Wednesday 8 August 2012

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်သို့ ပူးတွဲစစ်ရေးလေ့ကျင့်

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ အပါအဝင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်မှ သင်တန်းသားများ အပြန်အလှန် စေလွှတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အရ သိရသည်။ အိန္ဒိယနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ)
ပူးတွဲစစ်ဦးစီးချုပ်၊ အိန္ဒိယ ရေတပ်စစ်ဦးစီးချုပ် Admiral Nirnal Verma နှင့် ဒုတိယဗိုလ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၅-၈-၂၀၁၂ ရက်က အိန္ဒိယနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲ၌ နှစ်နိုင်ငံ တပ်မတော်အကြား ယခင်ထက် ပိုမိုရင်းနှီးစွာနှင့် ဆက်ဆံသွားရန်၊ အိန္ဒိယတပ်မတော် (ကြည်း)မှ မြန်မာတပ်မတော်(ကြည်း)တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်တစ်ခုတွင် လိုအပ်သည့် တိုက်ခိုက်ရေး နည်းပညာများ ပံ့ပိုးပေးသွားရန် စသည့်အချက်များကို သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းအား ခံယူခဲ့ပြီး မကြာမီကမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတမူခါဂျီနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
By International Social Network Myanmar

No comments:

Post a Comment