Friday 24 August 2012

ရခိုင်အရေး သုံးသပ်ချက် သမ္မတရုံး သဘောထား မဟုတ်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ရုံးမှပေးပို့သည့် သ၀ဏ်လွှာနှင့် အတုပူးတွဲပါရှိသည့် သုံးသပ်ချက်များသည် သမ္မတ၏ သဘောထား မဟုတ်ကြောင်း နိုင်ငံတော် သမ္မ တရုံး က ယနေ့
ထုတ်ပြန်သည်။ သမ္မတရုံး သုံးသပ်ချက်၌ ရခိုင်ပဋိပက္ခသည် ရခိုင်နိုင်ငံရေးပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် ရခိုင်ပြည်သူ တရပ်လုံး အပေါ် ပြင်းထန်သည့် စကားလုံး အသုံး အနှုန်းများဖြင့် ပုတ်ခတ်စွပ်စွဲထားသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ က ကန့်ကွက်သည့် အပြင် လူအများအပြား၏ ဝေဖန်ကန့်ကွက်မှု များ ထွက်ပေါ်ပြီးနောက် သမ္မတ ရုံး၏ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။ သ၀ဏ်လွှာပါ သုံးသပ်ချက်သည် သမ္မတ ၏ သဘောထား မဟုတ်ဟု ထုတ်ပြန်သော်လည်း မည်သည့် ဌာန၊ မည်သည့် အဖွဲ့ အစည်း၏ သဘောထား သုံးသပ်ချက်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။

By Irrawaddy

No comments:

Post a Comment