Monday 10 September 2012

ဒဂုံဆိပ်ကမ်း အထည်ချုပ် တွင်အလုပ် သမား ဆန္ဒပြမှုဖြစ်ပေါ်


ဒဂုံဆိပ်ကမ်းအထည်ချုပ်တွင် ယနေ့နံနက်ရနာရီမှစတင်ကာအလုပ်သမား ဆန္ဒပြမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ယခင်ကတစ်နာရီလျှင် အထည်၎ဝ ရရန်စံချိန်သတ်မှတ်ထားရာမှဩ ဂုတ်လမှစတင်ကာ ၄၅မိနစ်လျှင် ၄၅ထည်ပြီး ရန်စံချိန်ပြောင်းလဲ သတ်မှတ်ခဲ့ပြီးစံချိန်မ ပြည့်သည့်အလုပ်သမားတစ်ဦးကိုအလုပ်မှ
ထုတ်ခဲ့ခြင်း ကြောင့်ဆန္ဒပြမှုဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းဆန္ဒပြအလုပ်သမားများထံမှ သိရသည်။

''မဖြစ်နိုင်တဲ့စံချိန်ကို တောင်း တဲ့အတွက်အလုပ်သမားတွေဘယ်လိုမှမလုပ် နိုင်ဘူး။ရေသောက်ချင်တာ၊ အပေါ့ အပါး သွားချင်တာကို စံချိန်မပြည့်မှာ ဆိုလို့မလုပ် ဘဲနေရတယ်။ထမင်းစားချိန်ကိုတောင်မ နားရဲဘူး။ ထမင်းကိုသေပြေး ရှင်ပြေးစားပြီး အလုပ်လုပ်ကြရတော့အရမ်းပင်ပန်းပြီးနေ မကောင်း ဖြစ်ကြ တယ်။ ဒါကြောင့်အလုပ် ရှင်ကိုဒီစံချိန်လျော့ပေး ဖို့ပြောတော့မ လျော့နိုင်ဘူးဆို လို့ဆန္ဒပြကြတာ'' ဟုအဆို ပါအထည်ချုပ်မှ အလုပ်သမားတစ်ဦး ကပြော သည်။

အဆိုပါစက်ရုံတွင်အလုပ်ရှင်၊အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုထား ခြင်းမရှိသဖြင့် ဥပဒေပါအခွင့် အရေးများ ကို ယခုချိန်ထိခံစားခွင့် မရှိသေးကြောင်း ၊ရှောင် တခင်ခွင့်နှင့် လုပ်သက်ခွင့်များကိုမပေး ဘဲနေ မကောင်း ဖြစ်ပါက ပြင်ပဆေးခန်းမှဆရာဝန် လက်မှတ်ကိုအသိ အမှတ်မပြုခြင်းကြောင့် အခက်အခဲများ ရှိနေသည်ဟုသိရသည်။

ယင်းကြောင့်ဆန္ဒပြရာတွင်အ ချက်(၁၀)ချက်ကိုတောင်းဆိုထားပြီးအဆို ပါအချက်များမှာ ယခင်ကပင် တောင်းဆို ထား ပြီးဖြစ်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်း အထည်ချုပ်တွင် ဝန်ထမ်း၅၀၀ဝန်းကျင်ရှိပြီးစက်ရုံပြင်ပတွင် ဆန္ဒပြနေသူ ၁၀ဝကျော်ရှိ ကာ စက်ရုံဝန်း အ တွင်း၌ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေသူများ လည်းရှိကြောင်း သိရသည်။

''ဒီအချက်တွေက အရင်ထဲက တောင်းဆိုပြီးသားပါ။ အခုအလုပ်သမားရုံး ကလူကြီးတွေက ညှိပေး ဖို့ရောက် နေပြီ။ တောင်းဆိုချက်တွေ မရရင်ဆန္ဒဆက်ပြသွား မှာပါ''ဟုဆန္ဒပြ အလုပ်သမား တစ်ဦး ကပြော သည်။

အဆိုပါဆန္ဒပြမှုကို ပြေလည် စေရန်သက်ဆိုင်ရာအလုပ်သမားရုံးမှတာဝန် ရှိသူများလာရောက် ညှိနှိုင်း ပေး နေသည်ဟု သိရသည်။

တောင်းဆိုချက်(၁၀)ချက်မှာ

၁။အလုပ်ရှင်၊အလုပ်သမားသဘောတူစာ ချုပ်ချုပ်ဆိုပြီး တိတိကျကျဆောင် ရွက်ရန်။

၂။ဖိနပ်စီးခွင့်ပေးရန်၊Supervisior /Leader များကိုကွက်၍စီးခွင့်မပြုရန်။

၃။စံချိန်သစ်ကို ပယ်ဖျက်ပေးရန်။

၎။Supervisor/Leader များမှရိုင်းစိုင်း စွာပြုမှုပြောဆိုပါကထိရောက်စွာ အရေးယူ ပေးရန်။

၅။အလုပ်ရှင်မှ အလုပ်သမားအဖွဲ့အားအ သိအမှတ်ပြုပြီးယင်းအဖွဲ့ မှတောင်းဆိုထား သည့်အတိုင်း စနေနေ့ တွင် ညနေ ၄နာရီခွဲ အထိသာ အလုပ်ချိန် သတ်မှတ်ပေးရန်။

၆။ပြင်ပဆေးခန်းများမှ ဆရာဝန်များ၏ဆေး စာကို အသိအမှတ်ပြုရန်။

၇။ Supervisor များက အလုပ်သမားများ ကိုခွဲခြားဆက်ဆံခြင်းနှင့် အဆင့်ချခြင်း ကိုတား ဆီးပေး ရန်။

၈။အလုပ်ချိန် ၁ဝမိနစ်နောက်ကျပါကစက် ရုံအတွင်းဝင်ခွင့်ပေးရန်နှင့် လစာ မဖြတ်ရန်။

၉။စံချိန်အတိုင်း မချုပ်နိုင်သူကိုအလုပ်မှမ ထုတ်ရန်။

၁၀။လစာကိစ္စညှိနှိုင်းပေးရန်တို့ဖြစ်ကြောင်း သိရသည်။

By Yangon Media Group

No comments:

Post a Comment