Wednesday 26 June 2013

Time Magazine ကို လိုအပ်သလို အရေးယူရန် မေတ္တာရပ်ခံ

Time Magazine ပါ ဆောင်းပါးကြောင့်  မလိုလားအပ်သော ဘေးအန္တရာယ်များကျရောက်နိုင်သည့်အတွက် အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီအား Time Magazine ကို
လိုအပ်သလို အရေးယူဆောင်ရွက် နိုင်ရေး မေတ္တာရပ်ခံသွားမည်ဟု ဆုံးဖြတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံမှ သိရသည်။

ဇွန်လ ၂၅ ရက်နေ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Time Magazine ပါ The Face of the Buddhist Terror ဆောင်းပါးကြောင့် ပြည်တွင်းရှိ ဘာသာပေါင်းစုံ အကြား နားလည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေပြီး မလိုလားအပ်သော ဘေး အန္တရာယ်များ ကျရောက်နိုင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးရဲထွဋ်၏ ဖေစ့်ဘွတ်စာမျက်နှာ၌ ဖော်ပြထားသည်။

အရှင်ဝီရသူအနေဖြင့် အဆိုပါကိစ္စသည် အစိုးရ၏အခန်းကဏ္ဍဖြစ်သောကြောင့် ၎င်းအနေဖြင့် မည်သို့မျှ မပြောလိုဟု မိန့်ကြားထားသည်။

 “ဦးဇင်းကတော့ ဆောင်းပါးရေးတဲ့ Time ကသတင်းထောက်ကို အိတ်ဖွင့်ပေးစာပေးတော့မယ် အဲ့ဒါကို စောင့်ကြည့်နေကြပါလို့ ပြောချင်ပါတယ်။” ဟု အရှင်ဝီရသူက မိန့်ကြားလိုက်သည်။

ဇူလိုင်လ(၁)ရက်နေ့ ထွက်ရှိမည့် Time Magazine ၏ မျက်နှာဖုံးတွင် အရှင်ဝီရသူပုံနှင့်ထုတ်ဝေမည်ဖြစ်ပြီး
မဂ္ဂဇင်းပါ ဆောင်းပါးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မရုံးမှ Timeမဂ္ဂဇင်းအား ကန့်ကွက်ခဲ့ ကြောင်း သတင်းထုတ် ပြန်သည်။

မေလ(၂၄)ရက်နေ့တွင်လည်း လူမှုကွန်ရက်ဖြစ်သော Facebook စာမျက်နှာတွင် တိုင်းမဂ္ဂဇင်းအား ပြည်တွင်းသို့ တရားဝင်တင်သွင်းခွင့်ပိတ်ပင်ရန် မဲတောင်းခံခဲ့ရာ ၄၈ နာရီအတွင်း၌ မဲအရေအတွက် ငါးသောင်း ရခဲ့သည်။

ဆန္ဒထုတ်ဖော်နေကြသည့် တိုင်းမဂ္ဂဇင်းအား ပြည်တွင်းသို့တရားဝင်တင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ Time မဂ္ဂဇင်းဖတ်သူတစ်ဦးမှ၎င်းအနေဖြင့် တင်သွင်းခွင့် ပိတ်ပင်ခြင်းကို မထောက်ခံကြောင်း ယခုကဲ့သို့ ဆိုသည်။

“ဒီကိစ္စကမဖြစ်သင့်ပါဘူး ဆောင်းပါးတစ်ပုဒ်ထဲနဲ့ မဂ္ဂဇင်းကို ပိတ်မယ်ဆိုရင်တော့ ဒါမလုပ်သင့်တဲ့ကိစ္စပါပဲ။” ဟုTime မဂ္ဂဇင်းပုံမှန်ဖတ်နေသူတစ်ဦးက ဆိုသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီအား  နိုင်ငံတော် သမ္မတမှ  ၂၀၁၃ ခုနှစ် မတ်လ (၃၀)ရက်နေ့၌  ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီး ကော်မတီ၏  လုပ်ငန်းတာဝန်များ၌ လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်ဟု ပါရှိသည်။

By ShweMyitMaKha Media Group

No comments:

Post a Comment