Friday 24 August 2012

ဆွီဒင်က အဆန်ဂ်ကို အမေရိကန်သို့ လွှဲပေးဖွယ်မရှိဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား


လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံနေသော ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်ကို ဆွီဒင်က အမေရိကန်သို့ လွှဲပေးဖွယ်မရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၂၂ ရက်တွင် ပြောကြား ခဲ့သည်။ အမေရိကန်တွင် သေဒဏ် ကျခံရနိုင်ခြင်း သို့မဟုတ် စစ်ဘက်တရားရုံးတွင် စစ်ဆေးခံရနိုင်ခြင်း အန္တရာယ်ရှိပါက ဆွီဒင်က
လွှဲပေးဖွယ်မရှိဟု သူကပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွီဒင်က အဆန်ဂ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစွဲချက်များဖြင့် စစ်ဆေးမေးမြန်းလိုနေပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

သြစတြေးလျအနေဖြင့် အဆန်ဂ်အမှုတွင် တရားစီရင်ရေးဘောင်ပြင်ပမှ ပါဝင်နိုင်ဖွယ်မရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဘော့ကားက ပြောကြားခဲ့သည်။ စတော့ဟုမ်းအနေဖြင့် အသက် ၄၁ နှစ်ရှိ ဟက်ကာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ သြစတြေးလျနိုင်ငံသား အဆန်ဂ်ကို အမေရိကန်သို့ လွှဲပေးဖွယ်မရှိကြောင်း ဘော့ကားက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွီဒင်က သေဒဏ်ကျခံရနိုင်သောသူ သို့မဟုတ် စစ်ဘက်၊ ထောက်လှမ်းရေးတို့နှင့် စစ်ဆေးမေးမြန်းခံရနိုင်သူတို့ကို လွှဲပေးမည်မဟုတ်ဟု ထုတ်ပြန်ထားပြီး ဖြစ်သည်။

အဆန်ဂ်က သူသည် ဆွီဒင်သို့ လွှဲခံရပါက ဆွီဒင်မှတစ်ဆင့် အမေရိကန်သို့ လွှဲခံရမည်ကို စိုးရိမ်နေသည်။ အမေရိကန်သို့သာလွှဲခံရပါက သူလျိုမှုစသည့်စွဲချက်များဖြင့် ရင်ဆိုင်ရဖွယ်ရှိပြီး သေဒဏ်ကျခံရနိုင်သည်။      
ဆွီဒင်တရားရေး ၀န်ကြီးအကြံပေးပါ ဟက်ဗောက အဆန်ဂ်ကိုလွှဲပေးရန် ၀ါရှင်တန်ဘက်မှ တောင်းဆိုမှုမရရှိသေးကြောင်းနှင့် အဆန်ဂ်တောင်းဆိုသော အာမခံချက်ကိုပေးရန်မှာ ၀ါရှင်တန်ကသာ ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဗြိတိန်တွင် နိုင်ငံခြားသံတမန်ရေးရာ မစ်ရှင်များကို လေးစားလိုက်နာရမည် ဖြစ်သည်။

ဗြိတိန်အနေဖြင့် အဆန်ဂ်ကို ဖမ်းဆီးနိုင်ရန်အတွက် အီကွေဒေါသံရုံး၏ သံတမန်ရေးရာကာကွယ်မှုကို ဖယ်ရှားရန် ခြိမ်းခြောက်နေမှုအား လက်တင်အမေရိကနိုင်ငံများက ရှုတ်ချထားသည်။

Ref:AFP

By Eleven Media Group

No comments:

Post a Comment