Wednesday 26 June 2013

"တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း ဖြန့်ဝေခြင်းမပြုရန် ကြေညာချက်ထုတ်"

ရန်ကုန်၊ ဇွန် ၂၅

ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊

မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ကြေညာချက် အမှတ် ၁/
၂၀၁၃ ကို ယနေ့ ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကြေညာချက်မှာ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့် အညီ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ
ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို
မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုရန် ဖော်ပြထားကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၀၈၀၀ နာရီတွင်ကျင်းပခဲ့သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိ ရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့ ( ၅/ ၂၀၁၃) အစည်းအဝေးမှ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြထားသည့် The Face of the Buddhist Terror ဆောင်းပါးပါအချက်အလက်များသည် ပြည်တွင်း၌ တည်ဆောက်နေသော ဘာသာပေါင်းစုံအကြားနားလည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေနိုင်သည့်အပြင် မလိုလားအပ်သော ဘေးအန္တရာယ်များကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ နှင့် ၃၆၄ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကိုလည်း ဖောက်ဖျက်ရာကျရောက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရသည့် အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီက လိုအပ်သလိုအရေးယူဆောင်ရွက်ပေး နိုင်ရန် မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

PP

By Popular Myanmar News Journal

No comments:

Post a Comment