Monday 1 July 2013

သင်္ကန်းကျွန်းမြို့နယ်တွင် သစ်လုံးတင်ယာဉ်မှ ဘရိတ်ပေါက်ကာယာဉ်(၈)စီးအားတိုက်မိ

ရန်ကုန်၊ ဇူလိုင် ၁

၃၀.၆.၂၀၁၃ ရက်နေ့ (၁၆၄၅)အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ လေးထောင့်ကန်လမ်းမရှိ ပြည်ထောင်စု ဂုံးကျော်တံတားအဆင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်

ဘက်မှ သင်္ဃန်းကျွန်း မြို့နယ်ဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်၊ (၂၂)ရပ်ကွက်နေ ယာဉ်မောင်း အေးမင်းဦး
(ဘ)ဦးစိုးလှိုင်၊မောင်းနှင်လာသော ၅ခ/---- နီဆန်းအမျိုးအစား
သစ်လုံးတင်ယာဉ်မှဘရိတ်ပေါက်ကာ

၅င/----Swift
အနက်ရောင်၊ ကက/---- Toyota အဌားယာဉ်အဖြူရောင်၊
BB/---- Toyota ငွေရောင်၊ ၈ဃ/---- လိုက်ထရက်အပြာရောင်၊
BB/---- Probox အဖြူရောင်၊ ၃ဃ/---- SURF ခဲရောင်၊
၎ဂ/---- Toyota ခဲရောင်၊ ၉င/---- SURF မီးခိုးရောင်
စုစုပေါင်းယာဉ် (၈)စီးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကက/---- Toyota အဌားယာဉ်ပေါ်ပါ
ဒေါ်အေးအေး၊ (ဘ)ဦးထွန်းရီ၊ လှိုင်သာယာမြို့နယ်နေသူတွင်
ဝဲမျက်စေ့၊ နဖူးနာကျင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်
ဆေးကုသလျက်ရှိပြီး ၄ဂ/---- Toyota ခဲရောင် တွင်လိုက်ပါလာသူ မောင်ဆန်းသစ်မင်းစန်း (၆)နှစ်၊

ဗဟန်းမြို့နယ်နေသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ
ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်
ဆေးကုသ လျက်ရှိပါသည်။

ယာဉ်တိုက်မှုဖြစ်ပွါးခဲ့သည့် သစ်လုံးတင်ယာဉ်မောင်းဖြစ်သူ
အေးမင်းဦး အားသင်္ကန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Posted From ရဲဇာနည်

Thit Htoo Lwin Blog ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment