Sunday 16 September 2012

ဘ၀ ဇာတ်ကြောင်းကို ဦးကျော်ဆန်း စာ အုပ် ထုတ် ဝေမည်



ပြီးခဲ့သည့် လက ပြန်ကြား ရေး ၀န်ကြီး
တာဝန်မှ ပြောင်းရွှေ့  နေရာ ချထား
ခြင်း ခံရသည့် ဦးကျော်ဆန်းသည် သူ ၏
ပြန်ကြား ရေး ၀န် အတွေ့ အကြုံ
ကို စာ အုပ် ထုတ်ဝေရန် စီစဉ် နေ သည် ဟု သိရသည်။

သူ၏ ပြန်လည် ပြောကြား ချက် များ ကို စာအုပ် ထုတ်ဝေ သူ က စီစဉ် သည့် စာရေး
ဆရာ တစ်ယောက်  က ပြန်လည် ရေး သား မှု များ  ဖြင့် ထုတ်ဝေမည့် စာ အုပ် တွင်
ဦးကျော်ဆန်း က စာရေး ဆရာ ကို ပြော ပြသည် မှာ သူ သည် ပုဂံ ခောတ်
အမတ် ကြီး တစ်ပါး ဖြစ်သည့် အနန္တသူရိယ အမတ် လို  ဖြစ်ကြောင်း ၊

အမတ်ကြီး ၏ မျက်ဖြေ လင်္ကာ ဖြစ် သည့်သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာဓမ္မတာတည်း။

အစချီ သော ကဗျာ မှာသူ့  အတွက် ရည် ရွယ် ပြီး ရေးဖွဲ့  စပ် ဆို သွား
သလား ပင် ထင်ရသည် ဟု ပြောသည်။

ဦးကျော်ဆန်း ၏ စာအုပ် တွင် မြန်မာ အစိုးရ ပြန်ကြား ရေး ၀န်ကြီးဌာ ၏
လုပ်ငန်းများ အကြောင်း ၊ အစိုးရ အတွင်း ရေး များ နှင့် ဗိုလ်ချုပ် ၊
ဗိုလ်ချုပ် ကြီး များ သာမ က ၎င်း တို့  ၏ ကတော်များ က ပါ MRTV မြန်မာ့
ရုပ် သံ ထုတ်လွှင့် မှု တွင် ပါရှိ ရန် ကြိုး စား ကြ ပုံ များ ၊

 ရုပ်သံ နှင့် သတင်းစာ တွင် စာမျက် နှာ နှင့် တည်းဖြတ် သတင်း ထုတ် လွှင့် မှု အခက်
အခဲ များကြောင့် မပါ ရှိ ခဲ့ လျှင် အကောက်ကြံ အညှိုးထား ပုံ များ ကို ဖတ် ရှု ရမည်
ဖြစ်သည်။

အစိုးရ နှစ် ဆက် တွင် အရေး ပါသည့် ၀န်ကြီး တာဝန် ကို ဆယ်စုနှစ် တစ်စု
ကျော်ကြာ ထမ်းဆောင် လာသည့် ဦးကျော်ဆန်း သည် ၂၀၀၄ ခုနှစ်က  ထောက်
လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ် ကြီး ခင်ညွန့်  ကို ရာထူး မှ ဖယ်ရှား စဉ် က
အကြောင်း များ လည်း ပါဝင် မည် ဟု သိရသည်။

စာအုပ် ထုတ်ဝေ သူ က ဦးကျော်ဆန်း ၏ ဘ၀ အတွေ အကြုံ စာ အုပ် ကို ရောင်း
ဈေး အနည်းဆုံး ကျပ် တစ်သောင်း ခန့်  ဖြင့် ရောင်းချ မည် ဟု ဆိုသည်။

စိတ် ၀င်စား ဖွယ် ဖြစ် သည့် လက်ရှိ ၀န်ကြီး တစ်ပါး ၏ စာအုပ် ထုတ်ဝေ မှု တွင်
ပြည်ပ မီဒီယာများ အကြောင်း ၊ ပြည်ပ မီဒီယာ များ မှ သူ နှင့် တွေ့ ဆုံ ခဲ့ သည့်
ပုဂ္ဂိုလ်များ ၊ သူ့  ကို ချဉ်းကပ် ခဲ့ သည့် ပုဂ္ဂိုလ် များ အကြောင်း လည်း ပါဝင်မည်
ဖြစ်သည်။

ဦးကျော်ဆန်းသည် သတင်းစာ ဆရာ ကြီး ကြေးမုံ ဦးသောင်း ရေးသား ခဲ့ သမျှ
ကို အကုန် ဖတ်ရှု ပြီး သူ ၏ စာ အုပ် များ  ကို နိုင်ငံခြား မှ မှာယူ ၀ယ်ယူ သိမ်းဆည်း
ထား မှု လည်း  ပြု သည် ဟု ဆိုသည်။

Freedom News Group

ရွှေမြန်မာ

No comments:

Post a Comment