Saturday 18 August 2012

ရခိုင် နယ်စပ် ကျေးရွာများ လုံခြုံရေးမဲ့နေ


မောင်ရမ္မာ
ရခိုင်-ဘင်္ဂလာဒေ့ခ်ျ နယ်စပ် ဒေသ ဖြစ်သော
ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင် အစိုး
ရက လုံခြုံရေး မပေးနိုင်သဖြင့် ကျေးရွာသာများ

က မိမိကျေးရွာကို မိမိကိုယ်တိုင် လုံခြုံရေး ပေးနေ
ရသည်ဟု သိရသည်။


“ အဓိကတော့ ရွာတိုင်းမှာ ကင်းထားတယ်။ ညကင်းကတော့ ရွာတိုင်းမှာ ရှိကြပါတယ်။ တုတ်တွေ၊ ဓါးတွေ၊ ဂျင်ဂလိတွေကိုင်ပြီး ကင်းစောင့်ကြပါတယ်” ဟု လောင်းချောင်းကျေးရွာမှ ကိုအေးထွန်းနိုင်က နိရဉ္စရာသို့ ပြောသည်။

ယခုအခါ ကျေးရွာများကို အစိုးရတပ်ဖွဲ့ဝင်များက လုံခြုံရေး မပေးနိုင်သည့် အပြင် အစိုးရ တပ်ဖွဲ့ များကိုလည်း ပြည်သူများက အပြည့်အ၀ ယုံကြည် အားမကိုးကြသဖြင့် ယမ်းထောင်း သေနတ်များ၊ လက်လုပ်သေနတ်များကိုလည်း ကျေးရွာများကို ကာကွယ်ရန် ပြုလုပ်လာကြသည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာဘက်မှ အခြေအနေကို ကိုအေးထွန်းနိုင်က ယခုလို ဆက်ပြောသည်။

“ ကျွန်တော်တို့ဘက်မှာတော့ နွားခိုးဂိုဏ်းတွေက အထူးသောင်းကျန်းနေတယ်။ သူတို့က တစ်ဘက် နိုင်ငံကနေ စက်လှေတွေနဲ့ ၀င်လာပြီး ကျွဲနွားတွေကို ခိုးယူနေတယ်။ သူတို့မှာ သေနတ်တွေလည်း ပါလာတယ်။ ဒီ ရာသီကလည်း ကျွဲ နွားတွေကို တောင်ပေါ်တင်ထားတဲ့ ရာသီဖြစ်တဲ့အတွက်နဲ့ အမြဲတမ်းလိုလို ကျွဲ နွားတွေ အခိုး ခံနေရပါတယ်။ ဒါကြောင့် ရွာတိုင်းမှာ အခုအခါ ကင်းတွေ ထားနေကြရတယ်” ဟု ပြောသည်။

ကင်းအဖွဲ့များကိုလည်း တစ်ရွာနှင့် အဆက်အသွယ်များ အချိန်မှန် ပြုလုပ်ကာ ချိတ်ဆက် ထားကြသည်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း လောင်းချောင်း၊ သရက်ပြင်၊ သရက်ချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကုလားချောင်း၊ မဟာမြိုင်၊ အောင်မစသည့် ကျေးရွာများမှာ အဓိက အရပ်ကင်းများကို အားကိုးအားထား ပြုနေကြရသည်ဟု ဆိုသည်။

၎င်းကျေးရွာများ၏ ကင်းတစ်ဖွဲ့တွင်  အနည်းဆုံး ၆ ယောက် ပါဝင်ပြီး အဖွဲ့ ၄ ဖွဲ့ ဖွဲ့ကာ ညနေ ၇ နာရီမှ နံနက် ၆နာရီထိ နေ့စဉ် ကင်းစောင့်ကြသည်ဟု သူက ဆက်ပြောသည်။

 လွန်ခဲ့သော သြဂတ်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကုလား ချောင်းကျေးရွာတွင် ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ရသေ့တောင်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေသော ဒေသဖြစ်သဖြင့် ပင်လယ်ပြင်မှ တရားမ ၀င် စက်လှေများ မကြာခဏ လာရောက်လေ့ရှိရာ ဒေသခံ တိုင်းရင်းသားများ၏ ကျွဲ၊ နွားများ ခိုးယူခြင်း ခံနေရ သည့်အပြင် အသက် အန္တရာယ်အတွက်လည်း စိုးရိမ်မှုများ ရှိနေသဖြင့် ယခုကဲ့သို့ ကျေးရွာတိုင်းလိုလို မိမိဆန္ဒ အလျှောက် ညကင်းစောင့်နေကြခြင်းဖြစ်သည်။

၎င်းအပြင် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောက်တန်းနှင့် စေတီပြင်ကျေးရွာအုပ်စုများတွင်လည်း မိမိတို့ ကျေး ရွာလုံခြုံရေးနှင့် ကျွဲနွားများ မပျောက်ရအောင် အလှည့်ကျ ကင်းချကာ စောင့်နေ ကြရသည်ဟု သတင်းရရှိသည်။

ရသေ့တောင်တွင် ခြေမြန်တပ်ရင်း (ခမရ) ၅၃၆၊ ၅၃၇၊ ၅၃၈ စသည့် တပ်ရင်းများ အခြေစိုက် စခန်း ချထားသည့်အပြင် ရဲစခန်း၊ ရဲတပ်ရင်းတချို့ တည်ရှိသော်လည်း ကျေးရွာတိုင်းတွင် လုံခြုံရေးများ မပေးနိုင် သောကြောင့် မိမိကျေးရွာ လုံခြုံရေးအတွက် ကျေးရွာသားများကိုယ်တိုင် စောင့်ကြပ်နေရခြင်း ဖြစ်သည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ တချို့တွင်  ကင်းစောင့်ရသော်လည်း မီးရှို့ ခံလိုက်ရသော ကျေး ရွာများတွင်မူ  လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာယူထားကြောင်း ဆိုသည်။

“ ဒီက ကျေးရွာတွေမှာကတော့  အမျိုးသမီးတွေနဲ့ က လေးတွေကိုတော့ ဒုက္ခသည်စခန်းမှာ ထားပါသေးတယ်။

ယောင်္ကျားတွေကတော့ ရွာပြန်ပြီး အိမ်တွေကို ပြန်ဆောက်နေကြပါတယ်။ အခု ကျွန်မတို့ရွာမှာ အစိုးရက အိမ်တွေ ဆောက်ပေးနေပါ တယ်။ လုံခြုံရေးကတော့ ရဲသားတွေရှိပါတယ်။

 နောက်ပြီး အလယ်သံကျော်နဲ့ မောရ၀တီရွာတွေမှာ ရဲစခန်း တွေ တိုးချဲ့ ချပေးဖို့လို့ ကြားပါတယ်။ ကင်းစောင့်ရတာတော့ မရှိပါဘူး” ဟု သရေကုန်ဘောင်က အမျိုးသမီး တစ်ဦးက ပြောသည်။

နိရဉ္စရာ

ရွှေမြန်မာ

No comments:

Post a Comment