Saturday 18 August 2012

မထသ ၃၆ သီးသန့် ယာဉ်လိုင်း စတင် စမ်းသပ် ပြေးဆွဲ


ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုမှ အစားထိုး တင်သွင်းတဲ့ မထသ ၃၆ သီးသန့် ယာဉ်လိုင်းကို သြဂုတ်လ ၁၂ ရက်မှ စတင်ကာ စမ်းသပ် ပြေးဆွဲ နေပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ၃၆ မထသ သီးသန့် ယာဉ်လိုင်း များဟာ ဒဂုံရှေ့ ၁၃
ရပ်ကွက်မှ ကျန်စစ်သားလမ်း၊ တပင်ရွေထီးလမ်း- ပြည်ထောင်စုလမ်း-ပင်လုံလမ်း-ပါရမီလမ်း-သုမင်္ဂလာအိမ်ယာ-နန္ဒ၀န်ဈေး- သစ္စာလမ်း- ရန်ကင်း-ဆရာစံလမ်း-ဦးချစ်မောင်လမ်း-ရွှေဂုံတိုင်-ဗဟန်းအ၀ိုင်းမှ ဆူးလေ ဘုရားလမ်း အထိကို အစီးရေ ၁၃ စီးဖြင့် ပြေးဆွဲ နေတာ ဖြစ်ပါတယ်။

ဒီလို စမ်းသပ် ပြေးဆွဲမှုဟာ ယာဉ်ကြော လမ်းကြောင်း များကို သိရှိစေရန် အတွက် ပြေးဆွဲတာ ဖြစ်ပြီး အစိုးရ အဖွဲ့မှ ခွင့်ပြုမိန့် ရရှိပြီး ပြေးဆွဲခွင့် ရရှိသည် အထိ စမ်းသပ် ပြေးဆွဲ သွားမယ်လို့ သိရပါတယ်။

အဆိုပါ ၃၆ မထသ သီးသန့် ယာဉ်လိုင်းရဲ့ ယာဉ်စီးခမှာ ခရီးစဉ် ပိုင်းဖြတ် ကောက်ခံတာ ဖြစ်ပြီး ကားပေါ် တတ်တတ်ခြင်း ၁၀၀ ကျပ်ပေးရမှာ ဖြစ်ပြီး ခရီးစဉ်အစအဆုံး အတွက် ၂၀၀ ကျပ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကားဟောင်းတွေ အပ်နှံပြီး တင်သွင်းလာတဲ့ ကားအသစ် တွေကို ခရီးစဉ် လိုင်းများ တိုးချဲ့မှုဟာ ခရီးသွား ပြည်သူများ အဆင်ပြေ စေရန်နဲ့ လွယ်ကူစွာ သွားလာ နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ ပြောကြားချက် အရ သိရပါတယ်။

MRTV 4

ရွှေမြန်မာ

No comments:

Post a Comment