ်ထားပြီး လာရောက်ရောင်းချမှုအနေဖြင့် ဆိုင်ခန်းခ တစ်ရက်ကျပ် ၃၀၀၀ ကျသင့်မည်ဖြစ်ကြောင်း၊ နှစ်ပတ်လျှင် တစ်ကြိမ်ကျ အခန်းများအား မဲနှိုက်သည့် ပုံစံဖြင့် ဆိုင်ခန်းလဲလှယ်သတ်မှတ် ပေးကြောင်း သိရသည်။

လယ်သမားဈေးကွက်၌ ရန်ကုန်မြို့တွင်းနှင့် တိုက်ကြီး၊ မှော်ဘီ၊ တွံ့တေးမြို့များမှ တောင်သူများ လာရောက်ရောင်းချမှု အများဆုံးဖြစ်ကြောင်း နှင့် အခြားနယ်များမှ တောင်သူများ ကိုလည်း လာရောက် ရောင်းချပါက ဆိုင်ခန်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။      

By Eleven Media Group

No comments:

Post a Comment