Sunday 26 August 2012

ရွှေကြက်ဖ ပန်းတစ်ရာ ရုပ်ရှင်ပွဲတော်သို့ ‘ပင်လယ်ထက်ကနေ၀န်းနီ’ ဇာတ်ကား သွားရောက်ပြသမည်


e7472(၂၁)ကြိမ်မြောက် ရွှေကြက်ဖ ပန်းတစ်ရာရုပ်ရှင် ပွဲတော်တွင် ‘ပင်လယ်ထက်ကနေ၀န်းနီ’ ရုပ်ရှင်ဇာတ်ကား ပြသမည်ဖြစ်ပြီး မြန်မာကိုယ်စားပြု အဖြစ် ဒါရိုက်တာ ပန်းချီစိုးမိုး၊ သရုပ်ဆောင်လူမင်း၊ ဦးရဲနိုင်စိုး (စတူဒီယို၃၅)၊ ဦးကျော်ဇင်သန့် (ဒုတိယ ညွှန်ကြားရေးမှူး
-မြန်မာ့ရုပ် ရှင်လုပ်ငန်း)တို့ သွားရောက်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပြသနိုင်ရန်အတွက် ဇာတ်ကားများ တောင်းခံလာသည့်အခါ မြန်မာနိုင်ငံ မှ ၂၀၁၀ ပြည့်နှစ် အကယ်ဒမီဆုရ ဇာတ်ကားများဖြစ်သည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကားနှင့် ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားများကို ပြန်လည်ပေးပို့ခဲ့ရာ ‘ပင်လယ်ထက်ကနေ၀န်းနီ’ ဇာတ်ကား ကိုရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ရွှေကြက်ဖပန်းတစ်ရာ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ Zhejiang တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ မတိုင်မီ ရိုက်ကူးထားသည့် မည်သည့် ဇာတ်ကားမဆို ပါဝင်ပြသနိုင်သည်ဟု သိရသည်။

By Eleven Media Group

No comments:

Post a Comment