Wednesday 8 August 2012

လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံရွှေတွဆိပ်ဆုအများဆုံးရရှိထားသည့်အသင်းအဖြစ်ဆက်လက်ဦးဆောင်


ကျင်းပဆဲ လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် အများဆုံးရရှိထားသည့် အသင်းအဖြစ် တရုတ်နိုင်ငံ အိုလံပစ်အသင်းက ဆက်လက် ဦးဆောင်လျက်ရှိသည်။ တရုတ်အိုလံပစ်အသင်းသည်
ပြိုင်ပွဲအရပ်ရပ်တွင် ရွှေတံဆိပ် ၃၄ ဆု၊ ငွေတံဆိပ် ၂၀ ဆု၊ ကြေးတံဆိပ် ၁၆ ဆုဖြင့် စုစုပေါင်းဆုတံဆိပ် ၇၀ ရရှိကာ ဆုံတံဆိပ်ရရှိမှုဇယားတွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေဆဲဖြစ်သည်။
တရုတ်နိုင်ငံ၏ နောက်တွင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်တို့ကလည်း အစဉ်လိုက် ဆက်လက် ရပ်တည်နေသည်။ အိုလံပစ်ဆုံတံဆိပ်ရရှိမှု ဇယားတွင် ထိပ်ဆုံး ၁၀ နိုင်ငံ၏ ဆုတံဆိပ်ရရှိမှု အခြေအနေအား ဖော်ပြပါပုံတွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၎င်းဇယားသည် မြန်မာစံတော်ချိန် သြဂုတ် ၇ ရက် ည ၁၁း၃၀ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
By Planet Myanmar Network

No comments:

Post a Comment