Saturday 18 August 2012

မန္တလေးမြို့ရှိ ကျူးကျော်မြေများကို အင်အားသုံး ဖယ်ရှားရန် မြို့တော်ဝန်ထံ စာတင်


မန္တလေး၊ သြဂုတ် ၁၇

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလွတ် မြေရိုင်းများ ပေါကြယ်ဝသည့် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် သုံးမြို့နယ်တွင် တရားမ၀င် ရယူထားသော မြေကွက် သုံးထောင်ကျော် ပေါ်၌ ဆောက်လုပ်နေ ထိုင်သည့် ကျူးကျော် နေထိုင်သူများကို ဖယ်ရှားရန် မန္တလေးမြို့ မြို့တော်ဝန်ထံ သို့ စီမံချက် တင်ထားသည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး

ကော်မတီ (MCDC) ဌာနမှူးများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ဖယ်ရှားရာတွင် ဌာနစုံ ၀န်ထမ်း အင်အား ၆၀၀ ခန့်ဖြင့် စက် ယန္တရားများ အသုံးပြု၍ ဖယ်ရှားမည် ဖြစ်ဖြစ်ကြောင်း ယင်းဌာနမှူးများ ထံမှ သိရသည်။အဆိုပါ ဖယ်ရှားမည့် မြို့နယ် သုံးမြို့နယ်မှာ (MCDC) နယ်နိမိတ် တွင်ပါရှိသော ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်နှင့် အမရပူရမြို့နယ် တို့ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။

ချမ်းမြသာစည် မြို့နယ်ရှိ အောင်သာယာ ရပ်ကွက်နှင့် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော်တဲ ၄၅၄ လုံး၊ တရားမ၀င် ရယူထားသည့် မြေကွက် ၁၂၄ ကွက်နှင့် ပြည်ကြီးတံခွန် မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ်၊ ရွာသစ်ကလေး ကျောင်းရှိ ကျူးကျော်တဲ ၅၅၄ လုံးနှင့် တရားမ၀င် ယူသည့် မြေကွက် ၂၀၀၀၊ အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာရှိ ကျူးကျော်တဲ ၁၁၀နှင့် တရားမ၀င် မြေကွက် ၁၁၂ ကွက်တို့ကို ဖယ်ရှားမည် ဖြစ်ပြီး ယင်းမြေကွက်နှင့် တဲများပေါ် တွင် နေထိုင်သူများကို ရှင်းလင်းရန် မြို့နယ် သုံးမြို့နယ်ရှိ စည်ပင်နှင့် သက်ဆိုင်သည့် ဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေး များနှင့် ရဲတပ်ဖွဲ့များ ပါဝင်သည် အင်အား ၆၀၀ နီးပါးမှ ဘူဒိုဇာ မြေထိုးစက်များကို အသုံးပြု၍ ရှင်းလင်းရန် စီမံချက်ကို မြို့တော်ဝန်ထံ တင်ပြထားပြီး မြို့တော်ဝန် မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ဆက်လက် တင်ပြ ထားပြီးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖယ်ရှားရန် အမိန့် ရရှိလာပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျူးကျော် ၀င်ရောက်နေထိုင်သူများကို သက်ဆိုင်ရာ မြို့ပြ ဥပဒေနှင့် စည်ပင်သာယာရေး ဥပဒေ ပါ ပြဋ္ဌာန်းချက်များ အတိုင်း တရားစွဲသွား မည်ဟု MCDC ဌာနမှူးများက ထပ် လောင်းပြောကြားသည်။

စည်ပင်က ကျွန်တော်တို့ ကျူးကျော် နေတာကို ကြည့်နေပါတယ်။ ကျွန်တော် တို့ဆီကို အကြောင်းကြားစာပို့တယ်။ သတိပေးဆိုင်းဘုတ်တွေစိုက်တယ်၊ အင် အားသုံးအရေးယူမယ်၊ အနူးအညွတ် တောင်းပန်ရုံကလွဲပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုကိုလည်း လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တောင်းပန်ရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူး ဟု မြရည်နန္ဒာ ရပ်ကွက်ရှိ တရားမ၀င် ရယူထားသည့် မြေကွက်များ စီမံ ခန့်ခွဲ ပေးနေသူ ဦးဝင်းမြင့်ထွန်းက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဃြီဃ အမိန့်ကြေညာချက်အမှတ် ၂/၂၀၁၂ ကိုထုတ်ပြန်ကြေညာပြီး တရား မ၀င်ကျူးကျော်ဝင်ရောက်နေထိုင်သူများ ကို သြဂုတ်လ ၁၅ ရက်နေ့တွင် နောက်ဆုံးထား၍ အပြီးအပိုင် ဖယ်ရှားရန် အမိန့်ထုတ်ခဲ့သည်။

The Voice Weekly

သစ်ထူးလွင်

No comments:

Post a Comment