Sunday 26 August 2012

လူရွှင်တော် အရိုင်း ကန့်ကွက် ခံရ


လူရွှင်တော် အရိုင်းက "လက်ရှိအချိန်မှာ
တိုင်းပြည်အတွက် လွန်စွာ အရေးကြီး
ကြောင်း" ဆိုပြီး ပြောဆိုမှုကို သြဂုတ်လ

 ၄ ရက်နေ့ထုတ် UNITY ဂျာနယ်နယ်မှာ
ဖော်ပြထားတာနဲ့ပတ်သက်ပြီး လယ်သမားအရေး ကူညီ လှုပ်ရှားပေးနေတဲ့ မတူကွဲပြား ငြိမ်းချမ်းရေး
ပါတီက ဦးနေမျိုးဝေ က လူရွှင်တော် အရိုင်းကို ကန့်ကွက်လိုက် တာပါ။

"အခုအချိန်မှာ ပါတီတွေ များစွာပေါ်ထွက်လာပါတယ်။ အဖွဲ့အစည်း အသီးသီး ပေါ်ထွက်လာတဲ့အခါ
တချို့က သွယ်ဝိုက်သောအားဖြင့် တိုင်းပြည်ကို အပျက်အစီး လုပ်ချင်တာ နေရာတိုင်းမှာ တွေ့နေရပါတယ်။
 ဒါတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်မယ်ထင်လို့ .. " ဆိုတဲ့ ပြောဆိုမှုနဲ့

"တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍ နိုင်ငံရေး အမြတ်ထုတ်မှု တချို့ကို တွေ့နေရသည့်
အတွက် နားမယောင်ဘဲ... " စတဲ့ လူရွှင်တော် အရိုင်းရဲ့ ပြောဆိုမှုတွေကို ဦးနေမျိုးဝေ က
ကန့်ကွက်တာပါ။



""ဦးနေမျိုးဝေက""
"ဦးအရိုင်းခင်ဗျား ၀င်းချိုသာ ဆန္ဒမပြရင် ကုမ်ပဏီက တောင်သူ တွေကို အခုလို လူလိုသူလို ခေါ်လျော်ပါ့မလား ခင်ဗျား ။ ဆန္ဒပြသူတွေကို ညစ်ထားပြီး ကျန်သူတွေကို ရွေးလျော်တာကိုးဗျ ။ ခက်တာက ဆန္ဒပြသူတွေမရှိရင် အခုလူတွေကို မလျော်ဘူးဆိုတဲ့ အတွင်းစိတ်ကလေးကိုမြင်အောင်ကြည့်ပါဗျာ ။"

နေမျိုးဝေ ဆိုပြီး ထောက်ပြကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။

ဦးနေမျိုးဝေကတော့ ဇေကမ္ဘာ ဦးခင်ရွှေက လယ်ယာမြေတွေ မတရား သိမ်းထားလို့ လယ်သမားတွေ
ဘက်က ကူညီလှုပ်ရှားပေးရင် အခုဆို ဇေကမ္ဘာ ဦးခင်ရွှေရဲ့ တရားစွဲဆိုခြင်းကို ခံနေရပါတယ်။

(ဧရာဝတီ)

ရွှေမြန်မာ

No comments:

Post a Comment