Wednesday 8 August 2012

Air Asia လေကြောင်းလိုင်း ဘန်ကောက်-မန္တလေး တိုက်ရိုက် ပျံသန်းမည်


ဘန်ကောက်၊ သြဂုတ်-၆

Air Asia လေကြောင်းလိုင်းသည် လာမည့်အောက်တိုဘာ ၄ ရက်မှစတင်၍ မန္တလေးနှင့် ဘန်ကောက်မြို့သို့
တိုက်ရိုက်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် ဘန်ကောက်ခရီးစဉ်ကိုလည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း Air Asia လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် Mr.Tassapon Bijleveld က ပြောသည်။

ဘန်ကောက်နှင့် မန္တလေးခရီးစဉ်ကို တစ်ပတ်လျှင် လေးကြိမ်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ခရီးသည် ၁၈၀ စီးနင်းနိုင်မည့် အဲဘတ်စ်အေ ၃၂၀ ဖြင့် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်နှင့် ဘန်ကောက်မြို့သို့ အသွားအပြန် လေယာဉ်ခရီးစဉ် တစ်ကြိမ်တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။

Air Asia လေကြောင်းလိုင်းသည် အရောင်းမြှင့်တင်မှုအစီအစဉ်ဖြင့် အောက်တိုဘာ ၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ဘန်ကောက်နှင့် ရန်ကုန်မြို့ သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၂ နှင့် ဘန်ကောက်နှင့် မန္တလေးမြို့သို့ စီးနင်းမည့် ခရီး သည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၉ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
By 7Day News Journal

No comments:

Post a Comment