Monday 1 July 2013

မြန်မာ့ဆက်သွယ်ရေးမှ GSM/WCDMA အားလုံးမှ နိုင်ငံခြားသို့ဖုန်းခေါ်ဆိုနိုင်ပြီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ GSM နှင့် WCDMA(3G)စနစ်သုံး မိုဘိုင်းဖုန်းများမှ နိုင်ငံခြားဖုန်းခေါ်ဆိုရန် FEC ငွေကဒ်များဖြည့်စရာမလိုတော့ဘဲ ၊
နိုင်ငံခြားခေါ်ဆိုခနှုန်းထားများအား မြန်မာကျပ်ငွေတမျိုးတည်းဖြင့် ကောက်ခံတော့မည် ဖြစ်သောကြောင့် GSM/CDMA ဖုန်းအားလုံးမှနိုင်ငံခြားသို့အလွယ်တကူခေါ်ဆိုနိုင်ပြီဖြစ်သည် ။ ယခင် နိုင်ငံခြားခေါ်ဆိုရန်အတွက် အဖ်အီးစီ ငွေဖြည့်သွင်းထားသည်များအားလည်း ယခင်နှုန်းထားတိုင်း အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ၎င်းငွေလက်ကျန် ကုန်ဆုံးမှသာ နိုင်ငံခြားခေါ်ဆိုခများအား မြန်မာကျပ်ငွေဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။ CDMA 800 နှင့် CDMA 450 မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်းများ၏ နိုင်ငံခြားခေါ်ဆိုခမှာ မူလအတိုင်း ပြောင်းလဲမှု မရှိသေးပဲ မကြာခင် ယခုကဲ့သို့ ပြောင်းလဲသွားမည်ပာု သိရှိရပါသည်။

Myanmar Mobile App Store ဆီမှကူးယူဖော်ပြပါသည်


No comments:

Post a Comment