Friday 24 August 2012

""ဒယ်အိုးဆရာတော်""ဥူးသုမင်္ဂလ တိုကျိုနာရီတာ လေဆိပ်မှာဘာတွေပြောခဲ့သလဲ


မြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိအသုံးပြုနေသော မြန်မာစာပေသည်
ရခိုင်မှအစပြုခဲ့ပြီးတဖြည်း ဖြည်း မြန်မာနိုင်ငံနေ
ရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော်
ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ
 ပြောကြားသွားခဲ့သည်ကို သိရသည်။


" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်တာဟာ ပထမဆုံးရခိုင်ပြည်ကို ရောက်တာပါ။ ရခိုင်ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။

 သီဟိုကျွန်းကို သာသနာရောက်လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ်မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာစရောက်ခဲ့ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေဟာလည်း ရခိုင်စာဖြစ်တယ်။

 ရခိုင်စာကို အခြေခံပြီး မြန်မာစာပြောင်းလိုက်တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာတစ်နိုင်ငံလုံးမှာ တာဝန်ရှိတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေသာမက မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာကွယ်တာဟာလည်း မြန်မာတစ်မျိုးသားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။

ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေးအရလည်းမဟုတ်၊ ဘာသာရေးအရ
လည်းမဟုတ်ဘဲ နယ်စပ်စည်းလုံခြုံမှုမရှိခြင်းကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ်ခုကြောင့်သာ ဖြစ်သည်ဟု ဆရာတော် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံးသပ်ထားသည်။

ယခုလူအများသိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ်အချာအဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊

 ဗမာ ဘုရင်ဘိုးတော်မောင်ဝိုင်း၏ မတရားကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ
၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အချာအာဏာကျဆုံးခဲ့သည် သိရသည်။

Arakan Times

ရွှေမြန်မာ

No comments:

Post a Comment