Sunday 26 August 2012

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ အ၀တ် ဗလာနဲ့ တော်ဝင် သိက္ခာကျတဲ့အဖြစ်


ကမ္ဘာ့ စာနယ်ဇင်းလောကမှာ အခု ရေပန်း အစားဆုံးနဲ့ အငြင်းပွားမှု ဖြစ်နေတဲ့
ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီရဲ့ အ၀တ် ဗလာနဲ့ တော်ဝင် သိက္ခာကျတဲ့အဖြစ်ပါ။ တော်ဝင်မင်းသား ဟယ်ရီဟာ Las Vegas မြို့က ဟော်တယ် တခုမှာ အ၀တ်ဗလာနဲ့ သူ့ရဲ့ VIP အခန်းထဲမှာ
ဗီဂတ်စ်မြို့က သားစားငါးမန်းေ
တွလို ပျော်တော်ဆက်မလေးတွေနဲ့ ပျော်ပါးခဲ့ကြတာရယ်၊ လောင်းကစားမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ ရှုံးသွားတာတွေရယ်က ကမ္ဘာ့ သတင်းလောကမှာ ထိပ်တန်းသတင်း တပုဒ် လည်းဖြစ်လာပါတယ်။
ဒါပေမယ့် ဗြိတိန် မီဒီယာတွေမှာတော့ မင်းသား ဟယ်ရီရဲ့ အ၀တ်ဗလာနဲ့ ဓာတ်ပုံတွေ ပါမလာခဲ့ဘဲ ကာကွယ် တင်ပြမှုတွေ လုပ်ခဲ့တာဟာ မေးခွန်း ထုတ်စရာလည်း ဖြစ်နေပါတယ်။ ဗြိတိန် ဘုရင်မကြီးနဲ့ တော်ဝင် မိသားစုတော့ အရှက်လည်းကွဲ၊ မင်းသား ရှုံးတဲ့ အကြွေးတွေ ဆပ်ဖို့လည်း ခေါင်းပူနေရပါ တယ်တဲ့။ အင်တာနက် အွန်လိုင်းပေါ်မှာတော့ အောက်မှာပြထားသလို မင်းသား ဟယ်ရီနဲ့ တော်ဝင် မိသားစုကို သရော်ထားကြပါတယ်။

http://www.youtube.com/watch?v=U-vPB-z_7nc&feature=player_embedded
ဒါကတော့မင်းသားဟယ်ရီရဲ့ ပျော်ပါးနေတဲ့အကြောင်းပါ။

By ရိုးရာလေး

No comments:

Post a Comment