Wednesday 8 August 2012

ရေဘေးဒုက္ခသည်တွေကို လှူတဲ့လူတွေကလှူတယ်၊ သိမ်းတဲ့သူတွေကသိမ်းတယ်


ပဲခူးတိုင်းဒေသကြီး က၀မြို့ နယ် အုန်နှဲစံပြကျေးရွာရှိ ရေနစ် မြှုပ်အိမ်ပေါင်း ၂၀၀ ကျော် လူဦး ရေပေါင်း ၆၀၀ ကျော်တို့အား ကျေးရွာအတွင်းရှိ လူမှုရေးအဖွဲ့ အစည်းနှင့် နယ်နယ်အရပ်ရပ်မှ  အလှူရှင်းများသွားရောက်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ (၅) ရက်နေ့ ညနေ့တွင် က၀မြို့နယ် အမျိုးသား   ဒီမိုကရေစီအင်အားစုပါတီမှ ကုသီန ရုံ ဇရပ်တွင်ခေတ္တနေထိုင်သော  ရေဘေးဒုက်္ခသည် (၇၇) ဦးနှင့် ရဲမနိုင် (ခ) အောင်ချမ်းသာရပ်ကွက်   အတွင်းရှိ ရေဘေးဒုက္ခသည် (၅၆)  ဦးကို ထမင်းထုပ်များသွားရောက်  လှူဒါန်းခဲ့ပြီး သြဂုတ်လ (၆) ရက် နေ့တွင် ပဲခူးမြို့စေတနာရှင်များ အဖွဲ့မှ စတီးပစ္စည်းတစ်စုံစီကို စက်ကူဖာဖြင့်ထည့်ကာ ရေဘေး ဒုက္ခသည်များထဲမှ (၂၁) ဦးကို ပေးအပ်လှူဒါန်းခဲ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့စေတနာရှင်များအဖွဲ့ မှ ရေဘေးဒုက္ခသည်များကို ပေး အပ်လှူဒါန်းခဲ့သော စတီးပစ္စည်း   (၂၁) စုံမှ (၈) စုံကို ဒေသခံ ရဲ၊ မီးသတ်၊ ကြံခိုင်ရေးပါတီ၊ ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည်း သိမ်းဆည်းသွားကြောင်း သိမ်း ဆည်းခံရသူရေဘေးဒုက္ခသည် (၈)  ဦးမှ ပြောကြားပါသည်။
အဆိုပါရေဘေးဒုက္ခသည်များ ကို(၆.၈.၂၀၁၂)ရက်နေ့မှစတင် ၍ အုန်းနှဲစံပြကျေးရွာ ပရဟိတ  လူငယ်များနှင့်လူမှုရေးကူညီမှု အသင်းတို့မှ ဦးဆောင်ပြီး  ကျေးရွာအတွင်းသို့လှည့်လယ်  အလှူခံကာ ရေနစ်မြှုပ် အိမ် ပေါင်း ၂၀၀ကျော် လူဦးရေပေါင်း  ၆၀၀ကျော်တို့အား ထမင်းဟင်း များ ချက်ပြုတ်လှူဒါန်းပေးရေ  သည်။တစ်နေ့တာ ဆန်(၅)တင်း  နှုန်း နေ့စဉ်ချက်ပြုတ်လှူဒါန်းနေ ရကြောင်း စုံစမ်းသိရှိရသည်။
By How News Weekly

No comments:

Post a Comment