Monday 10 September 2012

ဗြိတိန် တော်ဝင်မင်းသား စုံတွဲ စင်ကာပူကို လာမယ်


ဗြိတိန် ဘုရင်မကြီးရဲ့ စိန်ရတု အထိမ်းအမှတ်ရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ကင်းဗရစ်ခ်ျ မြို့စားနဲ့ မြို့စား ကတော်တို့ဖြစ်တဲ့ တော်ဝင်မင်းသား ၀ီလျံနဲ့ ကိတ်တို့ဟာ လာမယ့် အင်္ဂါနေ့မှာတော့ အာရှတိုက်ရဲ့ ကျား တကောင်လို့ တင်စားခံရတဲ့ စင်ကာပူ နိုင်ငံကို အလည်လာဖို့ ရှိပါတယ်။




သူတို့ ၂ ဦးဟာ အရှေ့တောင်အာရှရဲ့ မြို့ကြီးတချို့မှာ ၂ ရက်တာကြာမယ်ဆိုပါတယ်။ ကိတ်ကတော့ ဖက်ရှင်တွေ အလွန် စိတ်ဝင်စားတာကြောင့် စင်ကာပူကတော့ ဈေးဝယ်ထွက်ဖို့အတွက် ရည်ရွယ် ထားပုံ ရပါတယ်။ ၀ီလျံရဲ့ မိခင် ဒိုင်ယာ၁၉၈၉ ခုနှစ်တုန်းက စင်ကာပူကို လာခဲ့ဖူးပါတယ်။
ဝီလျံဟာ တကယ့်တော့ အမေဖြစ်သူ ဒိုင်ယာနာ့ခြေရာ နင်းသူ သားဖြစ်မယ်ထင်ပါတယ်။



၁၈၄၉ ခုနှစ်က နိုင်ငံတော် ဧည့်သည့်အဖြစ် ၀ိတိုရိယ ဘုရင်မကြီးကလည်း မျိုးစိတ်ပေါင်း ၁ ထောင်ထက် မနည်းရှိပြီး သစ်ခွမျိုးစိတ် ၂၀၀၀ ကျော်ရှိတဲ့ စင်ကာပူ ရုက္ခဗေဒ ဥယျဉ်ကို လာခဲ့ပြီး အခု ၀ီလျံတို့ စုံတွဲ လာကြမှာ ဖြစ်ပါတယ်။

အခု စင်ကာပူကို အလည်လာကြမယ့် မင်းသား ၀ီလျံတို့စုံတွဲကလည်း အမေဖြစ်တဲ့ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုတဲ့ သစ်ခွတမျိုးကို အမည်ပေးမယ့် အခမ်းအနားကိုလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။

By Irrawaddy

No comments:

Post a Comment