Sunday 26 August 2012
သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သုံးသပ်ချက် ဘာကြောင့် ပွဲဆူအောင် ပြုလုပ်ရသနည်း(ပေးစာ)
သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာကို ပြည်
သူ့ လွှတ်တော်သို့  ပေးပို့ သည်ဆိုသော
အခါ ပြည်သူ့လွှတ်ကိုယ်စားလှယ်များ
ကပင် ချီးကြူးထောပနာလက်ခံကြရသည် ။
မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး အာဏာပိုင်အကြီးအကဲ၏သ၀ဏ်လွှာဆိုသည်မှာ နိုင်ငံတော်ကို မည်သို့ 
မည်ပုံ ပေါ်လီစီများဖြင့် ချမှတ်အကောင်အထည် ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေညာ
ခြင်းဖြစ်သည် ။
တနည်းအားဖြင့် သမ္မတ၏ စကားသည် အမိန့်  ဥပဒေဖြစ်သည်။ ၄င်းစကားကို စာစီပြီးထုတ်ပြန်ခြင်း ၊ သ၀ဏ်လွှာများ ရေးသားခြင်းဆိုသည်မှာ လက်ရှိအစိုးရ၏တည်ဆဲဥပဒေများနှင့် ပါတ်သက်၍ မည်သို့ 
မည်ပုံ အကောင်အထည် ဖေါ်ဆောင်မည်ဆိုသည်ကို ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအား ချပြခြင်းဖြစ်သည်။
အမေရိကပြည်ထောင်စုတွင် အပါတ်စဉ်တိုင်း သမ္မတ အိုဘားမားကပြည်သူတရပ်လုံးကို ရေဒီိယိုရုပ်မြင် သံကြားမှ မိန့် ခွန်းပြောနေသည် ။
မီဒီယာများကလည်း သမ္မတကိုပါ အင်တာဗျူးများ ပြုလုပ်နေသည်ကိုရေဒီယိုရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်နေသသည် ။ အတိုက်အခံပါတီမှလူထုလူတန်းစားများနှင့် စာရေးဆရာများ ၊ ပါမောက္ခများ ၊ အသိပညာရှင်များ ၊လမ်းဘေးဈေးသည်များကအစ တက္ကစီသမားများအထိ သမ္မတ၏
မိန့် ခွန်းနှင့် ပတ်သက်၍ဝေဖန်ဆွေးနွေးကြသည်ကို တလေးတစား ထုတ်လွှင့်ပြသနေပါသည် ။
ကျွန်တော်ပြောချင်သည်မှာ နိုင်ငံတော်သမ္မတကြီး၏ သူပြောဆိုလိုသောနုတ်ထွက်စကားကိုသော်၎င်း ၊ သူ၏သ၀ဏ်လွှာများကို၎င်း တာဝန်ခံမှုရှိစေခြင်းကို ဆိုလိုရင်းဖြစ်သည် ။
ယခုအချိန်တွင် မြန်မာနိုင်ငံ၏သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ
အတွက်အထူးကောင်းမွန် ကြက်သရေရှိလှသော သ၀ဏ်လွှာဖြစ်သည် ။
သို့ သော် သမ္မတကြီး၏သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါသုံးသပ်ချက်ဆိုသည်ကို ထုတ်ပြန်ခြင်းဆိုသည်မှာ
သမ္မတကြီး၏ သ၀ဏ်လွှာကို မျက်နာအိုးမဲ သုတ်လိုက်စေခြင်းဖြစ်သွားရပြီ ။အဘယ့်ကြောင့်ဆိုသော် ၄င်းသ၀ဏ်လွှာနှင့် ပူးတွဲပါသုံးသပ်ချက်စာတမ်းကိုပြည်သူ့ လွှတ်တော်တွင် မဖတ်ကြားစေရလောက်
အောင် တားမြစ်ခံရခြင်း ၊မှတ်တမ်းမတင်စေရခြင်းမှာ လွန်စွာရုပ်ဆိုးစေပါသည် ။
 သို့ သော် မည်သူမျှမတတ်နိုင်ကြတော့ပါ ။ မိရိုးဖလာရိုးရာ စကားအတိုင်း သုံးရမည့် ဝေါဟာရဖြင့်
ဆိုရလျှင် မည်သူမပြုမိမိမှု ဖြစ်သွားရခြင်းပင် မဟုတ်ပါလား ။ရခိုင်လူမျိုးများ၏ အခြေအနေဆိုသော သုံးသပ်ချက်တခုမှာ ပြည်တွင်းပြည်ပကရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုများကြောင့် ယခုပြသနာများ
ဖြစ်ပွါးရခြင်းဟု သုံးသပ်ထားသည်ကို တွေ့ ရသည် ။
 ဤအချက်နှင့် ပါတ်သက်၍ကျွန်တော်မပြောလိုသော အချက်အလက်တခုကို ပြောပြချင်သည် ။ အကြောင်းမှာဇာတ်လမ်းများကို ရှည်မိမှာ စိုးရိမ်ပြီးထုတ်ဖေါ်မပြောလိုခြင်းကြောင့်ဖြစ်သည် ။
ရန်းဗြဲမြို့ နယ်မှသပြေချောင်ကျေးရွာသူ မိန်းခလေးအား မုဒိမ်းကျင့် သတ်ဖြတ်မှုကို
ပြည်ပကရခိုင်လူမျိုးများသိရှိကြသည်မှာ ပြည်တွင်းမှသတင်းဓါတ်ပုံများအင်တာနတ်ပေါ်သိုရောက်
လာခြင်းကြောင့် ဖြစ်သည် ။
ဖြစ်သည် ။ ရမ်းဗြဲမြို့ နယ်တွင်ဖြစ်ပျက်သွားစေခြင်းကို ပိုမိုကြီးထွါးစေရန် သွေးထိုးလှုံ့ဆော်ခြင်းမရှိစေ
ဘဲ ပြည်တွင်းမှ လာသော သတင်းဖြစ်ရပ်မှန်ကို အရှိကိုအရှိအတိုင်း တင်ပြပေးခြင်းဖြစ်သည် ။
သို့ သော် တောင်ကုတ်မြို့ တွင်ဖြစ်ပွါးသွားသော အချိန်တွင်မူ ၀ံသာနုရက္ခိတအဖွဲ့ မှ ၄င်းဓါတ်ပုံများကို
တောင်ကုတ်မြို့ ၌ ဖြန့် ဝေခဲ့ ကြရာ ဤပဋိပက္ခမှာ လေးဝတီသတင်းဋ္ဌာန၏သတင်းကြောင့်ဖြစ်သည်ဟု တရားရုံးတွင် ရဲမှ အမှုဖွင့်တိုင်ကြားသည်ဟုသိရှိရသည် ။
ယင်းသို့  စွပ်စွဲခြင်းမှာ ၄င်းအမျိုးသမီးငယ်၏ဓါတ်ပုံသတင်းတွင် လေးဝတီဆိုသော နာမည်စာတမ်းကို
ဖေါ်ပြထားသောကြောင့်ဖြစ်သည်ဟု ဆိုသည် ။
 ပလူပျံ သြတိုက်ရှိနေပြီးမှပြည်ပသို့  ထွက်ကျလာခြင်းဖြစ်သည်ကို လူတိုင်း နားလည်သည် ။
 ပြီးနောက်ပြည်တွင်းမှဖြစ်ပျက်နေသော အမှုအခင်းကို ပြည်ပက သတင်းဋ္ဌါနတို့ က သိသမျှ
တင်ပေးခြင်းသာဖြစ်သည် ။ အင်တာနတ်ဖြင့်  ၀ပ်ဆိုက်တင်ပေးသော်လည်းလူတိုင်းသည် ယင်းသတင်းများကို မကြည့်ရှုနိုင်ကြ ။အရေးကြီးဆုံးပြသနာတခုမှာ ၄င်းဓါတ်ပုံသတင်းနှင့် ဖြစ်စဉ်
တခုလုံးကိုမည်သူကဖြန့် ဝေလေသနည်းဆိုသည်က ကွင်းဆက်စဉ်းစားစရာများ ဖြစ်ပါသည် ။
လေးဝတီသတင်းဋ္ဌါနက ၄င်းသတင်းကိုတင်ပေးသလို အခြားသော သတင်းဋ္ဌါနများကလည်း
တင်ပေးနေကြသေးသည် ။ သို့ သော် ၄င်းသတင်းဋ္ဌါန၀ပ်ဆိုက်များကို မည်သို့ မျှထုတ်ဖေါ် မပြောဆိုဘဲ ရခိုင်လေသံနှင့် ရခိုင်စာပေဖြင့် ရေးသားနေသောလေးဝတီသတင်းဋ္ဌါနကိုမှ စွပ်စွဲတင်ပြသည်မှာ များစွာ စဉ်းစားစရာဖြစ်သည် ။
တခုတော့ ရှိသည် ။ လေးဝတီသတင်းဋ္ဌါနဖြစ်ဖြစ် အခြားမည်သည့် သတင်းဋ္ဌါနဖြစ်ဖြစ်ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော သတင်းများကို တင်ပေးလွှင့်ထုတ်ပေးကြသောအခါ ခုတ်ကြ ၊ သတ်ကြ ၊ ဖြတ်ကြ ၊ သေအောင်ရိုက်ကြ ၊နေအိမ်များကို မီးရို့ ကြ ၊ မုဒိမ်းကျင့်ကြ ၊ လုယက်ကြ ဆိုပြီး မည်သူမျှတိုက်တွန်း
သွေးထိုး လှုံ့ ဆော်ခဲ့ ခြင်းမရှိသည်ကို လူတိုင်းသိရှိကြပါသည် ။
 ထို့ ကြောင့် သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပါတ်သက်၍ပူးတွဲပါ ရခိုင်ပြည်နယ်နှင့် ပါတ်သက်ပြီး သုံးသပ်ချက်ပါ ပြည်ပမှရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုရှိသည် ဆိုသော အချက်အလက်ကို
မဟုတ်မမှန်၍ ကန့် ကွက်ပါကြောင်း ပြောဆိုလိုသည် ။
 ထို့ ကြောင့် ပဋိပက္ခဖြစ်ပွါးသော ပြည်သူများ၏ အခြေအနေများနှင့်ပတ်သက်၍သုံးသပ်ချက်ပါ
( က ) နိုင်ငံရေးပါတီများ ၊ သံဃာအချို့ နှင့်လူပုဂိုလ်အချို့ တို့  ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု
စိတ်ဓါတ်ကိုအလွန်အမင်းမြင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့ စွာတိုက်ခိုက်လိုစိတ်ဖြင့်
လှုံ ဆော်ဆောင်ရွက်လျှက်ရှိရာနိုင်ငံတော်အတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀န်းသို ပါချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက် ရှိခြင်းဆိုသော အချက်ကို လုံးဝဆန်ကျင်ကြောင်းနှင့် လုံးဝမှားယွင်းသောအမြင်ဖြစ်ပြီး ပဋိပက္ခများကိုသာဆက်လက်ဖြစ်စေသွားအောင် ဖန်တီးထား
သည့် သုံးသပ်ချက်များသာဖြစ်နေသည် ဟုဆိုချင်သည် ။
( ခ )  အချက်အလက်၌ နိုင်ငံအနှံ့အပြားတွင် နေထိုင်သူဘင်္ဂလီမူဆလင်များအပေါ် အကြမ်းဖက်ရန်
ကိုလည်း အမြဲမပြတ် လုပ်ဆောင်လျှက်ရှိသည်ဟု သုံးသပ်ရေးထားသည်မှာ အလွန်တရာ အောက်
တန်းကျပြီး နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာနှင့် ပူးတွဲထည့်ပြီး တင်ပြစေသည်မှာ လွန်စွာ သိက္ခာမဲလွန်းနေသည် ။
 ရခိုင်လူမျိုးတို့ မှာ ဗုဒ္ဒဘာသာဝင်လူမျိုးများဖြစ်၍ရန်လိုစိတ်များ ၊ မနာလိုစိတ်များ ၊ ငြူစူမှုများသာ ရှိနေခဲ လျှင် ယခုအထိဘင်္ဂလီမူဆလင် လူမျိုးများ လူဦးရေများပြားလာခြင်းကို လက်မခံဘဲ ကန်ကွက်တားမြစ် ပြောဆိုနေမည်သာဖြစ်သည် ။
 ရခိုင်လူမျိုးတို့ က သူတို့နယ်မြေတွင် ဖြစ်ချင်သလို ဖြစ်နေကြသော ၄င်းလူမျိုးများ၏လူဦးရေပေါက်
ဖွါးခြင်းနှင့် နယ်မြေများ ချဲ့ ထွင်နေခြင်းမှာ အစိုးရ၏တာဝန်သာဖြစ်သည်ဟု ဆိုပြီး မသိမသာ နေပေးနေကြခြင်းဖြစ်သည်။
  ယခုအရေးအခင်းမှာ ရန်းဗြဲမြို့ နယ် နှင့် တောင်ကုတ်မြို့ မှ စတင်ခဲ့ ပြီးမောင်တောမြို့ မှ ဘင်္ဂလီမူဆလင် လူမျိုးတို့ ၏ ရမ်းကားခြင်းမှရခိုင်ပြည်နယ် တခုလုံးကို ပြန့်နှံ့ သွားခြင်းဖြစ်သည် ။ ဤပြသနာ၏ အဓိကမှာ
ရခိုင်လူမျိုးများကစတင် ဖန်တီးသော အခြေအနေမဟုတ်ကြောင်း ကမ္ဘာကြီးကပါသိရှိထားပြီးဖြစ်သည် ။
ထို့ ကြောင့် ဤအချက်ပါ စွပ်စွဲချက်မှာ တဖက်သတ်စွပ်စွဲခြင်းသာဖြစ်၍ နောင်ဖြစ်ပွါးစေမည့် ပဋိပက္ခ
အတွက်မီးဇါတပ်ဆင်ထားခြင်းမျိုးသာ ဖြစ်ပါကြောင်း တင်ပြလိုသည် ။
 ( ဂ ) ဤအချက်ပါသုံးသပ်ချက်မှာ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်၏အကျိုးစီးပွါးကို ဖေါ်ဆောင်ခြင်းမပြူ ၊ ကာကွယ်စောင့်ရှောက်ခြင်းကို မပြု ၊သယံဇါတများကို အစိုးရမှ ယူငင်သုံးစွဲခြင်းသာ ရှိသည်ဟု စွပ်စွဲခြင်း ၊၄င်းမှာ တိုင်းရင်းသားလူမျိုးများ ချစ်ကြည်သွေးစည်းရေးကိုပျက်စီးစေခြင်းဖြစ်သည်
ဟု ဆိုကာ ရခိုင်လူမျိုးများအား တုန်ပြန်တိုက်ခိုက် သုံးသပ်ထားသည်ကို တွေ့ ရသည် ။
 ဤအချက်အလက်မှာ ခေတ်အဆက်ဆက်ရခိုင်ပြည်နယ်ကို ရစရာမရှိအောင် အုပ်စိုးခဲ့  သောတန်းတူအခွင့်အရေးမရှိခြင်း ၊  သယံဇါတ မြေပေါ်မြေအောက် ရေပေါ်ရေအောက်များမှ
ထွက်ရှိသော သဘာဝဂါတ်စ်များ၏ အကျိုးကျေးဇူးများကို မခံစားရခြင်းကိုလူလိုသူလို လူတန်းစေ့ နေနိုင်အောင် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာတောင်းဆိုနေကြခြင်းဖြစ်သည် ။
၎င်းကဲ့ သို့ တောင်းဆိုချက်မှာတိုင်းရင်းသားချစ်ကြည်သွေးစည်းရေးကို ပျက်ပြားစေသည်ဟု သုံး
သပ်သူမှာသူခိုးက လူဟု ပြန်လည်ဟစ်သော သူများလို ဖြစ်နေသည် ။
ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းဒဏ်ကို ရခိုင်လူမျိုးတို့  ခံစားပြီး ဘင်္ဂလားပင်လယ်အော်မှ
ရရှိသော အမေရိကန် ဒေါ်လာငွေများကိုမူ အုပ်ချုပ်သူ အစိုးရ - ( သမ္မတအပါအ၀င် ဗိုလ်ချုပ်ကြီး )
 -ကသာ ခံစားစေသည်ဟု ဆိုတော့ကာယကံရှင်များဖြစ်သော သူတို့ တွေ၏ တောင်းဆိုချက်မှာ မှားယွင်းမှုမရှိ၍ယခုစွပ်စွဲ သုံးသပ်ပြောဆိုချက်ကို ရှုတ်ချပါကြောင်း ထပ်လောင်းပြောချင်သည် ။
  ( ဃ ) အချက်လက်ပါအရ နယ်စပ်ဖြတ်ကျော်ပြီး လူများခိုးဝင်မှုကိုတရားဝင်ဖြစ်စေရန် လူဝင်မှုကြီးကြပ်ရေးဋ္ဌါနမှ လာဘ်စားမှုကြောင့် ဖြစ်သည်ဟုစွပ်စွဲမှုအချို့ ရှိသည်ဟု သုံးသပ်ထားခြင်းမှာ  ခေတ်အဆက်ဆက်အစိုးရအဆက်ဆက်များ၏ လာဘ်စားမှုကြောင့်သာ ဖြစ်သောကြောင့် ဤရွေ့ဤမျှ
လူဦးရေ များပြားနေခြင်းဖြစ်သည် ။
 ခိုးဝင်သောသူများများမှာ ဒေသခံဋ္ဌါနေတိုင်းရင်းသားများထက် လူဦးရေ များပြားလာရာ
၎င်းအချက်ကို စွပ်စွဲမှုတချို့ ရှိသည်ဟု သုံးသပ်ထားခြင်းမှာ ရခိုင်နိုင်ငံရေးပါတီများ ၊
ရခိုင်လူမျိုးများကိုဘင်္ဂလီမူဆလင်လူမျိုးနှင့်တဖက်လှည့်၍ပဋိပက္ခကိုကြီးထွားစေအောင်ပြု
လုပ်ထားခြင်း ဖြစ်သည် ။
စင်စစ်အားဖြင့် ခေတ်အဆက်ဆက်မှာဤပြသနာကို အစိုးရဋ္ဌါနများကသာ လာဘ်စားပြီး မီးမွှေးထားခြင်းသာဖြစ်ကြောင်းနိုင်ငံရေးသိပ္ပံပညာကို လေ့လာလိုက်စားသူတိုင်း
သိရှိနားလည်ကြသည် ။
   ( င ) အချက်အလက်တွင် ကြံ့ ဖွံ့ပါတီမှ မဲအနိုင်ရရှိရေးကိုမျှော်ကိုးပြီး ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂလီမူဆလင်လူမျိုးမျာအားမသင့်လျှော်စွာ ဆောင်ရွက်ပေးခြင်းရှိသည်ဟု သုံးသပ်ပြထားရာ ဤအချက်မှာ
သူတို့ အစိုးရ၏ ကြံရာပါ ဖွါးဖက်တော် ကြံ့ဖွံ့ ပါတီ၏ဆောင်ရွက်ချက်များသာဖြစ်သည် ။
ဤအချက်ကို သံသယအငြင်း ထုတ်စရာမလို ။လွှတ်တော်အထဲတွင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး မဟုတ်သောဘင်္ဂလီမူဆလင် ( ဦးရွှေမောင် ၊ ဦးအောင်ဇေါ်ဝင်း အပါအ၀င် အခြား ) လွှတ်တော်
ကိုယ်စားလှယ် နှစ်ဦးတို့ ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းဖယ်ရှားပေးရန် တင်ပြထားသည် ။
 အတိအကျ
မှန်ကန်နေသော အကြောင်းအရာများကို လက်ပူးလက်ကြပ်မိထားပါလျှင်နှင့်
လွှတ်တော် ညီလာခံတွင် ၄င်းကိစ္စကို ထိရောက်စွာ မကိုင်တွယ်ဘဲ
ဘင်္ဂလီမူဆလင်လူမျိုးများနှင့် ရခိုင်လူမျိုးများအား ပဋိပက္ခများကို
ဆက်လက်ဖြစ်ပွါးအောင် သုံးသပ်ခြင်းသာ ဖြစ်သည်ဟု ဤအချက်ကို ထောက်ပြချင်သည်။
   ( စ ) အချက်အလက်တွင် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရဘင်္ဂလီမူဆလင်များအား ဖြစ်လာနိုင်သည့်အခြေအနေကို နားလည်လက်ခံခြင်းမရှိကြောင်း တွေ့ ရသည်ဟု သုံးသပ်ထားရာ ဤသုံးသပ်ချက်ကို ပြုစုရေးသားသူမှာကုလားရခိုင် အဓိကရုဏ်းကို ဆက်လက်ဖြစ်ပွါးစေလိုသည့် ရည်ရွယ်ချက်ဖြင့်သုံးသပ်ထားခြင်းဖြစ်သည်ဟု ပြောချင်သည် ။
 အကြောင်းမှာ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော ဘင်္ဂလီမူဆလင်လူမျိုးများကို နယ်စပ်ဖြတ်
ကျော် ခိုးဝင်၍ဖြစ်စေ၊ လာဘ်ငွေများဖြင့် နိုင်ငံသားဖြစ်စေ ဘယ်လိုပင် အသိအမှတ်
ပြုဆောင်ရွက်စေကာမူ ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်လူမျိုးများကလက်ပိုက်ကြည့်နေရုံမှအပ
ဘာမျှ လုပ်ကိုင် ဆောင်ရွက်နိုင်သူမဟုတ် ။အာဏာရှိသူမဟုတ် ။
လက်ခံခြင်း မခံခြင်း ဆိုသည်မှာ ဥပဒေကို လိုသည့်အခါမျိုး ၊ မလိုသည့်အခါ တမျိုး ပြုလုပ်နေသော
အစိုးရ၏ လက်ထဲမှာသာ ရှိသည် ။ထို့ ကြောင့် ရခိုင်လူမျိုးများအား ဘင်္ဂလီမူဆလင်လူမျိုးတို့  နှင့်ကမ္ဘာမကြေသရွေ့  မပြီးပြတ်သော ရေရှည် မုန်းတီးမှုမျိုးကို ဖြစ်ပွါးစေသည့်ဤအချက်
အလက်ကို လုံးဝဆန့် ကျင်ကန့်  ကွက်ကြောင်း တင်ပြလိုသည် ။
( ဆ ) အချက်အလက်တွင် ဘင်္ဂလီမူဆလင်လူမျိုးတို့ ကိုသာ တဖက်သတ်အကူအညီများပေးနေသည်ဟု ရှုမြင်ခြင်းဖြင့် ကုလသမ္မဂအဖွဲ့ အစည်းနှင့်နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းအများအား အငြိုးထားကာ ယင်းအဖွဲအစည်းများအား ၄င်းဒေသတွင် မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်ထားသည်
ဆိုခြင်းမှာ  နေ့ တဓူဝ တွေ့ မြင်ထိတွေ့ နေသော ရခိုင်ပြည်နယ်မှရခိုင်လူမျိုးများအပါအ၀င် ၄င်းဒေသရှိ အစိုးရဋ္ဌါနပေါင်းစုံမှ ၀န်ထမ်းတိုင်းလူတိုင်းသိရှိကြပြီးဖြစ်သည် ။
 မနေရဲအောင် ပြုလုပ်သူများမှာအမှန်တကယ်အားဖြင့် မောင်တောမြို့ နယ်၌ ဒုက္ခကြီးစွာ ရောက်နေကြသော
ရခိုင်လူမျိုးများ မဟုတ်ဘဲ ဘင်္ဂလီမူဆလင်လူမျိုးများကသာ ဖန်တီးနေသည်ကိုနယ်စပ်ဒေသရေးရာဝန်ကြီး၏ တင်ပြထားသော စာတမ်းပါ ဗွီဒီိယိုဖိုင်ဓါတ်ပုံများကိုကြည့်ပါက သိသာနိုင်သည် ။ ရခိုင်ပြည်နယ်တ၀န်းတွင်
ခဲများဖြင့် ပစ်ပေါက်ခြင်း ၊ နေအိမ်များကို မီးရို့ ခြင်း ၊လူသတ်ဖြတ်ခြင်း  ၊
လူမျိုးများသာ ဖြစ်သည်ကိုဓါတ်ပုံများတွင် သေသေချာချာ မြင်တွေ့ နိုင်ကြသည် ။
 ပြီးတော့- UNHCR –INGOs -တို့ ကို  ယခုမှ ဤအဖွဲ့ အား ကန့် ကွက်ပြောဆိုခြင်းမှာ ယခုဖြစ်စဉ်၌
၎င်းအဖွဲ့ အစည်းအများထဲတွင် ပါဝင်ပတ်သူ ၀န်ထမ်းများက ရှိနေခဲ့ ကြ၍၄င်းဝန်ထမ်းများ၏ ကောက်ကျစ်သော အပြုအမူများကြောင့်၎င်း ၊ နောင်လည်းဖြစ်ပေါ်လာမည်ကို သိရှိကြ၍ ကန့်  ကွက်နေကြခြင်းဖြစ်သည် ။
 အစိုးရကဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ကို လက်မခံခြင်းဟုပြောဆို
ထားခြင်းမရှိ ။
 ( ဇ ) အချက်အလက်တွင် စီးပွါးရေးလုပ်ငန်းရှင်များက ပဋိပက္ခကြောင့်ရပ်ဆိုင်းခံနေရသည့် ဘ၈င်္လီမူလင်စီးပွါးရေးလုပ်ငန်းမျာကို အချောင်ယူရန်ကြိုးပမ်းလာကြကြောင်းတွေ့ ရှိရသည်ဟု စွပ်စွဲထားခြင်းမှာ မည်သို့ မျှအဓိပ္ပယ်မရှိသော သုံးသပ်ချက်ဖြစ်သည် ။
ရခိုင်ပြည်နယ်တွင် အစိုးရနှင့်စစ်တပ်တို့ မှ အရာရာကို ချုပ်ကိုင်ထားရာ အုပ်ချုပ်ရေးယန္တယားတခုလုံး
၏အောက်မှာ လည်ပတ်နေသော မည်သည့်လုပ်ငန်းမျိုးမဆို အစိုးရ၏ သဘောဆန္ဒအတိုင်း
ဖြစ်စေရခြင်းသာဖြစ်သည် ။
မီးလောင်မြေ ကို သောက်ရေတွင်း ပြုလုပ်လျှင်လည်းသူတို့ သာ လုပ်နိုင်ပြီး သချိင်္ုင်းမြေကို ဟိုတယ်ဆောက်ရန်လည်း အာဏာကအစိုးရလက်ထဲမှာသာ ရှိနေရာ ယခုကဲ့ သို့ 
ရခိုင်လူမျိုးစီးပွါးရေးလုပ်ငန်းရှင်များအား စွပ်စွဲခြင်းမှာလုံးဝအောက်တန်းကျနေခြင်းဖြစ်သည် ။
 အဓိကအားဖြင့် ယခုသုံးသပ်ချက်မှာပဋိပက္ခများကို မည်သို့ မည်ပုံ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်
ပဋိပက္ခဖြစ်စဉ်များကို တင်ပြပြီး နောင်မဖြစ်စေရန် သုံးသပ်ခြင်းမျိုးမဟုတ်ထို့ ကြောင့် ဤသုံးသပ်ချက်ပါစာတမ်းအား ပြည်သူ့ လွှတ်တော်ညီလာခံကျင်းပရာ၌မှတ်တမ်းမှတ်ရာအဖြစ် လက်မခံငြင်းပယ်ခံရသည်မှာ  သဘာဝကျသည် ။
   သမ္မတကြီး ဦးသိန်းစိန်အဖို့  ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍စုံစမ်းစစ်ဆေးရေးကော်မီတီကို ( ၁၇-၈-၂၀၁၂ ) နေ့ တွင် ဖွဲ့စည်းပြီးပြီဖြစ်ရာ နောင်ကို လူမျိုးရေးပဋိပက္ခဖြစ်စေမည့်
သုံးသပ်ချက်များကို မိမိ၏ သ၀ဏ်လွှာများ ၊ ကြေညာစာများနှင့် ပူးတွဲမဖေါ်ပြရန် အထူးသတိပြု ရှောင်ကြည်ရန်လိုပါသည် ။
ဤသုံးသပ်ချက်ကိုလက်မခံသလို အငြင်းပွါးစရာများလည်း ရှိနေသည်ကို သိထားပြီးမှ ပူးတွဲ
ဖေါ်ပြသည်ဆိုရာမှာလည်း လက်ခံနိုင်စရာအကြောင်းမရှိချေ ။
မည်သို့ ပင်ဆိုစေယခု သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပူးတွဲ ဖေါ်ပြထားသော စာတမ်းပါ
အချက်အလက်များတွင် ဘင်္ဂလီမူဆလင် လူမျိုးများ အဖြစ် သုံးစွဲထားသည့် အတွက်အစိုးရမှ သတ်မှတ်ကြေညာထားသည့်အတိုင်း မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်းကို
သက်သေထူဖေါ်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်သည် ။
တချိန်တည်းမှာပင်မီဒီယာများနှင့် နိုင်ငံတကာများကိုပါ နိုင်ငံခြားရေးဝန်ကြီးဋ္ဌါနမှ အမိန်စာဖြင့် လုပ်ကြံဖန်တီးရေးသား ပြောဆိုနေကြခြင်းကို တားမြစ်သည်ဟုကြေညာချက်ထုတ်ပြန်လိုက်သည်ကိုလည်း ကြိုဆိုပါသည် ။
သို့ သော် ယခုလက်ရှိမြန်မာဘာသာဖြင့် ထုတ်ဝေနေကြသော ဂျာနယ်များ ၊ မီဒီယာများတွင်သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ မြန်မာနိုင်ငံမှာ  ၄င်း လူမျိုးမရှိကြောင်းကို ကြေညာပြောဆိုနေသည့်တိုင် ရေဒီိယိုများ ၊ မီဒီယာများကသုံးစွဲရေးနေကြဆဲ ဖြစ်သည် ။
ယခုကဲ့ သို့  လုံးဝဖန်တီးလုပ်ကြံမပြုလုပ်ကြပါရန် ကြေညာချက်ထုတ်ပြန်ထားသည့် တိုင် ဆက်လက်
ပြောဆိုရေးသးးနေသူများကို ထိရောက်စွာ ဥပဒေနှင့်အညီအရေးယူရန်လိုအပ်ပါကြောင်း ထောက်ပြ
လိုသည် ။
အကယ်၍ ပွဲဆူအောင်သက်သက်သာသမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာကို အသုံးချပြီး နောင်ပဋိပက္ခများအတွက်လောင်စာများ ထည့်ပေးနေကြမည်ဆိုပါက ဤပဋိပက္ခ၏ တစ်တ
ရားခံမှာမည်သူဖြစ်မည်နည်းဆိုသည်ကို ခန့် မှန်းပြောလာကြလျှင် သမိုင်းက အဆုံးအဖြတ်
ပေးကြမည်ဖြစ်ပါကြောင်း ။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
အရှင်စန္ဒသူရိယအီမေးဖြင့်ပို့ ပေးသည်။
 ark.sandarthuria@gmail.com
ရွှေမြန်မာ
No comments:
Post a Comment